Travel Sector Updates

မြန်မာအမျိုးသားလေကြောင်းနှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် ပြပွဲတွင် ပြည်တွင်း ပြည်ပလက်မှတ်များကို ၁၅ ရာခိုင်နှုန်း လျော့ဈေးဖြင့်ရောင်းချပေးခဲ့

missing
Photo - Supplied

မြန်မာအမျိုးသားလေကြောင်းနှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် Myanmar National Airlines 70th Anniversary Travel Fair ပွဲတွင် ပြည်တွင်းပြည်ပ လက်မှတ်များကို  ၁၅ ရာခိုင်နှုန်း လျော့ဈေးဖြင့် ရောင်းချပေးခဲ့ကြောင်း MNA Marketing Team ထံမှသိရသည်။   အဆိုပါ MNA 70th Anniversary Travel Fair ကို ပြီးခဲ့သည် သြဂုတ် ၂၅ ရက်နှင့် ၂၆ ရက်နေ့က မြန်မာပလာဇာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်

ယင်းပွဲတွင် လက်မှတ်ရောင်းချရမှုနှင့်ပတ်သက်ပြီး ပြင်ပသို့ ထုတ်ပြန်ကြေငြာခြင်းမျိုး မရှိသလို ရောင်းချရသည့်ငွေ ပမာဏနှုန်းထားများကိုလည်း ထုတ်ပြန် ပြောဆိုထားခြင်းမရှိကြောင်း သိရသည်

  “နှစ် ၇၀ ပြည့်ပွဲနဲ့ပတ်သက်လို့ PRESS RELEASE ထုတ်ထားတာပဲရှိတယ်။ ဘယ်လောက်ရောင်းရတယ်ဆိုတဲ့ ငွေပမာဏက ရုံးကိစ္စပဲ။ အပြင်ကို ဖြန့်ထားတာမရှိဘူး” ဟု MNA မှ တာဝန်ရှိသူတစ်ဦးကပြောသည်။   နှစ် ၇၀ ပြည့် လက်မှတ်အရောင်းပွဲတော်တွင် မပါဝင်ခဲ့ရသူများအတွက် ထပ်တိုး အစီအစဉ်အဖြစ် သြဂုတ် ၂၇ ရက်နှင့် ၂၈ ရက်နေ့ ည ၁၂ နာရီ အထိ လေကြောင်းလိုင်း Website တွင် ပရိုမိုကုဒ်ဖြစ်သော  UB70ANNI ကိုသုံးပြီး ၁၅ ရာခိုင်နှုန်းလျော့ဈေးဖြင့်ဝယ်ယူနိုင်ရန် MNA ကကြေညာခဲ့သည်။   မြန်မာအမျိုးသားလေကြောင်းလိုင်းသည် မြန်မာနိုင်ငံ၏တစ်ခုတည်းသော နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်ပြီး ယင်းကို ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် Union of Burma Airways အမည်ဖြင့် စတင်တည် ထောင်ခဲ့ခြင်းဖြစ်သည်။   လက်ရှိတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် ပြည်တွင်းခရီးစဉ်ပေါင်း ၂၈ ခုကို ပြေးဆွဲလျက်ရှိပြီး ပြည်ပ ခရီးစဉ်များအဖြစ် စင်ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်၊ ဖူးခက်၊ ဗုဒ္ဓဂါယာ၊ ချင်းမိုင် စသည့် နေရာများသို့ ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။

Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments