Travel Sector Updates

ရန်ကုန်ရဲ့ ပထမဆုံး ရှမ်းသင်္ကြန်ပွဲ

missing
photo - Shan Youth Culture Association

ဧပြီလ ၇ ရက်နေ့ ၊ညနေပိုင်းက ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ကျင်းပခဲ့တဲ့ ရန်ကုန်ရောက် ရှမ်းတိုင်းရင်းသားများရဲ့ ပထမဆုံးအကြိမ် ရှမ်းသင်္ကြန်ပွဲတော်ကို ရှမ်းဝတ်စုံ(ပင်နီရောင်)၀တ်ဆင်တက် ရောက်သူများရှိသလို အခြားသော ကာလာမတူတဲ့ ရှမ်းဝတ်စုံတွေနဲ့လည်းတက် ရောက်ခဲ့ကြတာကိုတွေ့ရ ပါတယ်



အဆိုပါ ရှမ်းသင်္ကြန်ပွဲတော်ဟာ ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ်ကျင်းပတာဖြစ်ပြီး ပွဲကိုပါဝင်ဆင်နွှဲခဲ့တဲ့ ဧည့်သည်တွေကိုလည်း ရှမ်းရိုးရာအကအလှတွေ ၊ရှမ်းအိုးစည် တီးခတ် ဖျော်ဖြေခဲ့သလို ရှမ်း အစားအစာတွေနဲ့ ပါ စတုဒီသာအဖြစ် ကျွေးမွေးဧည့်ခံခဲ့ကြပါတယ်

ဒီပွဲကို ရှမ်းစာပေနဲ့ယဉ်ကျေးမှု အသင်း(ရန်ကုန်) ဦးဆောင်မှုနဲ့ ရန်ကုန်ရောက်ရှမ်းတိုင်းရင်းသားများစုပေါင်းဖွဲ့စည်းထားတဲ့ ရှမ်းအသင်းဖွဲ့ (၁၀) ဖွဲ့ ၀န်းကျင် ပူးပေါင်းပြီး ကျင်းပခဲ့တာပါ။ ကျိုင်းတုံ၊ သီပေါ ၊ ရှမ်းတိုင်းရင်းသား အက အဖွဲ့ (၃) ဖွဲ့က ရှမ်းတိုင်းရင်းသားအကတွေနဲ့ ကပြ ဖျော်ဖြေခဲ့ကြပါတယ်။
 
ညနေ ၃ နာရီကနေ ည ၇ နာရီထိ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပြီး ရှမ်းတိုင်းရင်းသားများအတွက် တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ရတဲ့ ပွဲအဖြစ်လည်း ဖန်တီးနိုင်ခဲ့ပါတယ်။
 
“နောက်နှစ်တွေမှာသင်္ကြန်ရက်အတွင်းကျင်းပနိုင်အောင် အတတ်နိုင်ဆုံးစီစဉ်သွားမယ်” လို့ လည်း ပွဲတော်ဖြစ်မြောက်ရေးတာဝန်ခံ ကိုစိုင်းထက်ဘုန်းနေက ဆိုပါတယ်။
 



Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments