Travel Sector Updates

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ လင်းနို့ဂူတွင် တည်းခိုဆောင်များ ဧပြီလတွင် ဖွင့်ရန်မျှော်လင့်

missing
Photo - Than Htay


စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ လင်းနို့ဂူတွင် ခရီးသွားဧည့်သည်များ ညအိပ်တည်းခိုပြီး အပန်းဖြေနားနေနိုင်စေရန် လိုအပ်တဲ့ အဆောက်အဦးများ ဆောက်လုပ်လျှက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကော်မတီ ဦးသန်းဌေးထံမှသိရသည်



လင်းနို့ဂူတွင် အဆောက်အဦးများ ဆောက်လုပ်မှုများ ပြီးစီးသွားလျှင် အပန်းဖြေစခန်းသဖွယ် အနားယူ တည်းခိုနိုင်စေရန်အတွက် တရားဝင်ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် ဖွင့်ပွဲကို ယခုနှစ် ၂၀၁၈ ခုနှစ် ဧပြီလ အတွင်း ဖွင့်လှစ်ရန် မျှော်လင့်ထားကြောင်း သိရသည်



“ အခု ညအိပ်တော့ မပေးသေးဘူး။ လိုအပ်တာတွေ လုပ်နေတုန်းမို့ပါ။ လေ့လာလို့ရမယ့် ပြခန်းကတော့ ခုကတည်းက နေ့တိုင်းပြသထားမှာပါ ”ဟု ၄င်းကပြောသည်။

အဆိုပါ လင်းနို့ဂူသည် ရွှေဘို- မြစ်ကြီးနားကားလမ်းဘေး၊ အရှေ့ဘက် ၅ မိုင်အကွာတွင် တည်ရှိသည့် သဘာဝ ဂူဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်နေချိန် ဖြစ်သည့်အတွက် ယင်းဂူကိုလည်း အပန်းဖြေစခန်းအဖြစ် ဖော်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ညအိပ်တည်းခိုခြင်း ခွင့်မပြုနိုင်သေးသော်လည်း နေ့ပိုင်းတွင် လာရောက် အပန်းဖြေအနားယူရင်း လေ့လာနိုင်စေမည့် လင်းနို့ဂူပြခန်း ဖွင့်လှစ်ပြသမည်ဖြစ်သည်။ ယင်းပြခန်းတွင် နှစ်ပေါင်း ၂၈၀ ဝန်းကျင် သစ်တောတံဆိပ်ပါ ခုနှစ်အလိုက် သစ်တုံးများ ၊တောရိုင်းတိရိစ္ဆာန်များ၏ ဦးချိုများ ၊အရိုးစုများ အပါအဝင်စစ်ကိုင်းတိုင်းဒေသကြီး သစ်တောများတွင်ပွင့်ဖူးကြသည့် တောပန်း၊တောင်ပန်းပုံများ စသည်တို့ကို ပြသထားမည် ဖြစ်ကြောင်းသိရသည်။



Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments