Travel Sector Updates

အောင်လအန်ဆန်ကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်း သံတမန်အဖြစ် ကိုခန့်အပ်ရန် အကြမ်းဖျဉ်းသဘောတူညီမှုရယူထားကြောင်းသိရ

missing
Photo: Aung La N Seng

မြန်မာနိုင်ငံခရီးသွားလုပ်ငန်း သံတမန်အဖြစ် MMA အားကစားသမား ၀မ်းမစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီး ၀ိတ်ကမ္ဘာ့ ချန်ပီယံ အောင်လအန်ဆန် ကိုခန့်အပ်ရန် အကြမ်းဖျဉ်းသဘောတူညီမှု ရယူထားေ ကြာင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှသိရသည်။

“ခရီးသွားသံတမန်အဖြစ် ခန့်အပ်ဖို့ လုပ်နေတယ်

လက်ရှိမှာ သဘောတူညီမှုရရှိပြီးပြီ။နောက်ထပ် အခု လူငယ်တွေကြားထဲ ရေပန်းစားနေတဲ့ မိုရီဆာကီဝင်း(ခ) အ၀င်း ကိုလည်း ဂျပန်ခရီး သွားလုပ်ငန်း သံတမန်အဖြစ် ခန့်အပ်ဖို့စီစဉ်နေတယ်” ဟု ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာ ပြည်တွင်း၊ပြည်ပ ဆက်ဆံရေးနှု့် သတင်းပြန်ကြား ရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးကဆိုသည်

Advertisment
advertisment



လက်ရှိ မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှုအခြေနေသည် အိမ်နီးခြင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်လျှင် ခရီးသည်ဝင်ရောက်မှုနှုန်းများစွာ နည်းပါးလျက်ရှိနေသည်။ထို့အတွက်ကြောင့် မြန်မာ့ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတကာ ခရီးသွားလုပ်ငန်းပြပွဲများတွင်လည်း ၀င်ရောက်ပြသ နေသလို ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာကိစ္စများ ၊ နိုင်ငံတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာ ပြပွဲများကိုပါ ကျင်းပလျက်ရှိ သည်။

ယခုလည်း မြန်မာနိုင်ငံဖွား ၊ကချင်တိုင်းရင်းသားတစ်ဦးဖြစ်သည့် MMA အားကစားသမား အောင်လအန်ဆန် ကို မြန်မာနိုင်ငံသားခရီးသွားလုပ်ငန်းသံတမန် အဖြစ်ခန့်အပ်ရန် စီစဉ်နေခြင်းဖြစ်သည် ။အောင်လအန်ဆန် မှလည်း ၄င်း၏ တရားဝင်လူမှုကွန်ယက်စာမျက်နှာတွင် ၀မ်းသာစရာသတင်းကောင်းပါပါရစေဆိုပြီး ထိုကဲ့သို့ ရေးသားထားသည်။

“ကျွန်တော့ကို ခရီးသွားသံတမန်အဖြစ်နဲ့ခန့်အပ်ဖို့ အကြမ်းဖျဉ်းသဘောတူထားပါပြီ၊အဲ့ဒီအတွက် အရမ်းကျေးဇူး တင်ပါတယ်။ကျွန်တော်တို့နိုင်ငံအနာဂတ်အတွက် တကယ်ကိုစိတ်လှုပ်ရှားပါတယ်”

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံကို ပြည်ပခရီးသွားဧည့်သည် ၃ ဒသမ ၄ သန်းကျော်ဝင်ရောက်ခဲ့သည်။


Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments