Travel Sector Updates

ခရီးသွားများကို ဆွဲဆောင်မည့် ရန်ကုန်၊ မန္တလေး၊နေပြည်တော် လမ်းလျှောက်သင်္ကြန်ပွဲများ

missing
Photo - THEINT MON SOE (aka J)

ပြီးခဲ့သည့် ၂၀၁၇ခုနှစ် မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲအား  ပြည်တွင်းပြည်ပ ခရီးသွားများအကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီးနောက် ယခုနှစ် သင်္ကြန်ကာလတွင်လည်း လမ်းလျှောက်သင်္ကြန် ပွဲများကို မြန်မာနိုင်ငံ မြို့ကြီးများတွင် ကျင်းပမည်ဟု ကြေညာချက်များ အသီးသီးထွက်ရှိခဲ့သည်



နေပြည်တော်တွင် မြို့တော်ဝင်သင်္ကြန်မဏ္ဍပ်အပါအဝင် မဏ္ဍပ်ပေါင်း (၂၂) ခု ဆောက်လုပ်သွားမည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်နှင့်် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကိုလည်း ကျင်းပမည်ဟု သိရသည်

Advertisment
advertisment


မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြေငြာချက်အရ နန်းမြို့ရိုး ကျုံးတောင်ဘက်တွင် လမ်းလျှောက်သင်္ကြန်ကို ကျင်းပမည်ဖြစ်သည်။ မြန်မာနိုင်ငံကာတွန်းဆရာများအသင်း၏ ရေစိုခံ ကာတွန်းပြပွဲလည်း ပါဝင်ပြသမည်ဖြစ်သည်။ နန်းမြို့ရိုးအရှေ့ဘက်တွင် ည ၇နာရီမှ ၁၁ နာရီ အတွင်း တောသင်္ကြန် ညဈေးခင်းကျင်းမည်ဟုသိရသည်။ ထိုတောသင်္ကြန်ညဈေးတွင် ဖြေဖျော်မှု အစီအစဉ်များ ပါရှိမည်ဖြစ်သည်။

အဆိုပါမြို့ကြီးများအနက် တမြို့အပါအဝင်ဖြစ်သော ရန်ကုန်မြို့၏ မဟာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ကျင်းပပြီး နိုင်ငံတကာက စိတ်ဝင်စားသည့် နှစ်သစ်ကူးပွဲတော် ဖြစ်လာစေရန် မျှော်မှန်းထားကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တွေ အားလုံးထဲမှာ ခရီးသွားလုပ်ငန်းတွေကိုတိုးမြှင့်စေချင်တယ်။ စီးပွားရေးလုပ်ငန်းတွေကို ပြန်ပြီးတိုးမြှင့်စေချင်တယ်။ နိုင်ငံတကာရဲ့အမြင်နဲ့ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေဟာ မတူညီဘူး ဆိုတာကို လက်တွေ့ကျကျ ပြသနိုင်ဖို့အတွက် စနစ်တကျဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပမှုတွေကိုလည်း တစ်နှစ်ထက် တစ်နှစ် ပိုမိုစည်ကားသိုက်မြိုက်အောင် ဆောင်ရွက်သွားမှာ ဖြစ်သလို လစဉ်လတိုင်းမှာလည်း တကယ့်ကို နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ တိုးမြှင့်လာနိုင်ဖို့အတွက်လည်း ဈေးပွဲတော်ကြီးတွေ၊ အခြားအခြားသော မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်တွေကို ကျင်းပနိုင်ဖို့အတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု၄င်းက ပြောသည်။


Nyein Nyein has been with some publications including Envoy News Journal, Tomorrow News Journal and Unity Journal as a reporter.  She wrote a number of lifestyle articles and news stories and now focusing on travel and trade areas.

0Comments

Leave a Comments