Travel Sector Updates

မြန်မာနိုင်ငံကို ဝင်ရောက်မည်ဆိုပါက အမေရိကန်ဒေါ်လာ ၁၀၀၀ ပြသရန်ကိစ္စ ခေတ္တဆိုင်းငံ

missing
Photo: consult-myanmar.com

ဂျပန် နှင့် တောင်ကိုရီးယား၊ တရုတ် နိုင်ငံသား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ဝင်ရောက်လျှင် Show Money အဖြစ် အမေရိကန်ဒေါ်လာ ၁၀၀၀ ပြသရန်ကိစ္စတွင် အချက်အလက် ထပ်မံဖြည့်စွက်ရန် ရှိသဖြင့် ယင်းကိစ္စကို ခေတ္တဆိုင်းငံထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်



ပြီးခဲ့သည့် ရက်ပိုင်းက ကြေညာခဲ့သည့် သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သော ဂျပန်၊တောင်ကိုရီးယားနိုင်ငံသား ဧည်သည်များကို ဗီဇာကင်းလွတ်ခွင့်ဖြင့် စမ်းသပ်ကာလ  ၂၀၁၈ အောက်တိုဘာ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့ထိ ခွင့်ပြုသည်ကိစ္စ၊ သာမန်တရုတ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သည့် တရုတ်နိုင်ငံသားများ( ဟောင်ကောင် ၊မကာအို ကိုယ်ပိုင်အုပ်ချုပ်ရနိုင်ငံ သားများ အပါအ၀င်) ဆိုက်ရောက်ဗီဇာဖြင့် Show Money ပြ ဝင်ရောက်ခွင်ပြုသည့် ကိစ္စတို့နှင့်ပတ်သက်ပြီး ခရီးသွားလုပ်ငန်းအသိုင်းဝိုင်း၊ခရီးသွားဧည့်သည်အချို့ကဝေဖန်မှုရှိခဲ့ရာမှ ယခုကဲ့သို့ Show Money ပြသရန်ကိစ္စ အား ခေတ္တဆိုင်းငံပြီးလိုအပ်သောအချက်များထပ်မံဖြည့်စွက်ရန်ရှိသည် ဟု အလုပ်သမား ၊လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထပ်မံ အသိပေး ညှိနိုင်းလာကြောင်း ဟိုတယ်နှင့်ခရီးသွား ဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာထားသည်



ဂျပန် ၊တောင်ကိုရီးယားနိုင်ငံသားများကို  ဗီဇာအခမဲ့ဖြင့် အပြည်ပြည်ဆိုင်ရာ ၀င်ပေါက်၊ထွက်ဖြစ်သည့် ရန်ကုန်၊မန္တလေး နှင့် နေပြည်တော် လေဆိပ်၊မြန်မာ-ထိုင်း နယ်စပ်ဂိတ်များ(တာချီလိတ် ၊မြ၀တီ ၊ကော့သောင်း ၊ ထီးခီး) မှတဆင့် မြန်မာနိုင်ငံသို့ ၀င်ရောက် ထွက်ခွာခွင့်ပြုထားပြီး တရုတ်နိုင်ငံသားများ ကိုမူ  လေကြောင်းခရီးစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်သည့် ရန်ကုန် ၊မန္တလေး ၊နေပြည်တော် လေဆိပ်များမှသာ ၀င်ရောက်၊ထွက်ခွာ ခွင့်ပြုထားခြင်းဖြစ်သည်။ ယင်းတို့ကို လေဆိပ်တွင် ဆိုက်ရောက် ဗီဇာ အခငွေ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀ ကောက်ခံမည်ဖြစ်ပြီး  Show Money ကိစ္စကိုမူ ခေတ္တဆိုင်းငံ့ထားမည်ဖြစ်သည်။

 “ စာထုတ်လိုက် ပြင်လိုက် ဖြစ်နေတာ ရှက်စရာကောင်းပါတယ်။ အမှန်ဆို ခရီးသွားလုပ်ငန်း ကိုင်တွယ်နေတဲ့သူတွေပဲ ဘယ်ကိစ္စဖြစ်ဖြစ်စဉ်းစားရမယ်။ပြည်သူက ဝေဖန်မှ ပြန်ပြင်ရတာ ဝန်ကြီးဌာန အနေနဲ့ မဖြစ်သင့်ဘူး။ ဒီကိစ္စတစ်ခုထဲတင်မဟုတ်ဘူး ဘယ်အရာဖြစ်ဖြစ်ပေါ့ဗျာ ။ " ပြည်တွင်း ပြည်ပ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသည့် ဦးထွန်းနိုင်ဦးက သုံးသပ်ပြောဆိုသည်။

လက်ရှိ ဂျပန်နိုင်ငံသားခရီးသွားဧည့်သည်ဝင်ရောက်မှုနှုန်း နည်းပါးလျက်ရှိပြီး အများစုမှာ စီးပွားရေးလုပ်ငန်း အတွက် လာရောက်ခြင်းဖြစ်သည်။ထို့အတူ ကိုရီးယားလူမျိုးခရီးသွား ၀င်ရောက်မှုမှာ လည်း နည်းပါးနေကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအ၀န်းမှ သိရသည်။  ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည် ၃ ဒသမ ၄ သန်းကျော်ဝင်ရောက်ခဲ့ကြောင်း ၀န်ကြီးဌာနမှ ထုတ်ပြန် စာရင်းများအရသိရသည်။



Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments