Travel Sector Updates

ရန်ကုန်မြို့ပတ်ရထား အငှားယာဉ် YPS ကတ်စနစ်၊ မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးစီမံကိန်းတို့ကို Yangon Investment Forum 2018 တွင် ထည့်သွင်းဆွေးနွေး

missing
photo - Theingi Htun

Yangon Investment Forum 2018 ကို ယနေ့ (မေလ ၉ ရက်နေ့) တွင် ရန်ကုန်မြို့ ရှိ နိုဗိုတယ်ဟိုတယ်၌ နံနက် ၉ နာရီတွင် စတင် ကျင်းပခဲ့သည်။

အဆိုပါ Forum တွင် ရန်ကုန်မြို့သစ်စီမံကိန်း ၊ ရန်ကုန်မြို့ပတ်ရထားစီမံကိန်း၊အငှားယာဉ်၊ Yangon Payment Serviceကဒ်စနစ် ၊မြို့ပြအမွေအနှစ် ထိန်းသိမ်း မည့် စီမံကိန်း၊ကုန်းတွင်းဆိပ်ကမ်းတည်ဆောက်မည့်စီမံကိန်း၊ဈေး များ အဆင့်မြှင့်တင်ခြင်း စီမံကိန်းစသဖြင့် စီမံကိန်းများနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားခဲ့သည်



ယင်းစီမံကိန်းများသည် ရင်းနှီးမြုပ်နှံရန် အကောင်းဆုံးသောစီမံကိန်းများဖြစ်ပြီး ရင်းနှီးမြှုပ်နှံရန်အတွက် မူ ဘောင်ဆိုင်ရာများ၊အခွန်ဆိုင်ရာ လိုက်နာရမည့်ကျင့်ထုံး အကြောင်းများကိုပါ သက်ဆိုင်ရာ ဌာနများက ရှင်းလင်း ဆွေးနွေးခဲ့ကြသည်



ဘဏ္ဍာနှစ် ၁၉၈၈-၁၉၈၉မှ ၂၀၁၇-၂၀၁၈ အထိ နိုင်ငံခြားရင်းနှီးမျြုပ်နှံမှုလုပ်ငန်းပေါင်း ၈၄၅ ခုရှိပြီး အမေရိကန်ဒေါ်လာသန်း ၂၀၂၇၅.၈၄၇ ရရှိခဲ့ပြီး ၁၉၉၄-၁၉၉၅ မှ ၂၀၁၇-၂၀၁၈ အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၅၈၅ ခုရှိပြီး ငွေကျပ် သန်းပေါင်း ၆၉၉၀၃၁၃.၉၅၃အထိ ရရှိခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံသို့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုများထဲတွင် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန် တိုင်းဒေသကြီးသည် ရင်းနှီးမြှုပ်နှံမှုစီးဝင်မှု အများ ဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။

ရန်ကုန်မြို့သည် မြန်မာနိုင်ငံတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ရန်အတွက် အခြေခံ အဆောက်အအုံ များ စွာ ပြည့်စုံမှုရှိပြီး၊ အခြားသော မြို့များနှင့်လည်း ချိတ်ဆက်မှုအား အကောင်းဆုံးဖြစ်သည့် စီးပွားရေး အခြေစိုက်ရန်မြို့တစ်မြို့ဖြစ်သည်။ ရန်ကုန်တိုင်း ဒေသကြီးတွင် စက်မှုဇုန်ပေါင်း ၂၉ နှင့် အထူးစီးပွားရေးဇုန် အနေဖြင့် သီလဝါအထူးစီးပွားရေးဇုန် ၁ ခုရှိသည်။


Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments