Travel Sector Updates

ကယားပြည်နယ်အတွင်း နယ်မြေ နှစ်ခုကို ခရီးသွား ကန့်သတ်နယ်မြေစာရင်းမှ ပယ်ဖျက်

missing
Photo - Phyo Thiha

ကယားပြည်နယ်အတွင်း ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားသော ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) ဖော်ဆောင် ထားသည့် ပန်းပက်ကျေးရွာအုပ်စု ၊တနှီးလာလဲ ကျေးရွာ အုပ်စုတို့ကို ကန့်သတ် ဧရိယာစာရင်းမှ ပယ်ဖျက်ပြီးဖြစ်သဖြင့် ခွင့်ပြုချက်တောင်းခံစရာမလိုဘဲ ပြည်ပခရီးသွားဧည့် သည်များသွားရောက်နိုင်ပြီဖြစ်သည်



၄င်းနေရာများအပါဝင် ထိုင်း-မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ဘော်လခဲ ၊ဖားဆောင်း နှင့် မယ်စဲ့မြို့ များကိုလည်း သွားရောက် လေ့လာလည် ပတ်နိုင်ပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွား လာရေး ဝန်ကြီးဌာန ကဇန်နဝါရီ ၁၆ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြေငြာခဲ့သည်

Advertisment
advertisment



“ အရင်ကစာတင်ခွင့်ပြုချက်တောင်းရတယ်။ ရက်အရမ်းကပ်တာမျိုးဆိုအဆင်မပြေဘူး။ဒါ့ကြောင့် ကန့်သတ်စာရင်းကနေ ပယ်ဖျက်ဖို့ အကုန်ုလုံး ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာပါ” ဟု ဟိုတယ်နှင့် ခရီးသွားညွှန် ကြားမှုဦးစီးဌာန(ကယားပြည်နယ်) လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ်က ဆိုသည်။

အဆိုပါ CBT ဖော်ဆောင်ထားသည့် ပန်ပက်ကျေးရွာတွင် ကယန်း(ခေါ်)ပဒေါင်လူမျိုးများကို လေ့လာနိုင် သလို ၄င်းတို့၏ရိုးရာဓလေ့များ၊ ရိုးရာတံခွန်တိုင် ၊ရိုးရာယက်ကန်း အတတ်ပညာ ၊ကြေးလက်စွပ်-လက်ကောက် အစရှိသည့် ပစ္စည်းလက်တွေ့ပြုလုပ်ပြသမှုများ၊ ရိုးရာအစားအစာစစ်စစ်၊ ရိုးရာတူရိယာဖြင့် သီဆိုဖျော်ဖြေမှုများကို လေ့လာနိုင်မည်ဖြစ်သည်။ ကယားလူမျိုးများနှင့် ကယန်းလူမျိုးများ၏ ယင်းအချက်များကပင် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များကိုဆွဲဆောင်နိုင်ခြင်းဖြစ်သည်။

 ပန်ပက်ကျေးရွာမှ ခရီးစဉ်တစ်ဆက်တည်းဖြစ်သည့် ကန်ခုနှစ်ဆင့် ၊ထီးပွင့်ကန်၊ငွေတောင် ဆည်၊ ရက်ခြားဖွင့်လှစ်ရောင်းချသည့် ဒီမော့ဆိုဈေးတို့ကိုပါ လေ့လာလည်ပတ်ပြီး ဒေသထွက် ကယားဝက် အူချောင်းများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများလည်း ဝယ်ယူနိုင်မည် ဖြစ်သည်။

ကယားပြည်နယ်ခရီးစဉ်သည် ၂၀၁၆ ခုနှစ် ဂျာမနီနိုင်ငံတွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ခရီးသွားပြပွဲ(ITB)တွင် Diamond Award ဆုလည်း ရရှိခဲ့သည်။ ကယားပြည်နယ်သို့၂၀၁၇ ခုနှစ်တွင် ပြည်တွင်း ခရီးသွားဧည်သည် သုံးသောင်းကျော် ဝင်ရောက်ခဲ့ကြောင်းသိရသည်။

Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

1Comments

  1. Aung Thein Naing2018-01-29 02:35:11

    good sence

Leave a Comments