Travel Sector Updates

မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံ ခရီးသွားများလုပ်ငန်းမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်နေ

missing

မြန်မာ၊ဗီယက်နမ် နှစ်နိုင်ငံပူးပေါင်းပြီး နှစ်နိုင်ငံခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးကို သဘောတူညီချက်များ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ  သိရသည်။

နှစ်နိုင်ငံဘောတူညီချက်များ ရယူပြီး ခရီးသွားလုပ်ငန်းဆိုင်ရာအသင်းများ၊ခရီးသွားကုမ္ပဏီများ ပူးပေါင်းဆောင် ရွက်နေသည့်အပြင် ခရီးသွားလုပ်ငန်းပြပွဲများ ပြုလုပ်ခြင်းအပါအ၀င် မြှင့်တင်ရေးလှုပ်ရှားမှုများဖြင့် ခရီးသွား လုပ်ငန်းကို အရှိန်အဟုန် မြှင့်တင်လျက် ရှိသည်



မကြာသေးခင် မေလ ၇ ရက်နေ့က ခရီးသွားဆက်စပ်ကဏ္ဍလှုပ်ရှားမှုတစ်ခုအဖြစ် Viet Nam Days in  Myanmar အခမ်းအနားကို ရန်ကုန်မြို့ရှိ မြန်မာပလာဇာတွင် ကျင်းပခဲ့သည်။ အဆိုပါပွဲတွင် ခရီးသွားကုမ္ပဏီ ပြခန်းများ၊ အမှတ်တရလက်ဆောင်ပစ္စည်း ပြခန်းများ အပါအ၀င် နှစ်နိုင်ငံရှိ ထင်ရှားကျော်ကြားသည့်ခရီးစဉ် ဒေသများ၏ဓာတ်ပုံများကို ခင်းကျင်းပြသခဲ့သည်

Advertisment
advertisment



ထိုသို့ဆောင်ရွက်မှုများ ရှိနေစဉ်တွင် မြန်မာနိုင်ငံသို့ ဗီယက်နမ်လူမျိုး ခရီးသွားဧည့်သည်ဝင်ရောက်မှုနှုန်းမှာ လည်း တစ်နှစ်ထက် တစ်နှစ် တိုးတက်မှုရှိလာကြောင်း သိရသည်။

“နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းတာတွေ လုပ်ပြီး ဖြေလျော့သင့်တာ လျှော့တယ်။ ပရိုမိုးရှင်းဆိုင်ရာလုပ်ငန်းတွေလဲ လုပ်နေတယ်။ ဗီယက်နမ်နိုင်ငံနည်းတူ တခြားနိုင်ငံတွေနဲ့လည်း ခရီးသွားလုပ်ငန်း တိုးတက်လာစေဖို့အတွက် လုပ်နေပါတယ်။ ခရီးသွားဝင်နှုန်း အတိအကျစာရင်းကိုတော့ ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာပေးမှာပါ” ဟု ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန၊ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။


Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments