Travel Sector Updates

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အပါအ၀င် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများကို Yangon Investment Forum 2018 တွင် ဆွေးနွေးမည်

missing

ရန်ကုန်တိုင်းဒေသကြီးကို အာရှ၏ ရင်းနှီးမြှုပ်နှံမှု ဗဟိုချက်မတစ်ခုဖြစ်လာစေရန်နှင့် စီးပွားရေးအခွင့်အလမ်းများ ပိုမိုကျယ် ပြန့်လာစေရန်  ကြိုးပမ်းအားထုတ်သည့်အနေဖြင့်  Yangon Investment Forum 2018 (YIF 2018 ) ကို မေလ ၉ ရက်နေ့ ၊ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်သွားမည်ဖြစ်သည်



Yangon Investment Forum 2018 တွင် ဥပဒေပြုသူများ၊ မူဝါဒချမှတ်သူများနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခြေခံမူဘောင်၊ အခွန်ဆိုင်ရာအချက်အလက်များ၊ လက်ရှိ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းကောင်းများကို ကျွမ်းကျင်ပညာရှင်များ ပါဝင်သောအဖွဲ့ဖြင့် ဦးဆောင် ရှင်းလင်း ဆွေးနွေးသွားမည့်အပြင် လက်ရှိ ဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အနက် စက်မှုဇုန်လုပ်ငန်း၊ လျှပ်စစ်နှင့်စွမ်းအင်၊ပို့ဆောင်ရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ အထည်အလိပ်စသည့် လုပ်ငန်းနယ်ပယ်တို့မှ အတွေ့အကြုံနှင့် အမြင်များကို ပြန်လည်ဝေမျှ ပေးသွားမည်ဖြစ်ကြောင်း သိရသည်

Advertisment
advertisment



အဆိုပါ ဖိုရမ်ကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(YRIC) ၊ ရင်းနှီးမြှုပ်နှံမှုနှင့်  ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာ န(DICA) တို့က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး  ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူပေါင်း ၅၀၀ ကျော် တက်ရောက်မည်ဟု မျှော်မှန်း ထားကြောင်း သိရသည်။
 
“ရန်ကုန်မြို့ဟာအရှေ့တောင်အာရှရဲ့အချက်အချာနေရာတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံ၊ အရှေ့တောင်အာရှ၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ရဲ့ကြီးမား​တဲ့ဈေးကွက်ရရှိနိုင်မှုအပေါ် ရင်းနှီးမြှုပ်နှံပြီး အကျိုးအမြတ်ရယူချင်တဲ့ ရင်းနှီးမြှုပ်နှံသူများအနေနဲ့ ၎င်းနိုင်ငံများနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုစီးပွားရေး အခွင့်အလမ်းကို သိရှိဖို့လိုပါတယ်။ ရန်ကုန်မြို့ဟာ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့အတွက် အသင့်တော်ဆုံးနေရာတစ်ခုဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

မြန်မာနိုင်ငံသို့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုများထဲတွင် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်တိုင်းဒေသကြီးသည် ရင်းနှီးမြှုပ်နှံမှုစီးဝင်မှု အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။

၁၉၉၄-၁၉၉၅ဘဏ္ဍာနှစ်မှ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အထိ ရန်ကုန်တိုင်းဒေသကြီးသို့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၅၈၅ ခုတွင် မတည်ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ်ဘီလီယံ ၆၉၉၀.၂၁၃၄ နှင့် ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈၄၅ ခုတွင် မတည် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ၂၀.၂၇၆တို့ အသီးသီး စီးဝင်ထားပြီးဖြစ်ကြောင်း သိရသည်။
 

ရန်ကုန်မြို့သည် မြန်မာနိုင်ငံတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ရန်အတွက် အခြေခံအဆောက်အအုံများစွာ ပြည့်စုံမှုရှိပြီး၊ အခြားသော မြို့များနှင့်လည်း ချိတ်ဆက်မှုအား အကောင်းဆုံးဖြစ်သည့် စီးပွားရေး အခြေစိုက်ရန်မြို့တစ်မြို့ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်ပေါင်း ၃၀ နှင့် အထူးစီးပွားရေးဇုန် အနေဖြင့် သီလဝါအထူးစီးပွားရေးဇုန် ၁ ခုရှိပြီး အကြီးဆုံး စက်မှုဇုန်မှာ လှိုင်သာယာမြို့နယ်တွင် တည်ရှိသည်။

Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments