Travel Sector Updates

ကရင်ပြည်နယ်အတွင်း ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် တံတာ ခြောက်စင်း ပြန်လည်ပြင်ဆင်ပြီးစီးပြီဖြစ်

missing
Photo - Supplied

ကရင်ပြည်နယ်အတွင်း ရေကြီးမှုနှင့် ရေတိုက်စားမှုများ ဖြစ်ပေါ်မှုကြောင့် ပျက်စီးမျောပါသွားခဲ့သည့် တံတားများအနက် တံတား ၆ စင်းကို ဘေလီ အစားထိုးတံတားများ၊ ပျက်စီးတံတားများကို ပြန်လည်တည်ဆောက်မှုတို့မှာ ရာနှုန်းပြည့်ပြီးစီးမှုရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာမှုအရ သိရသည်



ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့မှစ၍ ကရင်ပြည်နယ်အတွင်း ဘားအံ ၊လှိုင်းဘွဲ့ ၊ဖာပွန် ၊ကော့ကရိတ်နှင့် မြ၀တီမြို့နယ်များတွင် ရေတိုက်စားခြင်း ၊ရေကြီးနစ်မြုပ်ခဲ့မှုကြောင့် လူဦးရေသောင်းဂဏန်း အထက် ရေဘေး သင့်ဒဏ်ခံစားနေရပြီး လမ်းပန်းဆက်သွယ်ရေးအနေဖြင့်လည်း တံတားများ ၊လမ်းမများ၊ နေအိမ်အဆောက်အဦးများ ပျက်စီးယိုယွင်းမှုများစွာ ဖြစ်ပေါ်ခဲ့သည်



ရေဘေးသင့်ဒဏ်ခံ ပြည်သူများကို ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာ အစိုးရပိုင်း နှင့် ပရဟိတ အဖွဲ့ အ စည်း များ အပါအ၀င်ဒေသခံ လူမှုကူညီရေးအဖွဲ့များကလည်း ကူညီကယ်ဆယ် ထောက်ပံ့ ရေး များ လုပ်ဆောင် လျက်ရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာနမှလည်း ပျက်စီးသွား သည့်တံ တားကို အမြန် ဆုံးပြန် လည်ဖွင့် လှစ် ပေးနိုင်ရန် တည်ဆောက်လျက်ရှိသည်။

လက်ရှိတွင် ပျက်စီးသွားသည့်တံတားများအနက်မှ ထီလုံ - တာဘောင် - နဘူး - ကော့ကရိတ် လမ်း ၊ မိုင်တိုင် အမှတ် (၂၅/၄- ၂၆/၁) ရှိ ပေ (၅၀) သစ်သားတံတားကို ပေ (၆၀) D/S ဘေလီ တံတားအဖြစ်၎င်း၊ (၂၆/၁- ၂၆/၆) ရှိ ပေ (၄၀) သစ်သားတံတားကို ပေ (၅၀) D/S ဘေလီ တံ တားအဖြစ် တံတားတစ်စင်းကို ၁၀ ပေစီထပ်တိုးပြီး ပြန်လည်တည် ဆောက်ထားပြီး မိုင်တိုင် အမှတ် (၃၄/၀) ရှိ (၁၀)ပေ အုတ်ခုံတံတား ပျက်စီးမှုကိုလည်း ၂၅ ပေ ရှည်သောသစ်သားတံတား အဖြစ်ပြန် လည်တည်ဆောက်ထားသည်။

ထို့အတူ လှိုင်းဘွဲ့ - ရှမ်းရွာသစ် လမ်း  ၊မိုင်တိုင် အမှတ် (၁၀/၆- ၁၀/၇) ရှိ (၁၀) ပေ RC တံတားအစား ပေ (၇၀) S/S ဘေလီတံတားအဖြစ်၎င်း၊ မိုင်တိုင် အမှတ် (၁၄/၂- ၁၄/၃) ရှိ (၆၀) ပေ RC တံတားပျက်စီးမှုကို ပေ (၆၀) S/S ဘေလီတံတားအဖြစ် ပြန်လည်တည်ဆောက်ထားပြီး သံဖြူဇရပ် - ဘုရားသုံးဆူ လမ်း ၊ မိုင်တိုင် အမှတ် (၄၅/၀- ၄၅/၁) ရှိ (၆၀) ပေ RC တံတားကို  ပေ (၉၀) D/S ဘေလီတံတားအဖြစ် ပြန်လည်တည်ဆောက်ထားကြောင်းသိရသည်။

အဆိုပါတံတားများ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ထီလုံ -တာဘောင် -နဘူး -ကော့ကရိတ် လမ်းပေါ်ရှိ တံတား ၃ စင်း ပျက်စီးမှု ပြန်လည် တည်ဆောက်နေမှုမှာလည်း မကြာမီကာလတွင်ပြီးစီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ယနေ့ နေ့စွဲ(၁.၈.၂၀၁၈) ဖြင့် ထုတ်ပြန်ကြေငြာထားသည်။

သံလွင်တံတား ချဉ်းကပ်လမ်းနှစ်ဘက် ရေကျော်နေသော နေရာသည် ရေအနည်းငယ် လျော့ကျနေပြီ ဖြစ်သည့်အတွက် (၆) ဘီးကားနှင့်အထက် ယာဉ်ကြီးများ ဖြတ်သန်းသွား လာနိုင်ပြီဖြစ်သော် လည်း ယာဉ်ငယ်များ ဖြတ်သန်း၍ မရနိုင်သေးဟုလည်း ကရင်ပြည်နယ် ၊လမ်းဦးစီးဌာန မှ ကြေငြာထားသည်။



Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments