Travel Sector Updates

ကီလိုမီတာပေါင်း ၄၇.၅ ခန့်ရှည်မည့် မိုးပျံလေးလမ်းသွားအမြန်လမ်းမကြီး ရန်ကုန်မြို့တွင် ဖော်ဆောင်မည်

missing
Photo: Yangon International Airport Facebook



ကီလိုမီတာပေါင်း ၄၇.၅ ခန့်ရှည်လျားသော မိုးပျံလေးလမ်းသွား အမြန်လမ်းမကြီး  ရန်ကုန်မြို့တွင် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြိးဌာန၊လမ်းဦးစီးဌာန ထုတ်ပြန်ကြေငြာ ချက် အရ သိရသည်။

အဆိုပါ စီမံကိန်း ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဆောက်လုပ် ရေးဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ညှိနှိုင်းပြီး Public Private Partnership(PPP) အစီအစဉ်ဖြင့်  ဖော်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်

၎င်းသည် ရန်ကုန်မြို့တွင်း ၊ ရန်ကုန်ဆိပ်ကမ်း ၊ ၊ရန်ကုန်အပြည်အပြည်ဆိုင်ရာလေဆိပ် ၊မင်္ဂလာဒုံ စက်မှုဇုန်နှင့် ရန်ကုနု - မန္တလေး အမြန်လမ်းတို့ကို ဆက်သွယ်ပေးသွားမည်ဖြစ်သည်။

မိုးပျံလေးလမ်းသွားအမြန်လမ်းမကြီး စီမံကိန်းကို အပိုင်းလိုက် ခွဲပြီး PPP တင်ဒါများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး World Bank အဖွဲ့ဝင် International Finance Corporation ၏ အကူအညီဖြင့် ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်သည်

PPP ရင်းနှီးမြှုပ်နှံသူရွေးချယ်မှုကို International competitive tender မှတစ်ဆင့် ယခုနှစ်ကုန်ပိုင်းတွင် စတင်သွား မည်ဖြစ်ကြောင်းလည်း ရေးသားဖော်ပြထားသည်။

လတ်တလောတွင်  စီမံကိန်းဒီဇိုင်းရေးဆွဲခြင်းဆိုင်ရာ၊ engineering ပိုင်းဆိုင်ရာကဏ္ဍ၊ ငွေကြေးဆိုင်ရာ ဘဏ္ဍာ ရေးကဏ္ဍ၊ စီမံကိန်းတည်ဆောက်ခြင်း၊ စီမံကိန်းလည်ပတ်ခြင်းနှင့် ပြုပြင်ထိန်း သိမ်းခြင်းဆိုင်ရာကဏ္ဍများ အ တွက် စီမံကိန်းကို PPP concession agreement အရ စိတ်ဝင်စားသောပြည်တွင်း၊ ပြည်ပမှရင်းနှီးမြှုပ်နှံ လို သူများကို ရှာဖွေလျက်ရှိသည်။ ၄င်းစီမံကိန်းကို စိတ်ဝင်စားသည့် ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် စိတ်ဝင်စားမှု အဆိုပြုလွှာများကို ဇွန်လ ၂၉ ရက်နေ့နောက်ဆုံးထားပေးပို့နိုင်ကြောင်းသိရသည်။

ရင်းနှီးမြှုပ်နှံလိုသူများသည် လွန်ခဲ့သော ၃ နှစ်အတွင်းက bank statement များ၊ ဘဏ္ဍာရေး ဆိုင်ရာရှင်းတမ်း များအပါအ၀င် အခြားသော လိုအပ်ချက်များပါ အဆိုပြုလွှာတွင် တပါတည်းပေးပို့ရ မည်ဖြစ်ကြောင်းလည်း ရန်ကုန်မိုးပျံအမြန်လမ်းမကြီး ppp စီမံကိန်း စိတ်ဝင်စားမှု ဖော်ပြခြင်းလျှောက်လွှာ (EOI) ခေါ်ယူသည့် ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။

အဆိုပါ PPP စီမံကိန်းဖော်ဆောင်မည့်ကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်မြို့တွင်နေထိုင် သူအချို့က မှတ်ချက်ပေးကြသည်။   ပုဂ္ဂလိက၀န်ထမ်းအဖြစ် လုပ်ကိုင်လျှက်ရှိသည့် ကိုကျော်နိုင်က “စောင့် ကြည့်ပါအုံး မယ်။ တကယ်ဟုတ်မဟုတ် ။ ဘယ်တော့ ဖြစ်လာမလဲပေါ့။ တကယ်ဖြစ်လာမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ ”  ဟု ပြောသကဲ့သို့ ရန်ကုန်ဇာတိဖွား ကိုမြတ်ကိုလင်းကလည်း “ ဒီ အစီအစဉ်က ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘတ်ဂျက်တော့ အတော်ကုန်မယ် ထင်တာပဲ။ တခြားနေရာတွေမှာ လိုအပ်ချက်တွေရှိတယ်လို့ထင်တယ်” ဟုဆိုသည်။



Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments