Travel Sector Updates

ခရီးစဉ်ဒေသများနှင့်ပတ်သက်သည့် ရှမ်းပြည်နယ်ရှိ www.visitinle.com ၀က်ဆိုက်ဘ် လွှင့်တင်

missing
Photo: www.visitinle.com



ရှမ်းပြည်နယ်ရှိ ခရီးစဉ်ဒေသများနှင့်ပတ်သက်သည့် အကြောင်းအရာများကို လေ့လာနိုင်မည့်   www.visitinle.com ကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ရှမ်းပြည်နယ်)က သြဂုတ်လ ၁ ရက်နေ့တွင် စတင်ထုတ်လွှင့်ခဲ့သည်။

အဆိုပါ ၀က်ဆိုက်ဘ်တွင် ရှမ်းပြည်နယ်အတွင်း ပြည်တွင်း၊ပြည်ပ ဧည့်သည်များ လာရောက်နိုင် မည့် ခရီးစဉ်ဒေသများ အပါအ၀င် ဒေသတွင်း သဘာဝတောတောင်ရှု့ခင်းများ၊ ရေတံခွန်များ၊ ဂူများ၊ ဒေသတွင်း တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာဓလေ့ထုံးစံများ နှင့် လိုင်စင်ရဟိုတယ်/ တည်းခိုရိပ် သာများ၊ ခရီးသွား ကုမ္ပဏီများ၊ စားသောက်ဆိုင်များ၏ တည်နေရာများကိုပါ ဖော်ပြထားကြောင်း သိရသည်



“ဒီဝက်ဆိုက်ဘ်ကို လွန်ခဲ့တဲ့ ၂ နှစ်ကျော်ထဲက  စီစဉ်လာခဲ့တာ။အခုတော့ တရားဝင်လွှင့်နိုင်ပြီ။အဓိက ရှမ်းပြည်နယ်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ရည်ရွယ်တယ်။ GIZ နဲ့ ပူးပေါင်းပြီးလုပ်ခဲ့တာပါ” ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တောင်ကြီးရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်မှ ပြောဆိုထားသည်

Advertisment
advertisment



ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံရှိ ပြည်နယ်များထဲတွင် အကြီးဆုံးသော ပြည်နယ်တစ်ခု ဖြစ်သည်။ တိုင်းရင်းသားလူမျိုး (၃၃) မျိုး နေထိုင်ကြပြီး ယင်း တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေး မှုဓလေ့ထုံးစံများ၊ တောတောင်သဘာဝရှုခင်းများ၊ ရေတံခွန်များ၊ သဘာဝ အမွေအနှစ် အင်းလေးကန်  စသဖြင့် ကမ္ဘာကျော်သည့် ဒေသတစ်ခုဖြစ်သည့်အပြင် လည်ပတ်ရန်ကောင်းသည့် ရာသီဥတု မျိုးဖြစ်သဖြင့် ပြည်တွင်း ၊ ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ နှစ်စဉ်မြှင့်တက်လျှက်ရှိသည်။

အချို့သော ခရီးစဉ်ဒေသနေရာများတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ သဘာဝအရင်း အမြစ်များနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများ ပျက်စီးမှုဖြစ်ပေါ်ခဲ့သလို စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများလည်း ရှိနေသည်။ သို့အတွက်ကြောင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရန်ဆောင်ရွက်သလို သဘာဝအရင်းအမြစ်များကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများမဖြစ်ပေါ်စေဖို့လည်း ဒေသခံအပါအ၀င် ၊ခရီးသွားဧည့်သည်များ ၊ခရီးသွားအသင်းအဖွဲ့အားလုံးပူး ပေါင်းလုပ်ဆောင်ရန်လိုအပ်ကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းနှင့် ခရီးသွားဧည့်သည်အချို့က သုံးသပ်ပြောဆိုမှုများရေနေကြသည်။

“ ခရီးသွားတွေကလည်း လွယ်လွယ် အမှိုက်စွန့်ပစ်တယ်။ဒေသခံ၊ ဈေးဆိုင်တွေ ဒီလိုများတယ်။တချှို့ဆို့ အမှိုက်မပစ်ရဆိုတဲ့ ဆိုင်းဘုတ်အောက်မှာကို အမှိုက်ပုံဖြစ်နေတယ်။ဒါတော့ လူတစ်ယောက်ရဲ့အသိတရားနဲ့ဆိုင်သွားပြီ။တစ်ဦးတစ်ယောက်ထဲလုပ်လို့လည်းမရဘူး။ဝန်ကြီးဌာန တစ်ခုထဲလုပ်နေလို့လဲမရဘူး။အားလုံး သက်ဆိုင်ရာ ထောင့်ပေါင်းစုံကနေ ပါဝင်မှရမယ်။သဘာဝပတ် ၀န်းကျင်ကိုလည်းထိခိုက်တယ်။ကြာလာရင် နိုင်ငံပုံရိပ်ကိုလည်း ထိခိုက်စေနိုင်တယ်။” ဟု ပြည်တွင်း ခရီးသွားတစ်ဦးဖြစ်သူ ကိုထွန်းထွန်းမင်းက ခရီးသွားတစ်ယောက်အရဖြစ်စေ၊ ပြည်သူတစ်ယောက်အနေနှင့်ဖြစ်စေ ထိုသို့ အကြံပေးပြောဆိုခဲ့သည်။


Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments