Departures

မန္တလာမြေကနေတစ်ရက်တာ မင်းကွန်းဒေသကို ခရီးသွားကြမယ်

missing
Photo - Sithu Lwin

အခုလို တန်ဆောင်တိုင်ရာသီ ကျောင်းတွေပိတ်၊ ရုံးတွေပိတ်တဲ့အချိန်အခါမှာ မိသားစုလိုက်ပဲဖြစ်ဖြစ်၊ ဘော်ဒါ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ခရီးစဉ်တွေ ရေးဆွဲနေတဲ့သူတွေ ၊ ယဉ်ကျေးမှုရဲ့ နောက်ဆုံးခံတပ် မန္တလေးမြို့ကို အလည်အပတ်လာဖို့ ရွေးချယ်ထားသူတွေအတွက် မန္တလာမြေကနေ တစ်ရက်တာ ခရီးစဉ်အဖြစ် မင်းကွန်းဒေ သခရီးစဉ်ကို ညွှန်းဆိုပေးလိုက်ပါတယ်



စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ရှေးဟောင်းဒေသဖြစ်တဲ့ မင်းကွန်းဒေသကို ကုန်းလမ်း ကား၊ ဆိုင်ကယ်နဲ့ ဖြစ်ဖြစ် ၊ ရေကြောင်းလမ်းကနေ မော်တော်နဲ့ဖြစ်စေ နှစ်မျိုးသွားရောက်နိုင်မှာဖြစ်ပါတယ်



ကား၊ဆိုင်ကယ်နဲ့ ဆိုရင်တော့ စစ်ကိုင်းတောင်ရိုးက ဘုန်းတော်ကြီးကျောင်းတွေကို ပတ်လို့ ဧရာဝတီမြစ်ကမ်း တစ်လျှောက်အတိုင်း လေညှင်းလေးတွေကို ခံစားပြီးသွားရမှာပါ။ မင်းကွန်းဒေသသွားလမ်းမှာ နာမည်ကြီး တဲ့ အစားအစာတစ်ခုကတော့ ခိုတောင်မုန့်တီ ပေါ့။ ရွာနာမည် 'ခိုတောင်' ကို အစွဲပြုလို့ ခိုတောင်မုန့်တီ လို့ နာ မည်ကြီးတာပါ။ မင်းကွန်းဒေသကို သွားရင်တော့ မဖြစ်မနေ ခဏတာ နားခိုပြီး စားသောက်ရမယ့်အစားအစာ တစ်ခုပါပဲ။မုန့်တီကြိုက်သူတွေအတွက်ကတော့ အနည်းဆုံးနှစ်ပွဲလောက် ဆက်တိုက် လွေး (စား) ကြမှာအ သေချာပါပဲ။


ခရီးလမ်းတစ်လျှောက်မှာ ရှေးဟောင်းသမိုင်းဝင် ရေကန်ကြီးတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ အပြင် မြစ်ကမ်း ဘေးက  ကျေးရွာတွေရဲ့ ဓလေ့တွေ၊ စိမ်းပြာရေညှိထုတ်လုပ်ရာ နေရာကိုပါ ဝင်ရောက် လေ့လာလို့ရပါတယ်။

ရေကြောင်းလမ်းကနေ တညိမ့်ညိမ့်ခံစားပြီး မော်တော်လေးနဲ့ သွားချင်တဲ့သူတွေအတွက်ကတော့ မရမ်းခြံဆိပ် ကမ်းကနေ သွားရမှာဖြစ်ပါတယ်။ မင်းကွန်းဒေသခံတွေ ကုန်စည်ကူးသန်းရောင်းဝယ်တဲ့ ပေါင်းစီးမော်တော် လေးတွေနဲ့ လိုက်ပါလို့ရသလို သီးခြားအနေနဲ့ စင်လုံးငှားပြီး သွားလို့လဲရပါတယ်။


မရမ်းခြံဆိပ်ကမ်းမှာ ပြည်တွင်းပြည်ပ ရေယာဉ်ပို့ဆောင်ရေးအသင်းက မော်တော်အစီးရေ ငါးဆယ်ကျော် နဲ့ လိုက်ပါပို့ဆောင်ပေးနေပါတယ်။အခုလို ခရီးသွားရာသီမှာ နေ့စဉ် နိုင်ငံခြားသားဧည်သည်တွေအလာများသလို  ပြည်တွင်းဧည်သည်တွေလဲ အလာများတယ်လို့ အသင်းတာဝန်ရှိသူကဆိုပါတယ်။
ရေကြောင်း နဲ့သွားမယ်ဆိုရင်တော့ မြစ်အတွင်း ကူးလူးသွားလာနေကြတဲ့ စက်လှေတွေ မော်တော်တွေ ခုတ် မောင်းသံတွေကို စည်းချက်တစ်ခုလို ခံစားရင်း မြစ်ကမ်းနံဘေး သဘာဝအလှအပတွေကို ခံစားပြီး လေကောင်း လေသံတွေကို ရှုရှိုက်ခံစားရမှာပါ။

နိုင်ငံခြားသားအများစုကတော့ မော်တော်နဲ့ သွားကြပါတယ်။မင်းကွန်းဒေသကို ဆိုက်ရောက်တော့မယ်အချိန် မှာပဲ မင်းကွန်းပုထိုးတော်ကြီးနဲ့ မြစ်ကမ်းက ဘုရားရဲ့သက်ပယ်မှုတွေက မော်တော်နဲ့ လိုက်ပါလာသူတွေကို လှုပ်လှုပ်ခပ်ခပ်ဖြစ်အောင် ကနဦးစွဲဆောင်လိုက်ပါတယ်။


မြစ်ကမ်းကနေ မော်တော်ဆိုက်ရောက်တာနဲ့ မြေခနေတဲ့ ခြင်္သေ့ရုပ်တုကြီးတွေရဲ့ အပိုင်းအစတွေကလဲ တမူ ထူးခြားစွဲဆောင်လို့ပေ့ါ။


၁၇၉၀ ပြည့်နှစ် မှာ ဘိုးတော်ဘုရားတည်ဆောက်ခဲ့တဲ့ ပုထိုးတော်ကြီးရဲ့ ထုထည်ကြီးမားမှုကလဲ ကမ္ဘာ့ကျော် နေဆဲပါပဲ။ ၁၅၂ မီတာ (၄၉၉ ပေ) အမြင့်ထိ ဆောက်လုပ်ရန် ရည်ရွယ်ခဲ့တဲ့ ပုထိုးတော်ကြီးအတွင်းမှာ  ရွှေဆင်း တု ၁,၅၀၀ ၊ငွေဆင်းတု ၂,၅၃၄ အပြင် အခြား ဌာပနာ ၃၇,၀၀၀ ကို ဌာပနာခဲ့ပြီး တည်ဆောက်မှုရပ်ဆိုင်းခဲ့ချိန် မှာ မီတာ ၆၀ ( ၁၉၈ ပေ) ထိသာ တည်ဆောက်ပြီးစီးနိုင်ခဲ့ပါတယ်။


၁၈၃၈ ခုနှစ် ငလျင်ကြောင့် ပုထိုးတော်ကြီးရဲ့ ပထမ အဆစ်မှာ အောက်ဘုရားဆောင်အတွင်း ပြိုလဲကျပြီး ပုထိုး တော်ကြီးရဲ့ရှေ့က ခြင်္သေ့ကိုယ်ထည်၊ ဂဠုန်နှုတ်သီး နဲ့ ဂဠုန်တော်ကြီး အမာတစ်စုံလည်း ပျက်ဆီးခဲ့ရတယ်လို့ သမိုင်းအထောက်အထားတွေက ဆိုပါတယ်။ 


နောက်ထပ် မင်းကွန်းခေါင်းလောင်းတော်ကြီးကလဲ မင်းကွန်းဒေသအတွက် ဂုဏ်ဆောင်သလို နိုင်ငံတော် အတွက် လဲဂုဏ်ဆောင်နေတဲ့ ခေါင်းလောင်းကြီးပါ။၁၁၇၀  ပြည်နှစ်မှာပဲ ဘိုးတော်ဘုရားရဲ့ အမိန့်နဲ့ ပန်း တဉ်းဝန်မဟာနန္ဒကျော်သူက ကြပ်မက်ပြီးသွန်းလောင်းခဲ့တာပါ။


ခေါင်းလောင်းကြီးသွန်းလုပ်ရာမှာ ကြေးညိုကို မဏ္ဍိုင်ထားပြီး ကြေးသားထဲမှာ ရွှေစ၊ငွေစ၊ ကြေးနီ၊ကြေးဝါ၊ ဘော်၊ သံကျွတ် ဓာတ်သတ္ထုတွေပါဝင်တာကြောင့်  'ဓာတ်မီးလာဘ်ရှိ' တဲ့ ခေါင်းလောင်းတော်ကြီးပါ။ ကြေး အလေးချိန် ပိဿာပေါင်း ၅၅၅၅၅ ကုန်ကျ သွန်းလုပ်ခဲ့တာကြောင့် လွယ်ကူစွာမှတ်သားနိုင်စေဖို့ ' မင်း- ဖြူ- မှန်-မှန်-ပြော' လို့ သင်္ကေတတစ်ခုတည်ထွင်ခဲ့ပါတယ်။

ခေါင်းလောင်းတော်ကြီး အဝအချင်း ၁၆ ပေ ၉ လက္မ၊ လုံးပတ်အချင်း ၅၁ ပေ ၃ လက္မ၊ အစောက် ၂၀ ပေ  ၃ လက္မ၊ အထူ ၁ ပေ  ၇ လက္မ၊ အမြင့် ၂၇ ပေ ၈ လက္မ ထိရှိပါတယ်။


မင်းကွန်းဒေသရဲ့ ထူးခြားတဲ့ ဘုရားတစ်ဆူကတော့ သမိုင်းဝင်ရှေးဟောင်းမြသိန်းတန်စေတီတော်ကြီးတစ်ဆူပါ။ ခေတ်အဆက်ဆက်အရ ' ရှင်ဖြူဘုရား' ၊ 'ဆင်ဖြူမယ်ဘုရား' ၊ 'မြသိန်းတန်ဘုရား' လို့ အမည်သုံးမျိုးတွင်ခဲ့ပါ တယ်။

ဘုရားတည်ဆောက်ခဲ့ရာမှာ တာဝတိ ံသာနတ်ပြည်က ' စူဋ္ဌာမဏိစေတီတော်' ကို ရည်မှန်းလို့ ဖိနပ်တော် အ ချင်း ၂၁၄ တောင်၊ ဉာဏ်တော်မြင့် ၃၂၁ ပေ တည်ဆောက်ထားခြင်းပါ။စေတီတော်ကြီးရဲ့ အောက်ခြေ ကနေ တရွေ့ရွေ့မြင့်တက်လာတဲ့ ရေလှိုင်းသဏ္ဍန်  ပစ္စယာ ၇ ဆင့်၊ သီတာ ၇ တန်၊ တောင်ရံ ၇ လုံးကို ရည်ရွယ် ထားတာပါ။ပြည်တွင်း ပြည်ပ ဧည့်သည်တွေကို အထူးစွဲဆောင်နေတဲ့ ဘုရားတစ်ဆူအဖြစ်ရှိနေပါတယ်။


မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ အသုံးအဆောင်ပစ္စည်း၊ စာပေပေစ္စည်းတွေကို ပြတိုက်သဖွယ်ပြုလုပ်ပြသ ထားတဲ့ ကျောင်းဆောင်ကိုလည်း ဝင်ရောက်လေ့လာနိုင်အုံးမှာဖြစ်ပါတယ်။
မင်းကွန်းဒေသမှာ အနုပညာ ပန်းချီပြခန်းတွေ၊ ဒေသရဲ့ လက်မှုလုပ်ငန်းတွေကလည်း လာရောက်လည်ပတ် သူတွေကို အထူးဆွဲဆောင်နေပါတယ်။ မင်းကွန်းဒေသကို မော်တော်နဲ့ သွားရောက်လည်ပတ်လေ့လာတဲ့သူတွေအတွက် အထူးအခွင့်အရေးတစ်ခု ကတော့ ဧရာဝတီလင်းပိုင်တွေကို သွားရောက်ကြည့်ရှု့နိုင်အုံးမှာဖြစ်ပါတယ်။ လင်းပိုင်ကြည့်ချင်သူတွေကို ဒေသခံတွေက လင်းပိုင်တွေကို ခေါ်ယူပေးပါတယ်။ ဧရာဝတီလင်းပိုင်တွေက အောက်တိုဘာလကနေ မေလ အတွင်းမှာသာ  လာရောက်ကြတာပါ။

နောက်တစ်ခုကတော့ သုံးဆယ်ပေးကျေးရွာမှာ ထုထည်လုံးပတ်ကြီးမားတဲ့ တိုင်အလုံးရေ ၂၄၀ နဲ့ တည် ဆောက်ထားတဲ့ ရှေးဟောင်း ကျောင်းဆောင်ကြီးကို ဝင်ရောက်လေ့လာရင်း ကျေးရွာရဲ့ လက်မှုလုပ် ငန်းတွေ ကိုပါ လေ့လာခွင့်ရမှာဖြစ်ပါတယ်။


မြန်မာ သာမက ကမ္ဘာကပါ အသိအမှတ်ပြုထားရတဲ့ ရှေးဟောင်းအမွေအနှစ်တွေ အများအပြားနဲ့ ရိုးရာလက် မှုအနုပညာတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ မင်းကွန်းဒေသကို တစ်ရက်တာ ခရီးစဉ်အနေနဲ့ ညွှန်းဆိုလိုက် ပါတယ်။

Sithu Lwin is a freelance writer and a photographer, having worked for the Myanmar Consolidated Media Co. Ltd for 15 years. He has ever written many news articles and travel features, a lot of stories on government business and urban affairs for the company's flagship newspaper The Myanmar Times. As well, Sithu Lwin wrote about food and drugs for both English and Myanmar editions of the paper. On the sideline, he worked as a photographer for Now magazine, another publication of the media company, coming up with photographs of models' activities and art events for it. Based in Mandalay, he was also a staff member with the distribution unit of the company, before he jumped on the bandwagon of its editorial team in early 2011.

0Comments

Leave a Comments