Travel Sector Updates

ပြည်မြို့ အနီး ဧရာဝတီမြစ်ကြောင်း သဘာဝရှုခင်းများ ကြည့်ရှုနိုင်မည့် သင်္ဘောစီးခရီးစဉ်

missing
Photo - Pyay Elephant Camp

ပြည်မြို့ရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သဘာဝရှုခင်းများကြည့်ရှုနိုင်မည့် သင်္ဘောစီးခရီးစဉ်တစ်ခုကို ပြည်သစ်ထုတ်လုပ်ရေးဒေသ၊နတ်မှော်ဆင်စခန်းက အကောင်ထည်ဖော်ပြေးဆွဲပေးလျှက်ရှိသည်။

ယင်းခရီးစဉ်သည် ပြည်ဆင်စခန်း (နတ်မှော်)ဆိပ်ကမ်းမှ ဧရာဝတီမြစ်တစ်ဘက်ကမ်းတွင်ရှိသည့် ရွှေဘုံသာမုနိဘုရားအထက်ဘက်အထိ ပြေးဆွဲမည်ဖြစ်သဖြင့် မြစ်ကြောင်းတစ်လျှောက် သဘာဝရှုခင်း များကိုကြည့် ရှုနိုင်ခြင်း၊သဘာဝ လေကောင်းလေသန့် ရှုရှိုက်နိုင်ခြင်း၊ ဧရာဝတီမြစ်အတွင်းမှ ရွှေ ဘုံသာမုနိဘုရားကို ဖူးမျှော်နိုင်ခြင်း ၊ပြည်ရွှေဆံတော်ဘုရားကိုလည်းဖူးမျှော်နိုင်ကာ မတူညီသောရှုထောင့်မှ လေ့လာကြည့်ရှုရင်း အပန်းဖြေနိုင်မည့် ခရီးစဉ်တစ်ခုဖြစ်သည်



“ အပန်းဖြေခရီးလဲဖြစ်သလိုပျော်ပွဲစားထွက်တဲ့သဘောလဲရောက်ပါတယ်။ရွှေဘုံသာမုနိအထက်ဘက် ထိသွားပြီး ပြန်လှည့်မယ်။ ကမ်းတော့မကပ်ဘူး။ ဒီခရီးစဉ်ကိုစိတ်ဝင်စားကြပါတယ် ”ဟု နတ်မှော်ဆင်စခန်းမှ လက်ထောက်မန်နေဂျာ ဒေါ်ရည်မွန်ထူးကဆိုသည်



အဆိုပါ မြစ်ကြောင်းခရီးစဉ် အသွားအပြန် ကြာချိန်မှာနှစ်နာရီကျော် ကြာမြင့်မည်ဖြစ်ပြီးလူဦးရေ ၁၂ ယောက်အထိ လိုက်ပါစီးနင်းနိုင်မည်ဖြစ်သည်။

ယင်းဧရာဝတီမြစ်ကြောင်းတစ်လျှောက်ခရီးစဉ်မှာ တစ်ဦးတစ်ယောက်ချင်းစီအား စီးနင်းခနှုန်းကောက်ခံခြင်းမျိုးမဟုတ်ဘဲ motor boat တစ်စင်းလုံးကို မြန်မာငွေ ၁၃၀ဝ၀ဝ ကျပ်ဖြင့် ငှားရမ်းခြင်းဖြစ်သည်။ လက်ရှိတွင် တက္ကသိုလ်ကျောင်းသားများ၊ ခရီးသွားဧည့်သည်များ၊ ဒေသခံပြည်သူများ စိတ်ဝင်တစားဖြင့် အပန်းဖြေစီးနင်းမှုများ ရှိနေကြောင်း သိရသည်။

ခရီးစဉ်ကို ပြည်မြို့သို့လာရောက်လည်ပတ်သော ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များ အပါအဝင် ၊ပြည်မြို့နေဒေသခံပြည်သူများ စိတ်အပန်းဖြေစေရန် ရည်ရွယ်ချက်ဖြင့် ယခုလ ဇန်နဝါရီလအတွင်းက စတင် ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။



Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments