Travel Sector Updates

မန္တလေးနဲ့ ရန်ကုန် မှာ တွေ့ကြရမယ့် သင်္ကြန် အစီအစဉ်တွေ

missing

မန္တလေးသင်္ကြန်မှာဆိုရင်ရှေးခေတ်မန္တလေးပုံရိပ်တွေရဲ့အရသာကိုပြန်လည်ခံစားစေမယ့် ရည်ရွယ်ချက်တွေ၊ ဒေသအစားအစာတွေပေါများတဲ့ မန္တလေးမြို့ရဲ့ အမှတ်တံဆိပ်တွေကို သင်္ကြန်ပွဲတော် မှာ ခရီးသွားမြှင့်တင်ရေးနဲ့တွဲဖက်ပြီးလုပ်ဆောင်နိုင်ဖို့ လမ်းလျှောက်သင်္ကြန်တွေနဲ့ တောသင်္ကြန်အစီအစဉ်တွေကိုဆန်းသစ်တဲ့ ဖန်တီးမှုတွေနဲ့ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီထံမှ သိရပါတယ်

တောသင်္ကြန်မှာ ရိုးရာအစားစာတွေနဲ့ ရိုးရာယဉ်ကျေးမှုတွေကို တွဲဖက်ပြီးတော့ ဖော်ထုတ်ဖို့ ဆံရစ်ဝိုင်းမိန်းကလေးငယ်တွေနဲ့ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ တွဲပြီး အမှတ်တရဓာတ်ပုံရိုက်နိုင်တဲ့နေရာတွေ၊ ဖျော်ဖြေရေးအနေနဲ့ ပိတ်ကားထောင်ရုပ်ရှင်ပြတာတွေ ၊ ကျောက်ဆည်ဆင်အကတွေ၊ ခြင်းလုံးအလှခတ်ပွဲတွေ ပါဝင်မှာဖြစ်ပါတယ်



ဒါ့အပြင် မန္တလေးသင်္ကြန်ပွဲတော်မှာ ထူးခြားမှုအနေနဲ့  မြန်မာနိုင်ငံကာတွန်းဆရာတွေအသင်းက ဦးစီးကျင်းပတဲ့ ရေစိုခံကာတွန်းပြပွဲမှာ လက်ရွေးစင်ကာတွန်းပေါင်း (၃၀၀) ကျော်ကို ကျုံးတောင် ဘက် ၇၃ လမ်းနဲ့ ၇၈ လမ်းကြားလမ်းလယ်ကျွန်းပေါ်မှာ  သင်္ကြန်ကာလအတွင်း ပြသသွားမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ ပြီးခဲ့တဲ့နှစ်မှာစီးပွားဖြစ်မဏ္ဍပ်တွေကို ပိတ်ပစ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ရေကစားမဏ္ဍပ်နဲ့ ဖျော်ဖြေရေးမဏ္ဍပ်ပေါင်း ၉၅ ခုအထိ ပြန်လည်ခွင့်ပြုဖို့ လျာထားခဲ့တဲ့အပြင် ရန်ကုန်မြို့တော်ခန်းမအနီးတ၀ိုက်လမ်းတွေနဲ့ ကမ်းနားလမ်းတလျှောက် လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပမှာ ဖြစ်ပါတယ်။ လမ်းလျှောက်သင်္ကြန်မှာလည်း စတုဒိသာမဏ္ဍပ်တွေ ရေကစား မဏ္ဍပ်တွေ အကအလှတွေနဲ့ စည်းကားသိုက်မြိုက်စွာကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ဗဟိုမဏ္ဍပ်မှာယိမ်းအကတွေ တိုင်းရင်းသားရိုးရာယိမ်းအကတွေနဲ့ ရုပ်ရှင်သဘင်ဂီတအနုပညာရှင်တွေကတေးသံသာတွေ အကအလှတွေနဲ့ ဖျော်ဖြေ တင်ဆက်သွားမှာဖြစ်ပါတယ်။


Nyein Nyein has been with some publications including Envoy News Journal, Tomorrow News Journal and Unity Journal as a reporter.  She wrote a number of lifestyle articles and news stories and now focusing on travel and trade areas.

0Comments

Leave a Comments