Travel Sector Updates

ရှမ်းရိုးရာဓလေ့နဲ့ ယဉ်ကျေးမှုတွေပါဝင်မယ့် ရန်ကုန်မြို့ ရှမ်းသင်္ကြန်ပွဲ

missing
Photo - Nang Khay Maung Facebook

ရှမ်းရိုးရာ ဓလေ့တွေနဲ့ယဉ်ကျေးမှုအကတွေ ပါဝင်မယ့် ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို ရန်ကုန်မြို့ ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာပထမဆုံးကျင်းပတဲ့ ရှမ်းရိုးရာသင်္ကြန်ပွဲတော်လည်းဖြစ်ပါတယ်။ ဒီပွဲကိုရှမ်းစာပေနဲ့ယဉ်ကျေးမှု အသင်း(ရန်ကုန်) ဦးဆောင်မှုနဲ့ ရန်ကုန်ရောက် ရှမ်းတိုင်းရင်းသားများ စုပေါင်းဖွဲ့စည်း ထား တဲ့ ရှမ်းအသင်း (၁၀) သင်းဝန်းကျင်က စုပေါင်းဖော်ဆောင်ကြမှာပါ



ဒီသင်္ကြန်ပွဲတော်ကိုတော့ လာမယ့် ဧပြီလ ၇ ရက်နေ့မှာ ညနေ ၃ နာရီကနေ ၇ နာရီအထိ ကျင်းပမှာဖြစ်ပြီး ရန်ုကုန်ရောက် ရှမ်းတိုင်းရင်းသားတွေ အတွက်တော့ အမှတ်တရဖြစ်စေပြီး တိုင်းရင်း သားအချင်းချင်း ရင်းနှီးတွေ့ဆုံနိုင်မယ့် ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်



ဒါတွေနဲ့ပတ်သက်ပြီး ပွဲတော်ဖြစ်မြောက်ရေးတာဝန်ခံဖြစ်သူ ကိုစိုင်းထက်ဘုန်းနေက  “ ဒီပွဲအတွက် လူနှစ်ထောင်လောက်တော့ မှန်းထားတယ်။ ပွဲကိုလာမယ်ဆိုရင် တိုင်းရင်းသားဆိုလဲ ပုံမှန် ရိုးရာဝတ်စုံလေးပေါ့။ မြန်မာဆိုလဲ မြန်မာဝတ်စုံလေးပေါ့။ လုံချည်လေးနဲ့ဆို ရပါတယ်။ စကတ် ၊ဂျင်းဘောင်းဘီတွေတော့ အဆင်မပြေပါဘူး” လို့ဆိုပါတယ်။

ပထမဆုံးအကြိမ် ရှမ်းရိုးရာသင်္ကြန်(အကြို)ပွဲတော်ကို ပါဝင်ဆင်နွှဲကြမယ့် ရှမ်းတိုင်းရင်းသားတွေ အနေနဲ့ကတော့  ရှမ်းဝတ်စုံ(ပင်နီရောင် ) ၀တ်ဆင်တက်ရောက်ပေးဖို့ ကြေငြာပေးထားတယ်လို့ လည်းသိရပါတယ်။ဝင်ကြေး သတ်မှတ်ထားခြင်းမရှိဘူးလို့ဆိုပါတယ်။

ယင်းအပြင် ပွဲတော်ကိုလာရောက်ဆင်နွှဲကြမယ့် ရှမ်းတိုင်းရင်းသားအပါအ၀င် အခြားတိုင်းရင်းသားအားလုံးကိုပါ  ရှမ်းရိုးရာအစားအစာဖြစ်တဲ့  ဆန်ချိုအေး ၊မုန့်ဖက်ထုပ် ၊မုန့်လက်ဆောင်းစတဲ့ အစားအစာတွေနဲ့ စတုဒီသာအဖြစ် ကျွေးမွေး ဧည့်ခံသွားမှာဖြစ်ပါတယ်။

အဆိုပါ ရှမ်းရိုးရာသင်္ကြန်ပွဲတော်တွင် ရှမ်းရိုးရာအကတွေ ၊ ရှမ်းသီချင်း ၊ရှမ်းယဉ်ကျေးမှုဓလေ့ စသဖြင့် ပါဝင်မည်ဖြစ်ပြီး ရှမ်းတိုင်းရင်းသားအကတွင် ကျိုင်းတုံ၊ သီပေါ ၊ ရှမ်းတိုင်းရင်းသားအကအဖွဲ့ (၃) ဖွဲ့က ကပြဖျော်ဖြေသွားမှာဖြစ်ပါတယ်။


Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments