Travel Sector Updates

ပြည်တွင်းခရီးစဉ်သုံးခုကို လေကြောင်းလိုင်းနှစ်ခု လေးလကြာ ပူးပေါင်းပြေးဆွဲမည်

missing
Photo - Supply

AIR KBZ နှင့် Golden Myanmar Airlines နှစ်ခု ပူးပေါင်းပြီး ရန်ကုန်မြို့သို့ အခြေပြုသည့်ပြည်တွင်းခရီးစဉ်သုံးခုကို  ဇွန်လ ၁ ရက်နေ့တွင် စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း Golden Myanmar Airlines မှ သိရသည်။

အဆိုပါခရီးစဉ်များကို ရန်ကုန်မှ ညောင်ဦး၊မန္တလေး၊ဟဲဟိုးမြို့သို့ ဇွန်လ ၁ရက်မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ လေးလတာကာလသတ်မှတ်ပြီး ပြေးဆွဲသွားမည် ဖြစ်သည်

ခရီးစဉ်များအားလုံးအတွက် ခရီးသည်ခုနစ်ဆယ်ခန့် ဆန့်သည် ATR 72 လေယာဉ်အမျိုးအစားများနှင့် နေ့စဉ်အလှည့်ကျ ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

“ Code Share Flight ဖြစ်တဲ့အတွက်  သတ်မှတ်ထားတဲ့မြို့တွေက အချိန်အတူပါပဲ

Advertisment
advertisment

ဇွန်လ ၁ရက် ရန်ကုန်ကနေ မနက် ၇ နာရီ စတင်မှာပါ။ ဒီခရီးစဉ်တွေအကုန်လုံးက ၉လပိုင်းအထိပဲ အကျုံးဝင်တယ်” ဟု Golden Myanmar ၏ Sale & Marketing မှ တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောသည်။

Golden Myanmar Airlines ၏ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံသားတစ်ဦးလျှင် ၄င်းခရီးစဉ်များအတွက် လက်မှတ်များကို မြန်မာငွေ ၄၃၀၀၀ ကျပ်မှ ၄၅၀၀၀ ကျပ်အတွင်း သတ်မှတ်ထားပြီး နိုင်ငံခြားသားခရီးသွား ဧည်သည့်များအတွက်မူ အနည်းဆုံး အမေရိကန်ဒေါ်လာ ၇၉ မှ ၈၁ အတွင်း ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းလေကြောင်းလိုင်းများ ရေရှည်ရပ်တည်နိုင်စေဖို့အတွက် တူညီသောခရီးစဉ်များကို ထိုကဲ့သို့ ပူးပေါင်းပြီး ပျံသန်းပြေးဆွဲသင့်သည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးက ပြောဆိုထားမှု ရှိသည်။

ရွှေမြန်မာလေကြောင်းလိုင်းသည် ထိုသို့ပူးပေါင်းပျံသန်းပြေးဆွဲခြင်းများအပြင် ပြည်တွင်းခရီးစဉ်တစ်ခု ဖြစ်သည့် ရန်ကုန် - လားရှိုး တိုက်ရိုက်ခရီးစဉ်တစ်ခုကိုလည်း ဇွန်လ ၃ရက်မှ စတင်ကာ အပတ်စဉ်အင်္ဂါ၊ကြာသပတေး၊တနင်္ဂ နွေနေ့များတွင် ပြေးဆွဲမည်ဟု သိရသည်။

Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments