Travel Sector Updates

သင်္ကြန်ကာလ ခရီးသွားအတွက် လက်မှတ်ဝယ်ယူမှု ခက်ခဲတာ၊ ဈေးနှုန်းမြင့်တက်တာတွေဟာ အစဉ်အလာတစ်ခု ဖြစ်နေပြီလား

missing
Photo - Thiha

မြန်မာ့ရိုးရာအတာသင်္ကြန်ကာလမှာ နေရပ်ပြန်ရန် အဝေးပြေးကားလက်မှတ်ဝယ်ယူရတာခက်ခဲပြီး သတ်မှတ်ဈေးနှုန်းထက် မြင့်တက်နေမှုတွေဟာ အစဉ်အလာတစ်ခုသဖွယ် ဖြစ်နေပါတယ်။ ယခုနှစ်မှာလည်း ထိုနည်းလည်း ကောင်းပါဘဲ။

ရန်ကုန်မြို့မှာ အလုပ်လုပ်ကိုင်နေကြတဲ့ ၀န်ထမ်းအများစုဟာ ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးက လာရောက်လုပ်ကိုင်ကြသူတွေပါ

နှစ်စဉ်သင်္ကြန်ကာလရောက်ရင် နေရပ်ကို ပြန်လေ့ရှိကြပါတယ်။ ဒီအချိန်မှာ အမြဲကြုံ
တွေ့ရတဲ့ အခက်အခဲဟာ အဝေးပြေးကားလက်မှတ်ပဲ ဖြစ်ပါတယ်။

“ ခုနှစ် ပိုဆိုးတယ်လို့ ထင်တယ်။ဘာကြောင့်ဆို ခါတိုင်း (၄) ရက်လောက် ကြိုဖြတ်ရင် လက်မှတ်ရတယ်

Advertisment
advertisment

ခုနှစ် လုံးဝမရဘူး။ အဝေးပြေးဂိတ်မှာ လုပ်တဲ့ကျွန်တော့ညီကို ၅ ရက်နေ့လောက်က လက်မှတ်ဖြတ်ခိုင်းတော့ လုံးဝ မရတော့ဘူး။ လက်မှတ်တွေကို ၃ လပိုင်း မကုန်ခင် လောက်ထဲက ရောင်းပေးနေတယ်လို့ သိရတယ်။ ဒါပေမယ့် ကျွန်တော်တို့ သတင်းတွေမှာ တွေ့ရတာက အနားနီးမှ မှတ်ပုံတင်နဲ့ ရောင်းမယ်လို့ သိရတာ။ ကားကွင်းမှာဆို လည်း လူတွေ တိုးလို့တောင်မရဘူး။ စိတ်ပျက်မိတယ်”လို့ ရန်ကုန်ကနေ ရွှေတောင်ကို ပြန်မယ့် ကိုသက်ထွေးက ဆိုပါတယ်။

အဆိုပါ အခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့အတွက် နေရပ်ကိုပြန်ကြမယ့် ၀န်ထမ်းတွေ ၊ ခရီးသွားပြည်သူတွေအတွက် ရန်ကုန်မြို့ ဒဂုံဧရာအဝေးပြေးကွင်းနဲ့ အောင်မင်္ဂလာအဝေးပြေးဂိတ်တွေကနေ ခရီးစဉ်အချို့ကို ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ရဲ့ စီစဉ်မှုဖြင့် YBS အထူးကားတွေနဲ့ သင်္ကြန်မတိုင်ခင် ၁၁ ရက်နေ့နှင့် ၁၂ ရက်မှာပြေးဆွဲပေးသွားမယ်လို့ ကြေငြာထားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့မီးရထားကလည်း ရန်ကုန်-နေပြည်တော်- မန္တလေးလမ်းပိုင်း ၀န်ထမ်းအထူးရထားနဲ့ သင်္ကြန်အထူးရထားတွေ ပြေးဆွဲပေးသွားမယ်လို့ ကြေငြာထားပါတယ်။ယနေ့ (ဧပြီ ၁၁ ရက်) စတင် ပြေးဆွဲမှာဖြစ်ပါတယ်။

သင်္ကြန်အထူးရထားကို လိုက်ပါစီးနင်းလိုတဲ့ ခရီးသည်တွေအနေနဲ့ လက်မှတ်ကို ရိုးရိုးတန်းတစ်ရက်ကြို၊ အထူးတန်းသုံးရက်ကြိုတင်ဝယ်ယူရမှာဖြစ်ပါတယ်။ ရန်ုကုန်-မန္တလေး ၊ မန္တလေး-ရန်ကုန် လမ်းကြောင်မှာ နေ့စဉ်အစုန် အဆန်ပြေးဆွဲမှာဖြစ်ပြီး တိုးကြောင်ကလေး ၊ပဲခူး၊တောင်ငူ၊ပျဉ်းမနား၊နေပြည်တော်နဲ့ သာစည်ဘူတာတွေကို ကြားဘူးတာအဖြစ်ရပ်နားပေးမှာဖြစ်ပါတယ်။ဝန်ထမ်းအထူးရထားကိုတော့ ဧပြီ ၁၂ ရက်နဲ့ ၁၇ ရက်တွေ မှာပြေးဆွဲပေးမယ်လို့သိရပါတယ်။

ခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့ အစိုးရမှ ယခုလို ကြိုတင်စီစဉ်ပေးတဲ့အပြင် ကားလက်မှတ် ဈေးနှုန်းတွေ သတ်မှတ်ဈေးနှုန်းထက် ပိုမိုတောင်းခံတာတွေ ၊သတ်မှတ်ခရီးသည်အရေအတွက်ထက် ပိုပြီးတင်ဆောင်တာ တွေ၊  သတ်မှတ်ထားတဲ့ ကားအမျိုးအစားနဲ့ ၀န်ဆောင်မှုမရရှိတာတွေ ဖြစ်ပေါ်ပါက တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် တိုင်ကြားနိုင်ကြောင်းလည်း ကြေငြာထားပါတယ်။

သို့ပေမယ့်လည်း ခရီးသွားပြည်သူတွေမှာ လက်မှတ် ၀ယ်ယူရန်ခက်ခဲတာ ၊ သတ်မှတ်နှုန်းထက် ပိုပေးရတာတွေ ကိုကြုံတွေ့နေရဆဲဖြစ်ပါတယ်။ လက်မှတ်ရရှိရေးကိုသာ အဓိကထားနေရတာကြောင့် တိုင်ကြားရေးဘက်ကို မရောက်နိုင်ဘူးလို့ မန္တလေးကိုပြန်မယ့် ပုဂ္ဂလိက၀န်ထမ်းတစ်ဦးဖြစ်သူ မခင်မာထွေးကဆိုပါတယ်။

“ သင်္ကြန်ကတော့ ရာဇ၀င်လိုကိုဖြစ်နေပြီ။ကားဂိတ်တွေကခုလိုအချိန်ဆို စကားပြောရတာအဆင်မပြေဘူး။ ပုံမှန် ထက်လည်းဈေးပိုပေးရတယ်။ တိုင်လို့ရတာသိပေမယ့် အဲ့ဒီဘက်ကိုအချိန်မပေးနိုင်ဘူး။ ကိုယ့်မှာက လက်မှတ်ရ ဖို့ အသည်းအသန် လုပ်နေရတာလေ။ အဆင်မပြေပါဘူး။ နောင်နှစ်တွေ ခုလိုမဖြစ်ဖို့မျှော်လင့်တယ်။ မျှော်လင့်လာတာလဲကြာခဲ့ပါပြီ ”လိုပြောပါတယ်။

ယခုနှစ်သင်္ကြန်ပွဲတော်ပိတ်ရက်မှာ ရုံးပိတ်/အလုပ်ပိတ်ရက်က (၅) ရက်သာရရှိပါတယ်။




Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments