Travel Sector Updates

ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်တွေ နဲ့စည်ကားနေတဲ့ အင်းလေးဖောင်တော်ဦးဘုရားပွဲ

missing
A Barge (Karawaik Phaung) which carried Phaung Taw Oo Images at Magyi Seik Village in Inle lake | Photo - Phoenyan

အောက်တိုဘာလ ၁၀ ရက်နေ့ကတည်းက စတင်ကျင်းပလာခဲ့တဲ့ အင်းလေ ဖောင်တော်ဦး ဘုရားပွဲဟာဆိုရင် ယနေ့မှာတော့ ၁၄ ရက်နေ့သို့ပင်ရောက်ရှိလာပါပြီ။

ဒီနေ့ မနက်ပိုင်း ၇ နာရီမှာ နန့်ပန်ကျေးရွာကနေ မန်ကျည်းဆိပ်ကျောင်းကို ပူဇော်ပင့်ဆောင်ခဲ့ပါတယ်။မွန်းလွဲချိန်မှာတော့ မန်းကျည်းဆိပ်ကျောင်းကနေ ကျိုင်းခမ်းကျောင်းသို့ ပြန်လည်ကြွချီပြီး တစ်ညတာ သီတင်းသုံးမှာဖြစ်ပါတယ်

 

အင်းလေးဖောင်တော်ဦးဘုရား ရုပ်ရှင်တော်မြတ်များဒေသစာရီကြွချီ အပူဇော်ခံရာ အင်းတစ်လျှောက်မှာ ဒေသခံ တိုင်းရင်းသားတွေက ဆွမ်း ၊ ပန်း ၊ အချိုပွဲ တွေပြင်ဆင်ပြီး ကြိုဆို ပူဇော်ကြတာလည်းတွေ့ရပါတယ်

ဒါ့အပြင် ညာင်ရွှေမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာပေါင်း ၉၂ ရွာကနေ ဘုရားဆွဲလှေကြီး ၉၂ စင်းနဲ့ လိုက်ပါ လှည့်လည် ခဲ့ပါတယ်။လှေကြီးတစ်စင်းမှာဆိုရင် အနည်းဆုံး လူဦးရေ ၅၀ လောက်ကနေ ၉၀ ကျော်လောက်ထိ ပါဝင်တာကိုလည်း တွေ့မြင်ရပါတယ်။

ဒေသစာရီကြွချီရာ အင်းလေးကန်တစ်လျှောက်မှာတော့ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သဘ်တွေနဲ့ စည်ကားလို့နေပါတယ်။မိုးဖွဲဖွဲကျနေတာကြောင့် အင်းလေးကန်မြင်ရတဲ့ မြင်ကွင်းဟာ ပုံမှန်ထက် ညိှု့မှိုင်းလို့နေပါတယ်။ဒါဟာ ခရီးသွားဧည့်သည်တွေအတွက်တော့  မြင်ရခဲတဲ့ သဘာဝအလှပတစ်ခုလို့ အင်းတိုင်းရင်းသားတွေကဆိုပါတယ်။


ဒါ့အပြင် အင်းလေးကန်တစ်လျှောက်မှာ သဘာဝစိုက်ခင်းတွေ ၊အင်းတိုင်းရင်းသားတွေရဲ့ ငါးဖမ်းမှုပုံစံ ၊ ရိုးရာအိမ်တွေ  ရိုးရာ ဓလေ့၊ လက်မှုလုပ်ငန်း အစရှိသဖြင့် လေ့လာလို့ရပါတယ်။


အင်းလေးဖောင်တော်ဦးဘုရား ရုပ်ရှင်တော်မြတ်များသည် သီတင်းသုံးရာ  နမ့်ဟူးကျေးရွာ ဖောင်တော်ဦးရတနာစံကျောင်းတော်ကနေ အင်းလေးဒေသ ၂၁ ဌာနကို ဒေသစာရီလှည့်လည်အပူဇော်ခံမှာဖြစ်ပြီး  ၂၇ ရက်နေ့မှာတော့ ဖောင်တော်ဦးရတနာစံကျောင်းတော်ကို ပြန်လည် ကြွချီ သီတင်းသုံးမှာဖြစ်ပါတယ်။


အင်းလေး ဖောင်တော်ဦးဘုရားပွဲတော်ကြီးသည် အင်းတိုင်းရင်းသားတွေရဲ့ရိုးရာ ဓလေ့ပွဲတော်ကြီးပဲဖြစ်သလို မြန်မာနိုင်ငံ့ အထင်ကရပွဲတော်တစ်ခုလည်းဖြစ်ပါတယ် ။ဒါ့အပြင် အင်းလေးဒေသဟာ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်တွေ သွားရောက်မှုများပြားတဲ့ ခရီးစဉ်ဒေသတစ်ခုလည်းဖြစ်ပါတယ်။

Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments