Travel Sector Updates

လုံခြုံရေးစံနှုန်းအသစ်၊ နောက်ဆုံးပေါ်နည်းပညာသစ်တွေနဲ့ Volvo XC40 မြန်မာဈေးကွက်ကိုရောက်ပြီ

missing
photo -Phyo Thiha

လုံခြုံရေးစံနှုန်းအသစ်တွေပါဝင်ပြီး နောက်ဆုံးပေါ်နည်းပညာသစ်တွေနဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ Scandinavian ဒီဇိုင်းနဲ့ Volvo XC40 ကားဟာ မြန်မာပြည်ဈေးကွက်အတွင်းကို ရောက်ရှိလို့လာပါပြီ။ XC40 မိတ်ဆက်ပွဲအခမ်းအနားကိုတော့ မေလ၁၁ရက်နေ့က ရန်ကုန်မြို့ဆီဒိုးနားဟိုတယ်မှာကျင်းပခဲ့ပါတယ်



XC40 ကားဟာဆိုရင် သူရဲ့နောက်ဆုံးပေါ်ဒီဇိုင်း၊ နည်းပညာဘေးကင်းလုံခြုံမှု၊ မတော်တဆမှုမဖြစ်စေရန် အလိုအလျောက်ရှောင်ရှားပေးတဲ့ Steer Assist စနစ်စတဲ့ စွမ်းဆောင်ရည်တွေကြောင့် Geneva Motor Show မှာ 2018 European Car of the Year ဆုလည်းရရှိထားပါတယ်



တမူထူးခြားစွာ ထုတ်လုပ်ထားတဲ့ Small SUV ကားအမျိုးအစားဖြစ်ပြီး တီထွင်ထားသည့် City Safety စနစ်ကလည်း အခြားသောကားတွေ၊ စက်ဘီးစီးနင်းသူတွေနဲ့ လမ်းသွားလမ်းလာသူတွေ အပါအ၀င် ကားရှုပ်ထွေးတဲ့ မြို့တွေထဲမှာ မောင်းနှင်တဲ့အခါ မတော်တဆမှုမဖြစ်စေဖို့အတွက်ဖြစ်ပြီး အလိုအလျောက် ရှောင်ရှားပေးတဲ့ Steer Assist စနစ်လည်း ရှိနေပါတယ်။ ဒီလို နောက်ဆုံးပေါ် နည်းပညာတွေကြောင့်လည်း Geneva Motor Show မှာ 2018 European Car of the Year ဆုကိုရခဲ့တာပါ။

Volvo XC40 ဟာ လက်ရှိ မြန်မာပြည်မှာတွေ့ရတဲ့ အဆင့်မြင့် နည်းပညာသုံးကား အမျိုးအစားတွေအနက် တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ Pilot Assist လို့ခေါ်တဲ့ Volvo ရဲ့ အဆင့်မြင့် တစ်စိတ်တစ်ပိုင်း ထိန်းချုပ်မောင်းနှင်ပေးနိုင်တဲ့ ဒီ SUV ကားဟာ အလိုအလျောက်မောင်းနှင်ခြင်း၊ အရှိန်မြှင့်တင်ခြင်းနဲ့ ရပ်တန့်ခြင်းတွေကို တစ်နာရီ ၁၃၀ကီလိုမီတာမြန်နှုန်းအထိ မောင်းနှင်လို့ ရနိုင်တဲ့ လမ်းတွေမှာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကားအထဲမှာဆိုရင်လည်း Apple CarPlay နဲ့ Andriod Auto တို့နဲ့ ချိတ်ဆက်နိုင်တဲ့ tablet ပုံ ဗဟိုမျက်နှာပြင် ပါရှိတာကြောင့် ကားမောင်းနှင်ခြင်းကို အနှောင့်အယှက် မဖြစ်စေဘူးလို့လည်း သိရပါတယ်။

၂.၀လီတာသုံး turbocharged စနစ်သုံး T5  ဓာတ်ဆီအင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေအား (၁၂၈ကီလိုဝပ်) ပါရှိပါတယ်။ ၁၈၀၀- ၄၈၀၀ rpm ကနေ ၃၅၀ Nm ရုန်းအားနဲ့ ၅၅၀၀ rpm လည်းပါရှိပြီး အသစ်ထည့်ထားတဲ့ Clean Zone ဇုန်လေးခု အပူအအေးထိန်းချုပ်စနစ် (Four Zone Climate Control System) ဟာ ကျန်းမာရေးအတွက် ဆိုးကျိုးပေးတဲ့ ဖုန်မှုန့်တွေ၊ ညစ်ညမ်းဒြပ်သတ္တုတွေကို လေထုတွင်းက ဖယ်ရှားပေးတဲ့ စနစ်ဖြစ်ပါတယ်။ ကားရဲ့လေးဘက်စလုံးမှာ ကင်မရာတွေလည်း ပါရှိပါတယ်။

“အချိန် နှစ်နှစ်လောက် survey  ဆင်းပြီးမှ ခုလို မြန်မာပြည်ကို ရောက်လာတာပါ ။ မြန်မာပြည်အတွက် တီထွင် ပြီးထုတ်ထားသလားတောင် ထင်ရပါတယ်။ တာယာတွေဆိုလည်း international brand တွေဖြစ်တယ်။ ကား တွေကို ဆွီဒင်နိုင်ငံမှာ ထုတ်လုပ်ပြီး မြန်မာပြည်ကို တိုက်ရိုက်တင်သွင်းတာပါ” လို့ XC40 မိတ်ဆက်ပွဲ အခမ်းအနားမှာ Volvo Cars Myanmar ရဲ့ Director/CFO ဖြစ်တဲ့ ဒေါ်နွေးနွေးလှိုင်က ပြောပါတယ်။

XC40 ဟာ ရှုပ်ထွေးတဲ့ မြို့ပြပတ်ဝန်းကျင်မှာ အဆင်ပြေချောမွေ့စွာ မောင်နှင်နိုင်စေဖို့အတွက် ရှင်းလင်းတဲ့ လမ်းညွှန်တွေပါဝင်လို့ မြို့ကြီးတွေမှာမောင်းနှင်ဖို့ အသင့်တော်ဆုံးဖြစ်တယ်လို့လဲ သူက ညွှန်းဆိုပါတယ်။ ဈေးနှုန်းအားဖြင့်တော့ အမေရိကန်ဒေါ်လာ ၈၃၀၀၀ ကနေ ၉၅၀၀၀ အထိရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ Volvo Cars ဆားဗစ်စင်တာ ကို ရန်ကုန်မြို့မှာသာ ဖွင့်လှစ်ထားပြီး ၂၀၁၉ ခုနှစ်မှာတော့ ဆားဗစ်စင်တာ နှင့် ကားအရောင်းပြခန်းကို မန္တလေးမြို့မှာ ဖွင့်လှစ်သွားဖို့ရှိတယ်လို့လဲ သိရပါတယ်။

Volvo ကားကုမ္ပဏီဟာ မြန်မာနိုင်ငံကို ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလမှာဝင်လာခဲ့ပြီး Performance Auto International  နဲ့အတူ လုပ်ငန်းစတင်ခဲ့တာပါ။ ယခုအချိန်မှာ မြန်မာနိုင်ငံ အဆင့်မြင့် ဇိမ်ခံ ကားဈေးကွက်ရဲ့ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကျော်ကိုရရှိထားတယ်လို့ Volvo ကုမ္မဏီရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ ဈေးကွက်ဒါရိုက်တာ Mr Hiroshige Ishigure က ဆိုပါတယ်။ 

Volvo ဟာ ခုဆိုရင် ကားအစီးရေပေါင်း ၇၀ကျော်ကို တင်သွင်းရောင်းချနိုင်ခဲ့ပြီးဖြစ်ပါတယ်။ XC40 နဲ့မြန်မာပြည်ဈေးကွက်ကို ထပ်မံထိုးဖောက်လာတာပါ။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က နိုင်ငံပေါင်း ၁၀၀ ခန့်မှာ Volvo ကား အစီးရေပေါင်း ၅၇၁၅၇၇ စီး ရောင်းချနိုင်ခဲ့ပြီး လူအများက အသိမှတ်ပြုခံထားရတဲ့ ကားအမှတ်တံဆိပ်တွေအနက် တစ်ခုအပါအ၀င်အဖြစ် ရပ်တည်နေပါတယ်လို့လဲ Volvo Car Group ရဲ့ ထုတ်ပြန်ကြေငြာချက်အရ သိရပါတယ်။



Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments