Travel Sector Updates

ပုဂံသို့ နိုင်ငံခြားသားဧည့်သည် လည်ပတ်မှုရက် လျှော့ချသည်နှင့်ပတ်သက်၍ အားပေး၊ဝေဖန်မှုများရှိနေ

missing

ပုဂံယဉ်ကျေးမှုဇုန်ကို လာရောက်မည့် နိုင်ငံခြားသားခရီးသွားဧည့်သည်များအတွက် လေ့လာလည်ပတ်ခြင်း ခွင့်ပြုသတ်မှတ်ရက် ၅ ရက်အစား ၃ ရက်သို့ လျှော့ချ ပြောင်းလဲသတ်မှတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး ခရီးသွားလုပ်ငန်းအသိုင်းအ၀န်းတွင် ဝေဖန်မှုရှိသလို အားပေးမှုများလည်းရှိနေသည်



မိုးတွင်းကာလသည် ခရီးသွားဝင်ရောက်မှုလျော့နည်းသည့်ကာလဖြစ်သလို မြန်မာ့ခရီးသွားကဏ္ဍသည်လည်း  ဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်နေချိန်ဖြစ်သည်။ ယခုကဲ့သို့အချိန်မျိုးတွင် ဧည့်သည် ၀င်နှုန်း ပိုမိုမြင့်တက်လာစေဖို့ ၊ဆွဲဆောင်နိုင်စေဖို့ကို ဦးစားပေးလုပ်ဆောင်ခြင်းမရှိဘဲ ခရီးသွားဧည့်သည်လျော့ကျသွားစေမည့်ကိစ္စရပ်များကို လုပ်ဆောင်ခြင်းသည် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီး နားလည်မှုမရှိဘဲ စီမံခန့်ခွဲနေကြောင်းပေါ်လွင်ကြောင်း ပြောဆိုမှုများရှိနေသည်



“ နားမလည်ဘဲစီမံခန့်ခွဲမှုတွေကြောင့် ဒေသတွင်းမှာလဲ မငြိမ်မသက်တွေဖြစ်ပေါ်တယ်။ခရီးသွားလုပ်ငန်းဆိုတာ ဧည့်သည်လျော့ချိန်ဆို ဘယ်လိုပရိုမိုးရှင်းတွေပေးပြီး ဆွဲဆောင်မလဲဆိုတာပဲ စဉ်းစားရ မယ်။ခုတော့ဒီလိုအချိန်မှာ ၅ ရက်နေရမဲ့အစား ၃ ရက်ဆိုပြီး ဧည့်သည်တွေပိုမလာချင်အောင်လုပ်တယ်။ရက်နည်းတာများတာထက် ဒီအချိန်ကမလုပ်သင့်တဲ့အချိန်ဖြစ်နေတယ် ”ဟု ပုဂံ ဒေသခံဧည့် လမ်းညွှန် တစ်ဦးဖြစ်သူ ဦးနိုင်ထွန်းက သုံးသပ်ပြောဆိုခဲ့သည်။

ထိုသို့ ရက်လျှော့ချ ပြောင်းလဲသတ်မှတ်ကြောင်းကို ယဉ်ကျေးမှုဝန်ကြီးဌာန ၊ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းကို ဇွန်လ ၂၉ ရက်စွဲဖြင့် တရားဝင်စာထုတ်ကြေငြာခဲ့သည်။ကြေငြာချက်တွင် နိုင်ငံခြားသားတစ်ဦးလျှင် ဇုန်ဝင်ကြေးမြန်မာငွေကျပ် ၂၅၀၀၀(ယခင်အတိုင်း)ကောက်ခံပြီး လည်ပတ်မည့်ရက်ကိုမူ ယခင်ခွင့်ပြု ထားသည့် ငါးရက်အစား သုံးရက်သို့ လျှော့ချသတ်မှတ်ကြောင်းဖော်ပြပါရှိသည်။ ယင်းကို ယခုလ ဇူလိုင် ၁ ရက်နေ့ကတည်းက စတင်ကျင့်သုံး မည်ဟုလည်း ကြေငြာထားသည်။

“ရက်အရ အဆင်ပြေမလားဆိုတော့ ပြေနိုင်ပါတယ်။သို့သော နည်းနည်းတော့ ပိုပြီးပင်ပန်းတာ ပေါ့။တကယ့်လေ့လာယ့်သူတွေအတွက်ကျတော့ ရက်နည်းတယ်။ထပ်နေချင်တယ်ဆိုရင် နောက်ထပ် ထပ်ပြီးပေးဆောင်ရမှာပေါ့”ဟု ပုဂံဒေသ ဧည့်လမ်းညွှန်ဖြစ်သူ ကိုရန်နိုင်က ဆိုသည်။

မြန်မာနိုင်ငံ၏ မိုးတွင်ရာသီရောက်သည်နှင့် ခရီးသွားဧည့်သည်ဝင်ရောက်မှုနှုန်းမှာ သိသာစွာလျော့ကျသည်မှာ နှစ်စဉ်ပင်ဖြစ်သည်။သို့အတွက်ကြောင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အပါ အ၀င် ခရီးသွားလုပ်ငန်း ဆက်စပ်အဖွဲ့အစည်း ၊ဟိုတယ်များ ၊လေကြောင်းလိုင်းများ ၊စသဖြင့် အားလုံးက ခရီးသွားဧည့်သည်များဆွဲ ဆောင်နိုင်ရန်အတွက် ကုန်ကျစရိတ်နှုန်းများကို လျှော့ချပေးမှုများ ဆောင်ရွက်လျက်ရှိသည်။






Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments