Travel Sector Updates

မြန်မာ့ဆင်မျိုးစိတ်များနှင့် ကျက်စားရာဒေသ ရေရှည်တည်တံ့စေရေး စီမံချက်ထုတ်ပြန်

missing
Photo - Phyo Nyann

မြန်မာ့ဆင်မျိုးစိတ်များနှင့် ယင်းတို့၏နေရင်းဒေသများ ရေရည်တည်တံ့စေရေး ထိရောက်စွာ ကာကွယ်ထိန်းသိမ်းနိုင်မည့် မြန်မာ့ဆင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစီမံချက် Myanmar Elephant Conservation Action Plan-MECAP ကို အကောင်ထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ)မှ သိရသည်



အဆိုပါ လုပ်ငန်းစီမံချက်သည်  မြန်မာ့သစ်တောဦးစီးဌာနအပါအဝင် ဆက်စပ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များ၊ NGO အဖွဲ့အစည်းများ ဖြင့် အလုပ်ရုံ ဆွေးနွေး ပွဲများနှင့် အကြုံပြုချက်များ အဆင့်ဆင့်ပြုလုပ်ခဲ့သည့် နောင်လာမည့်အချိန် (၁၀) နှစ်တာကာလ လုပ်ဆောင်မည့် စီမံချက်ဖြစ်သည်



MECAP စီမံချက်တွင် တောဆင်ရိုင်းများနှင့် ယင်းတို့၏ ကျက်စားနယ်မြေများကိုကာကွယ်ခြင်း၊ လူနှင့်ဆင် ပဋိပက္ခကိုဖြေရှင်းခြင်း၊ ဆင်နှင့် ဆင်အစိတ်အပိုင်းများ တရားမဝင်ရောင်းဝယ်မှုကို တားဆီးအရေးယူခြင်း နှင့် အိမ်မွေးဆင်များကို စီမံခန်ခွဲခြင်း စသည့် အဓိကလုပ်ငန်းစဉ်ကြီး (၄)ရပ်ဖြင့် တောဆင်ရိုင်းကောင်ရေ ပြန်လည်တိုးတက်လာရန် နှင့် ကျက်စားရာဒေသများ ရေရှည် တည်တံ့စေရန် တို့ကိုရေးဆွဲထားပြီး ရေရှည်လုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများကိုအရေခွံခွာရန်နှင့် အခြားသော ခန္ဒာကိုယ်အစိတ်အပိုင်းများအား ရောင်းချရန်အတွက် တစ်ပတ်လျှင် တစ်ကောင်နှုန်း သတ်ဖြတ်ခံနေရပြီး ယင်းအခြေ အနေကို မကာကွယ်နိုင်ပါက နောင်လာမည့်နှစ်အနည်းငယ်အတွင်း မြန်မာ့တောဆင်ရိုင်းများ ပျောက်ကွယ်သွားနိုင်ကြောင်း ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (WWF)မှ မမေမိုးအောင်က သုံးသပ်ပြောဆိုခဲ့သည်။

ယင်းကြောင့် တရားဝင်ခန့်မှန်းထားသည့် ကျန်ရှိ တောဆင်ရိုင်းကောင်ရေ (၁၄၀ဝ) နှင့် (၂၀ဝ၀)အကြား အရေအတွက်ထက်ပင် များစွာလျော့နည်းလာနေသဖြင့် မြန်မာ့ဆင် ထိန်းသိမ်းကာ ကွယ် စောင့်ရှောက် ရေးလုပ်ငန်းစီမံချက်-MECAPကို ရေးဆွဲအကောင်ထည်ဖော်ရခြင်းဖြစ်ကြောင်း သိရသည်။







Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments