Travel Sector Updates

၂၀၁၉ ခုနှစ်တွင် မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းမည်

missing
Photo - Lwin Maung Maung

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို လာမည့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ကုန်တွင်ကမ္ဘာ့အမွေအနှစ် အဆိုပြုစာတွဲ(မူကြမ်း)တင်သွင်းနိုင်ရေးအတွက် ပြည်တွင်းပြည်ပ ပညာရှင်များ၊ ဌာနဆိုင်ရာများအပါအ၀င် ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်



လက်ရှိတွင် မြောက်ဦးဒေသအတွင်း လက်တွေ့ကွင်းဆင်းသုတေသနပြုခြင်း၊ Inventory စာရင်းကောက်ယူခြင်း၊ GIS မြေပုံရရှိရေးဆောင် ရွက်ခြင်း၊ ဒေသခံများပူးပေါင်းပါဝင် လာနိုင်ရေးနှင့် အမွေအနှစ်ချစ်မြတ်နိုးစိတ် ပိုမိုဖြစ်ထွန်းလာရေးအတွက် အသိပညာပေး လုပ်ငန်းများဆောင် ရွက်လျက်ရှိသည့်အပြင် UNESCO ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အီတလီနိုင်ငံတို့ကလည်း နည်းပညာနှင့် ပစ္စည်းများထောက်ပံ့ပေးမှုများ နေကြောင်းသိရသည်


 
“ ပြီးခဲ့တဲ့ မေလ ၁၃ ရက်ကနေ  ၁၅ ရက်နေ့အထိ မြောက်ဦးဒေသရဲ့ ရှေးကတည်းက ခုထိရေ အသုံးချမှု ဆိုင်ရာကိစ္စရပ်တွေ၊ ပထဝီဝင် အချက်အလက်တွေ၊ မြောက်ဦးဒေသ၏ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိတဲ့အချက် စတာတွေကို ကွင်းဆင်းသုတေသနပြုခဲ့ပြီးပြီ ။ ” ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းဒေသရှိ ရှေးဟောင်းအဆောက် အအုံနှင့်ရှေးဟောင်းပစ္စည်းများရေရှည်တည်တံ့စေရေးလုပ်ငန်းများအပါအ၀င်  ဘက်ပေါင်းစုံကာ ကွယ်ထိန်းသိမ်းနိုင်ရေး ဆိုင်ရာများကိုပါဆောင်ရွက် လျက်ရှိပြီး  ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေးလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲကျင်ပခဲ့ရာ အစည်းအဝေးတွင် နိုင်ငံတကာအထောက်အပံ့နှင့် နည်းပညာဆိုင်ရာအကူအညီများ ပူးပေါင်း ဆောင်ရွက်ရေးအပြင် တရုတ်နိုင်ငံအကူအညီဖြင့် မြေပုံရရှိရေး၊ ဇုန်နယ်နိမိတ်သတ်မှတ်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

အီတလီ နိုင်ငံအစိုးရ၏အထောက်အပံ့ ယူရို(၁)သန်းကို အီတလီအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ(AICS) ကမြောက်ဦးဒေသရှိယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းဆောင် ရွက် ရန် အပါအ၀င် အခြားသော လူမှုစီးပွားဘ၀ ၊ဒေသခံများ၏အလုပ်အကိုင် စသည့်လိုအပ်သည့်နေရာများကို အထောက်အပံ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်တင်သွင်းနိုင်ရန် အဖွဲ့ ၁၆ ဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိပြီး  ယင်းဒေသသည်  လာမည့်  ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရနိုင်လိမ့်မည်ဟု မျှော်မှန်းထားကြောင်းသိရသည်။

Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments