Standout

မြန်မာ့ရိုးရာလက်မှုပစ္စည်းလုပ်ငန်းဆက်လက်ရှင်သန်ရေးအတွက်ဆေးတစ်ခွက်

missing
Photo - Phyo Thiha

ကျွန်မတို့ မြန်မာ့ရိုးရာလက်မှုလုပ်ငန်းတွေဟာ ဝယ်လိုအားနည်းပါးမှု ဈေးကွက်ကျယ်ပြန့်မှု အားနည်းလာမှုတွေကြောင့် တဖြေးဖြေးနဲ့ ပျောက်ကွယ်စပြုလာနေပါတယ်။ ရိုးရာပစ္စည်းတွေ ဝယ်လို အား မရှိတဲ့အခါမှာ လုပ်ငန်းရှင်တွေဟာလည်း ပစ္စည်းအနည်းငယ်ထုတ်ပြီး ဈေးနှုန်းအပေါ်မှာ တိုးမြှင့်ရောင်းချရတဲ့ အခြေအနေမျိုးဖြစ်ပေါ်နေပါတယ်

ဒါကြောင့် မြန်မာ့ရိုးရာ လက်မှုအနုပညာ ပစ္စည်းတွေ ဟာ မြန်မာပြည်သူတွေအကြားမှာတောင် မှေးမှိန်ပျောက်ကွယ်လုနီးပါး ဖြစ်လာခဲ့ပါပြီ။   ရိုးရာလက်မှုပစ္စည်းဈေးကွက်ဝယ်လိုအားနည်းပါးလာမှု၊ ဈေးနှုန်းမြင့်မားမှု စတာတွေဟာလက်မှုပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေအတွက် လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေဖြစ်သလို အခြား တဖက်မှာလည်း ကုန်ကြမ်းရှားပါးမှုက စိန်ခေါ်မှုသဖွယ်ရှိနေပါတယ်

ဒီလိုအချိန်မျိုးမှာ ကွယ်ပျောက်လုနီးပါးဖြစ်နေတဲ့ မြန်မာ့ရိုးရာလက်မှုပစ္စည်းတွေကို အင်တာနက်ပေါ်မှာတင် အလွယ်တကူ ရှဖွေဝယ်ယူလာနိုင် တာဟာ အင်မတန်မှ စိတ်ဝင်စားစရာကောင်းပါတယ်။ အချို့မြန်မာ့မှုပစ္စည်းတွေဟာဆိုရင် ပြင်ပဈေးကွက်တွေမှာတောင် မတွေ့ရတော့ပါဘူး။   ဒီဝန်ဆောင်မှုကိုပေးနေတာက Yoeyarzay-ရိုးရာဈေးလို့ အမည်ရှိတဲ့ e-commerce website တစ်ခုဖြစ်ပါတယ်။ အဲ့ဒီမှာဆိုရင် ရိုးရာပစ္စည်း လုပ်ငန်းနဲ့ ပြည်တွင်းထုတ်ကုန်တွေကို ဝယ်ယူ လို့ရနေ ပါပြီ။ ဒါဟာမြန်မာမှု အနုပညာကို တန်ဖိုးထားချစ်မြတ်နိုးသူတွေအတွက်တင် မကပါဘူး။ လုပ်ငန်းရှင်တွေနဲ့လက်မှုပညာရှင်တွေ အတွက်လည်း ဝမ်းသာစရာသတင်းပါ။ရိုးရာဈေးဆိုတဲ့ ဝက်ဆိုက်ဒ် ဟာ လွန်ခဲ့တဲ့ အောက်တိုဘာလကမှ လူမှုကွန်ယက်စာမျက်နှာထက်မှာ တရားဝင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်အားလုံးကို မထင်မှတ်လောက်အောင်ပဲ စွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီဝက်ဆိုက်မှာဆိုရင် မြန်မာ့ရိုးရာလက်မှုပစ္စည်းတွေသာမကဘဲ မြန်မာပြည်တွင်းထွက် လက်မှုပစ္စည်းတွေကိုပါ လေ့လာနိုင် ဝယ်ယူနိုင်ပါတယ်။   '' ဝယ်လိုအားမရှိဘူး၊ဈေးကွက်လည်း ကျဉ်းတယ်ဆိုရင် ပစ္စည်းအများကြီး မထုတ်နိုင်ဘူး။ ထုတ်တဲ့ပစ္စည်းနည်းနည်းကိုလည်း ကုန်ကျမှုစရိတ်အလိုက် ဈေးနှုန်းတင်ပြီး ရောင်းကြမယ်။ ဒီတော့ ရိုးရာ ပစ္စည်းတွေကဈေးကြီးတယ်ပေါ့။ ဝယ်လိုအားကကျရော။ ဒါကြောင့် ဈေးကွက်ကျယ်ပြန့်ပြီး ဝယ်လိုအားကောင်းမယ်ဆိုရင် ဈေးနှုန်းကလည်း ပုံမှန်ဖြစ်သွားမယ်'' လို့ ရိုးရာဈေးe-commerce platform ကို စီစဉ်နေတဲ့  MOSD ကုမ္ပဏီရဲ့မန်နေဂျင်းဒါရိုက်တာ ဒေါက်တာအောင်ဟိန်းက လုပ်ငန်းအတွေ့အကြုံကို သုံးသပ်ပြောပြပါတယ်။   အခုဆိုရင် ့ရိုးရာဈေး Ecommerce website မှာ  vendor ပေါင်း (၆၀)ဝန်းကျင်ရှိနေသလို ရိုးရာလက်မှုပစ္စည်းအမျိုးပေါင်းလည်း (၆၀) နီးပါးရှိနေပါပြီ။ vendor တွေဟာ ရောင်းချလိုတဲ့သူတို့ရဲ့ လက်မှုပစ္စည်းတွေကို ့ရိုးရာဈေးဝက်ဆိုက်ဒ်မှာ လိုအပ်တဲ့ အချက်အလက်အပြည့်အစုံနဲ့အတူ စာရင်းပေးသွင်းပြီး ဈေးနှုန်းသတ်မှတ်ပြီး တိုက်ရိုက်ရောင်းချတာပါ။ အွန်လိုင်းအသုံးမပြုတတ်ပါကလည်း ့ရိုးရာဈေးရုံးတည်ရှိရာကို  တိုက်ရိုက်ဆက်သွယ် လုပ်ဆောင်နိုင်ပါသေးတယ်။ အဲဒီနောက်မှာတော့ဝက်ဆိုက်ဒ်မှာ စာရင်းသွင်းလာတဲ့ ပစ္စည်းတွေကို ရိုးရာဈေးကနေ ကြော်ငြာပေးပြီး ပစ္စည်းရောင်းချရမှသာ ဈေးနှုန်းအပေါ်မူတည်ပြီး  vendor တွေဆီကနေ ရာခိုင်နှုန်းသတ်မှတ် ရယူတာဖြစ်ပါတယ်။ အခြားငွေကြေးကောက်ခံမှုမရှိဘူးလို့ သိရပါတယ်။ ရိုးရာဈေးဝက်ဘ်ဆိုက်မှာ ဥ ပဒေအရကန့်သတ်မထားတဲ့ တရားဝင်မြန်မာပြည်တွင်းထွက်ပစ္စည်းတွေကို စာရင်းသွင်း ရောင်းချနိုင်ပါတယ်။   မြန်မာ့ရိုးရာပစ္စည်းတွေကို အချိန်ကုန် သက်သက်သာသာနဲ့ လူမှုကွန်ယက်ကနေ ပြည်တွင်းသာမက ပြည်ပနိုင်ငံတွေထိပါ သိရှိစေနိုင်ခြင်းဟာ လက်မှုလုပ်ငန်းတွေ၊ ပညာရှင်တွေအတွက်တော့ များစွာအကျိုးဖြစ်ထွန်းစေသလို ရိုးရာအမွေအနှစ်တွေပြန်လည်ဦးမော့လာဖို့ရာလည်း အထောက်အပံ့ကောင်း တစ်ခုဖြစ်ပါတယ်။   လက်ရှိမှာဆိုရင် မန္တလေးတိုင်းဒေသကြီး၊ရန်ကုန်၊မြိတ်၊ရခိုင်၊မုံရွာ၊ကယားစတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက vendor တွေနဲ့ ချိတ်ဆက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ ယခင်က အွန်လိုင်း ဈေးကွက်ဖော်ဆောင်တာကိုသာ လုပ်ဆောင်နေတာဖြစ်ပြီး အခုတော့ offline လည်းစတင်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။   '' လက်မှုလုပ်ငန်းတွေကို ထိန်းသိမ်းချင်တယ်၊ ရှင်သန်စေချင်တယ်ဆိုရင် ပြည်တွင်းဖြစ်ကို မြန်မာပြည်သူတွေအဓိကအားပေးမှသာရှင်သန်နိုင်မယ်။ တချို့ပစ္စည်းတွေမှာ နိုင်ငံခြားကို မယှဉ်နိုင် တာရှိသလို ယှဉ်နိုင်တာလည်းရှိတယ်။ ဒါကြောင့် ကိုယ့်ပြည်တွင်းထွက်က အရည်အသွေးကောင်းရင် အားပေးဖို့လိုမယ်'' လို့ သူကထပ်မံဆိုပါတယ်။   ရိုးရာဈေးမှာ ရောင်းချထားတဲ့ပစ္စည်းအရည်အသွေးပိုင်းနဲ့ ပတ်သက်လို့လည်းအသေးစိတ်ရှင်းပြထားသလို၊ ဈေးနှုန်းပါ ဖော်ပြထားတာကြောင့် ဖောက်သည်တွေအနေနဲ့ စိတ်ကြိုက် စဉ်းစားရွေး ချယ်နိုင်ပါတယ်။ ယင်းအပြင် မကြာသေးခင်ကမှဖွင့်လှစ်လိုက်တဲ့ရန်ကင်းမြို့နယ်ထဲက ရတနာပုံ ၂၄ နာရီအလင်းဆိုင်မှာ ရှိတဲ့ ရိုးရာဈေးလှည်းလေးမှာလည်း သွားရောက် လေ့လာနိုင်ပါသေးတယ်။ ပြခန်းဖွင့်လှစ်ဖို့လည်းစီစဉ်နေတယ်လို့ ဆိုပါတယ်။   ရိုးရာဈေး၏ ပထမဆုံးအဓိကရည်ရွယ်ချက်က ပြည်တွင်းဈေးကွက်ကို ထိုးဖောက်ဖို့ဖြစ်ပြီးဒုတိယအအဆင့်အဖြစ် ပြည်ပအထိ ဈေးကွက် ချဲ့ထွင်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါပြီ။ရိုးရာဈေးမှာ ပြည်တွင်း သာမက  ပြည်ပခရီးသွားဧည့်သည်တွေဟာ ကျောက်သင်ပုန်း၊ ထန်းခေါက်ဖာ၊ ရုပ်သေးရုပ်စတဲ့ ရိုးရာပစ္စည်းစစ်စစ်တွေကို အိမ်တွင်း အလှဆင်ဖို့ပဲဖြစ်ဖြစ် အမှတ်တရ လက်ဆောင် အတွက်ပဲဖြစ်ဖြစ် အများဆုံး ဝယ်ယူမှုရှိနေကြပါတယ်။   နိုင်ငံခြားသားအများစုကတော့ ဝက်ဆိုက်ကနေ မှာယူကြပြီး ပြည်တွင်းဝယ်ယူသူတွေကတော့ ဖုန်းဆက်မှာယူကြသလို ဖေ့ဘုတ်မှတဆင့် မှာယူကြပါတယ်။ နောက်ပိုင်းမှာ ရိုးရာဈေး application ထုတ်ဖို့ရှိတယ်လို့ ဒေါက်တာအောင်ဟိန်းက ဆိုပါတယ်။   ရိုးရာဈေးမှာ ဝယ်ယူလိုက်တဲ့ပစ္စည်းတစ်ခုနဲ့ပတ်သက်ပြီး အရည်အသွေးမပြည့်မီပါကဝယ်ယူပြီး (၁၄) ရက်အတွင်းမှာ ပြန်လည်လဲလှယ်ခွင့်ရှိပါတယ်။ လတ်တလော ့ရိုးရာဈေးရဲ့ ပစ္စည်းဝယ်ယူသူ (၁၀) ဦးထဲမှာ နိုင်ငံခြားသားတစ်ဦး ပါဝင်နေပါတယ်။ ဒါ့အပြင် ့ရိုးရာဈေးဟာ ''မြန်မာ့ရိုးရာပစ္စည်းတွေ'' ကို တစ်နေရာထဲမှာ စုံစုံလင်လင် လေ့လာတွေ့ရှိနိုင်တဲ့ online shopping တစ်ခုဖြစ်ပါတယ်။        

Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments