Travel Sector Updates

ပုဂံဒေသရှုခင်း ကြည့်ရှုနိုင်မည့် ကုန်းမြေကန်ဘောင် သုံးခု ပြီးစီး ခုနှစ်ခု ထပ်မံဖော်ဆောင်မည်

missing
Photo - San Lin Tun Facebook

ပုဂံဒေသရှုခင်း၊ နေထွက်ချိန်၊နေဝင်ချိန် ကြည့်ရှုနိုင်မည့် ကုန်းမြေကန်ဘောင် (၇) ခု ထပ်မံဖော်ဆောင်ရန် စီစဉ်ထားကြောင်းပြီး လက်ရှိတွင် ရှုခင်းကြည့်ရှုနိုင်မည့် ကုန်းမြေကန်ဘောင် (၃) ခု ဖော်ဆောင်ထားသည်ဟု ညောင်ဦးခရိုင် ၊ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က ပြောကြားချက်အရ သိရသည်



၄င်းကန်ဘောင် သုံးခုမှာ အမြင့်ပေ ၁၇ ပေ၊အလျား ၁၈၀ ရှိ လူဦးရေ ၃၆၀ ကြည့်ရှုနိုင်သည့် ကိုမောက်ကန်ဘောင်၊အမြင့်ပေ ၁၆ ပေ၊အလျား ၅၀ဝ ရှိ လူဦးရေ ၁၀ဝ၀ ဆံ့ ညောင်လက်ဖက် ကန်ဘောင် နှင့် အမြင့် ၁၇ ပေ၊အလျား ၁၆၈ ရှိ စူဋ္ဌာမဏိကုန်းမြေတို့ ဖြစ်သည်

Advertisment
advertisment



အဆိုပါ မြေသား ကန်ဘောင် သုံးခုမှာ အနောက်ဖွားစောရွာအနီး နှင့် စူဋ္ဌာမဏိဘုရားအနီးတွင် တည်ရှိသည်။

“ နောက်ထပ် ကုန်းတွေဖော်ဖို့ စမ်းသပ်မှုတွေ လုပ်ရမယ် ။ အမွေအနှစ်ကို ထိခိုက်နိုင်မလား စသဖြင့်ပေါ့ ”ဟု ဦးခင်ဇော်က ပြောသည်။

ယင်းအပြင် ပုဂံဒေသရှိ ဘုရားစေတီပုထိုးများမှာ နှစ်သက်တမ်းအားဖြင့် ကြာမြင့်ပြီဖြစ်သည့်အတွက် ကြံ့ခိုင်မှုအားနည်းလာသည့်အပြင် သဘာဝဘေးအန္တရာယ်ဒဏ်ကိုလည်း ခံထားရသောကြောင့် ဘုရားများပေါ် တက်ရောက်ခွင့်ကို တားမြစ်ခဲ့ပြီး ရှုခင်းကြည့်ရှုနိုင်မည့် ယခုကဲ့သို့ ကန်ဘောင်များ ဖောင်ဆောင်ကာ ကြည့်ရှုစေခဲ့ခြင်းဖြစ်သည်။

“ဘုရားဆိုတာ ဗုဒ္ဒဘာသာဝင်တွေအတွက် အထွတ်အမြတ်ထားတဲ့ အရာပါ။ ဘုရားပေါ်တက် အရက် သောက်တာ ၊ဖိနပ်စီးတာဘယ်လိုမှ မသင့်လျော်ပါဘူး။ ”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်(ပုဂံ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ဆိုသည်။

ထို့အပြင် ဘုရားပေါ်တက်ရောက်မှုမှ ခရီးသွားဧည့်သည် ပြုတ်ကျသည့်ဖြစ်စဉ် လေးကြိမ်ရှိခဲ့ပြီး တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ စက်တင်ဘာလအထိ ယင်းကုန်းမြေကန်ဘောင်သုံးခုပေါ်တွင်  ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ကြည့်ရှုသူအရေအတွက် နည်းပါးခဲ့သော်လည်း လက်ရှိတွင် နေထွက်ချိန် နေဝင်ချိန် ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ ယင်းနှစ်အတွင်း ပုဂံဒေသကို နိုင်ငံခြား ခရီးသွားဧည့်သည် သုံးသိန်းနီးပါး ဝင်ရောက်ခဲ့သည်။


Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments