Travel Sector Updates

မိုးကုတ်ကို နိုင်ငံခြားသားခရီးသွားဧည့်သည်လည်ပတ်ခွင့် ပြန်လည်ခွင့်ပြုလာတော့မယ့် အစီအစဉ်နဲ့ ရှိလာနိင်တဲ့ ဟိုတယ်ခန်းများ လိုအပ်ချက်

missing
Photo - Phyo Thiha

နှစ်နှစ်နီးပါး နိုင်ငံခြားသားခရီးသွားဧည့်သည် သွားရောက်လည်ပတ်ခွင့် ကန့်သတ်ထားခဲ့တဲ့ မိုးကုတ်မြို့ကို ယနေ့အချိန်မှာ သွားလာခွင့်ပြန်လည်ဖွင့်လှစ်ပေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ စီစဉ်ဆောင်ရွက်နေကြတယ်လို့ အကြမ်းဖျဉ်း အခြေနေတွေ သိရပါတယ်


မိုးကုတ်မြို့နှစ် ၈၀ဝ ပြည့် ပွဲတော်ကျင်းပပြီးနောက် နိုင်ငံခြားသားခရီးသွားဧည့်သည်သွားလာခွင့်ပြုပေး ဖို့ တောင်းဆိုခဲ့မှုတွေကြောင့် မန္တလေးတိုင်းဒေသကြီးကနေ ပြည်ထောင်စုအစိုးရထံတင်ပြခဲ့ရာ ၎င်းမှတဆင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဆီ ခရီးစဉ်တစ်ခုခြင်းအလိုက် ခွင့်ပြုချက်ရယူဆောင်ရွက်သွားရန် ဆိုတဲ့စာသားအပါအဝင် ခရီးစဉ်နဲ့ပတ်သက်တဲ့အကြောင်းအရာပါ အသိပေးစာပေးပို့ခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်တွင်း ပြည်ပဆက်ဆံရေးနဲ့ သတင်းပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးဦးခင်မောင်စိုးက ပြောပြပါတယ်


ခရီးစဉ်တစ်ခုအတွက် ခွင့်ပြုချက်တင်မယ်ဆိုပါက အချိန်အားဖြင့် ရက်သတ္တပတ် နှစ်ပတ်ကနေ သုံးပတ်ထိ ကြိုတင်ပြင်ဆင်ရတဲ့အခြေနေမျိုးရှိနေသဖြင့် ယခုလို မြန်မာနိုင်ငံအလယ်မှာ တည်ရှိတဲ့ မန္တလေးတိုင်းရဲ့ ခရီးစဉ်တွေကို ခွင့်ပြုချက်ရယူဆောင်ရွက်ရမည်ဆိုပါက အချိန်ပိုပြီးကြာမြင့်နိုင်တာကြောင့် ခရီးသွားကုမ္ပဏီတွေနဲ့ ခရီးသွားဧည့်သည်တွေအတွက် အဆင်ပြေမယ့်ခရီးစဉ်ဖြစ်စေဖို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက
မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့တို့  ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ခရီးသွားကုမ္ပဏီတွေ ကိုခရီးစဉ်နဲ့ပတ်သက်လို့ အကြောင်းကြားစာပေးပို့တာမျိုးမရှိသေးဘူးလို့ သိရပါတယ်။

“ဒီခရီးစဉ်နဲ့ပတ်သက်လို့ မန်းလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က လုံခြုံရေးကအစ တာဝန်ယူ ဆက်လက်ဆောင်ရွက်သွားနိုင်ဖို့ကို အကြံပြုပြီးတော့ ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို သဘောထားပြန်ပေးပါဆိုပြီး ညှိနှိုင်းစာပို့ထားတယ်။ ပြီးခဲ့တစ်ပတ်ကမှ ပို့ထားတာ။ ရုံးလုပ်ငန်းဆိုတော့ 
နှစ်ပတ်သုံးပတ်လောက်တော့ကြာမှာပေါ့။ စနစ်တကျ ထောင့်ပေါင်းစုံကနေ သေချာလုပ်နေတာဖြစ်တယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့လည်း ခရီးစဉ်အတွက် စီမံရေးဆွဲရတယ်။ လုံခြုံရေးပိုင်းကအစအကုန်ဆိုတော့ သေချာလုပ်ရတာပေါ့။ အဓိကညှိနှိုင်းတာက အဆင်ပြေမယ့်ခရီးစဉ်ဖြစ်ဖို့ပေါ့။ ညှိနှိုင်းတာအဖြေရရင်တော့ ကုမ္ပဏီတွေကို မက်ဆေ့ဖြန့်တာ၊ စနစ်တကျ သွားနိုင်ဖို့ control လုပ်ရမယ်” လို့ ဆိုပါတယ်။
ယခုလိုခွင့်ပြုပေးမှုက နိုင်ငံခြားသားခရီးသွားဧည့်သည်တွေအနေနဲ့ မိုးကုတ်မြို့ပေါ်ကိုသာ လည်ပတ်နိုင်မှာဖြစ်သလို ယခင်သွားနေကျလမ်းဖြစ်တဲ့ မိုးကုတ်-မတ္တရာ-သပိတ်ကျင်း လမ်းကသာ ဝင်ရောက်ရမှာဖြစ်ပါတယ်။

မိုးကုတ်ဒေသဟာ ကမ္ဘာ့အကောင်းဆုံးပတ္တမြားထွက်ရှိရာနေရာဖြစ်သလို မိုးကုတ်ဝိပဿနာ ဆိုတာကလည်း ကမ္ဘာကသိတဲ့ စွဲဆောင်မှုတစ်ခုပါ။ ဒါကြောင့် ပြည်တွင်းခရီးသွားဧည့်သည်တွေနဲ့ ပြည်ပ ခရီးသွားဧည့်သည်တွေ မိုးကုတ်မြို့ကိုသွားရောက်လည်ပတ်မယ်ဆိုရင် ကျောက်မျက်လုပ်ငန်း ကိုလေ့လာနိုင်သလို မိုးကုတ်ဆရာ
တော်ဘုရားကြီးတရားထိုင်ခဲ့ရာ ဂူကိုပါလေ့လာနိုင်မှာပါ။ ဒါ့အပြင် အမြင့်ပေ ၅၀ဝ၀ နဲ့ ၇၀ဝ၀ ကျော်မြင့်မားတဲ့ တောင်မဲတောင်၊ ကျေးနီတောင်၊ တောင်တော်၊ မြို့မြင်တောင်၊ ထင်းရှူးတောင်၊ ပင့်ကူတောင်၊ ဒေါ်နန်းကြည်တောင်၊ ရှုခင်းသာ view point ၊ ပတ္တမြားစေတီ၊ ကျောက်ပြသာဒ်စေတီ၊
ဖောင်တော်ဦးဘုရား  စတဲ့နေရာတွေကို လေ့လာနိုင်မှာပါ။ မိုးကုတ်မြို့ရဲ့ ထာပွဲ (ကျောက်မျက်ဈေး) ကလည်း ခရီးသွားဧည့်သည်တွေအတွက် လေ့လာရမယ့် စာရင်းထဲအဓိက တစ်ခုပါ။

မိုးကုတ်မြို့ရဲ့ တောင်တွေက ထူးခြားမှုက တောင်တက်လမ်းအများစုဟာ အကွေ့အ ကောက်တွေဖြစ်ပြီး မတ်စောက်စောက် ပုံစံတက်ရတာပါပဲ။ ဒါဟာ စွန့်စားခရီးသွားရတာ တောင်တက်ရတာကို သဘောကျသူတွေအတွက်တော့ စိတ်ဝင်စားစရာကောင်းသလို စိတ်လှုပ်ရှားစရာလည်းကောင်းပေမယ့် အမြင့်ကြောက်တတ်သူတွေအတွက်တော့ ကြောက်စရာကောင်းတဲ့ အနေအထားမှာရှိပါတယ်။

ခုလို နိုင်ငံခြားသားလည်ပတ်ခွင့် ပြန်လည်ခွင့်ပြုလာနိုင်မယ့် အခြေအနေအပေါ် ဒေသခံတစ်ဦးက 
“ပြည်တွင်းခရီးသွားလာတာလည်း အရမ်းနည်းတယ်။ ပြည်ပကဆို အရင်ကကန့်သတ်ထားတော့ လာတာမရှိဘူး။ သံရုံးအရာရှိတို့ လာတာလောက်ပဲတွေ့ရတယ်။ ဒီမှာက ပြည်ပရော၊ ပြည်တွင်းပါ ခရီးသွားမဝင်တော့ စီးပွားရေးကလည်း ထင်သလောက်မဖြစ်ဘူး။ ကျောက်ကိုပဲအားပြုနေ ရတဲ့သဘောရှိတယ်။ ခုက ကျောက်လုပ်ငန်းကလည်း သိပ်မကောင်းတော့ ခရီးသွားတွေသာ ဝင်လာမယ်ဆို ရင် စားသောက်ဆိုင်တွေ၊ ကျောက်ဈေးကွက် အစ အားလုံး အလုပ်ဖြစ်လာမယ် လို့ထင်တယ်။ ခုလိုခွင့်ပြုတာကို တကယ်ဝမ်းသာပါတယ်” လို့ ဆိုပါတယ်။

တောင်တွေတက်ဖို့အတွက် မော်တော်ဆိုင်ကယ် ဒါမှမဟုတ် မော်တော်ကားအသုံးပြလို့ရသလို ခြေလျင်တက်ပြီး တောင်တက်လမ်းတစ်လျှောက် ဒေသခံတိုင်းရင်းသားတွေရဲ့ လူနေမှုဘဝကို လေ့လာရင်းလည်း တက်ရောက်လို့ရပါတယ်။ တောင်ပေါ် ရောက်ရင်တော့ မိုးကုတ်မြို့ အလှအပတွေကို  အထက်စီးကနေ မြင်တွေ့ရမှာဖြစ်သလို သဘာဝ တောတောင်ရေမြေ အလှအပတွေကိုပါ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံရဲ့ ယဉ်ကျေးမှုဓလေ့တွေ၊ ငြိမ်းချမ်းစွာ အတူနေထိုင်မှုပုံစံတွေကို လေ့လာစူးစမ်းနိုင်သလို ရိုးရာအစားအစာ စစ်စစ်ကိုပါ မြည်းစမ်းနိုင်ပါတယ်။

မိုးကုတ်ဒေသခံဖြစ်တဲ့ ဒေါ်ခင်အုန်းမြင့်ကလည်း ကမ္ဘာလှည့်ခရီးသွား ဧည့်သည်အများစုဟာ ၎င်းတို့ရဲ့ အားလပ်ချိန်တွေကို သဘာဝအလှအပတွေကြားမှာ အနားယူအပန်းဖြေကြတာရှိသလို တချို့ကလည်း စီးပွားရေးအရ ကျောက်မျက်လုပ်ငန်းတွေကို လေ့လာချင်တာမျိုးရှိနိုင်တယ်လို့ဆိုပါတယ်။

ယခုလို နိုင်ငံခြား သွားခရီးသွားဧည့်သည် ပြန်လည်သွားလာခွင့် ဖွင့်လှစ်လိုက်မှုနဲ့အတူ ဟိုတယ်၊
မိုတယ် အခန်းတွေ လိုအပ်ချက်တွေလည်းရှိလာနိုင်ပါတယ်။ဘာကြောင့်ဆိုရင် လက်ရှိ မိုးကုတ်မှာက နိုင်ငံခြားသားတွေတည်းလေ့ရှိတဲ့ ဟိုတယ် မိုတယ်မျိုးတွေ နည်းပါးမှုရှိနေပါတယ်။


Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments