Departures

ရှမ်းပြည် ရဲ့ ဒုတိယအကြီးဆုံး မျိုးနွယ်စု ပအို့(ဝ်)လူမျိုးတို့ရဲ့ဒေသသို့ အလည်တစ်ခေါက်

missing
Photo - Phoe Nyan

ရှမ်းပြည်နယ် ဆိုတာနဲ့  လူအများစုက အင်းလေး ၊ တောင်ကြီး ၊ ကလော ကိုပဲ အများဆုံး ခရီးထွက်လေ့ရှိကြ ပါတယ် ။တကယ်ဆိုရင် ရှမ်းပြည်နယ်ဟာ လေ့လာ ၊ လည်ပတ်စရာနေရာတွေအများကြီးရှိပါတယ်။ ဒီတော့ သွားနေကြနေရာကိုပဲဆက်သွားမလား…..လူသူအရောက်ပေါက်နည်းတဲ့ခရီးစဉ်ဒေသကိုသွားကြမလား ပေါ့….



ဒါကြောင့်ကျွန်မတို့ကတော့အင်းလေးနဲ့လည်းမဝေး၊လွိုင်ကော်လည်းနီးတဲ့ပအို့ဝ်တို့စံပျော်ရာပင်လောင်းဒေသကိုရွေးချယ်ခဲ့ပါတယ်။အပျိုစင်ဒေသလို့ပင်တင်စားခေါ်ဆိုရလောက်အရိုင်းဆန်ဆန်သဘာဝအလှတရားတွေရှိနေပါတယ်

ဇန်ဝါရီလဆိုရင်ရေတွေလည်းခဲ၊လူတွေလည်းအနွေးထည်အကျီ င်္အထူဖားဖားကြီးတွေ ဝတ်ကြရပါပြီ။

ပင်လောင်းမှာက ရှေးဟောင်းသမိုင်းဝင်ဘုရားစေတီတွေရှိတယ်။ သွားလာလည်ပတ်စရာနေရာဆိုရင်လည်း ဓနုရွာတွေရှိမယ် ၊ စိုက်ခင်းတွေလည်းလေ့လာနိုင်သလို ၊ စွန့်စွန့်စားစားခရီးသွားခြင်း ကိုနှစ်သက်သူတွေနဲ့ ခရီးသွားအတွေ့အကြုံအသစ် ခံစားချင်သူတွေအတွက်ပါ စိတ်လှုပ်ရှားစွာ တက်ရောက်ရမယ့် မတ်စောက်တဲ့ တောင်တက်ခရီးစဉ်တွေလည်းရှိပါတယ်။ Trekking ခရီးစဉ်လည်းရှိတာကြောင့် အနည်းဆုံး ၂ ညအိပ် ၃ ရက် အချိန်ပေးနိုင်ဖို့လိုပါတယ်။ အကယ်၍ နေရာအစုံသွားဖို့ရည်ရွယ်ထားရင်  ၃ ညအိပ် ၄ ရက် ခရီးစဉ်လောက်မှသာ အဆင်ပြေနိုင်မှာပါ။

နောက်ပြီး ပင်လောင်းဒေသဟာ ညောင်ရွှေ နဲ့ လွိုင်ကော်မြို့ အကြားမှာ တည်ရှိတာဖြစ်လို့  ခရီးစဉ်တစ်ခုတည်းနဲ့ နေရာသုံးခုကို သွားရောက်နိုင်ခြင်းဟာ ကျွန်မတို့ ခရီးသွားတွေအတွက် တော့အဆင်ပြေတယ်လို့ဆိုရပါမယ်။ကျွန်မတို့ကတော့ ပင်လောင်းဒေသမှာ ၂ ညအိပ်ပြီး  ညောင်ရွှေမှာ တစ်ရက်အိပ်ခဲ့ပါတယ်။ကိုယ်ပိုင်ခရီးစဉ်သွားရောက်မယ်ဆိုရင် ဒါလေး တွေသိထားဖို့တော့ လိုမယ်နော်။

ဘယ်လိုသွားကြမလဲ
ရန်ကုန်ကနေ ပင်လောင်းကိုသွားမယ်ဆိုရင် ရန်ကုန် - လွိုင်ကော် ကားကိုစီးလို့ရပါတယ်။ ကားတွေမှာ ရိုးရိုး နဲ့ VIP အထူးကားဆိုပြီး အမျိုးစားနှစ်ခုရှိပါတယ်။အထူးနဲ့ရိုးရိုးမှာ ထိုင်ခုံအကျယ်အဝန်း ၊ လူအရေအတွက်နည်းတာ ၊ ဝန်ဆောင်မှုပိုင်း ကွာခြားမှုရှိတာပါ။ ကွာခြားမှုအ လိုက် ဈေးနှုန်းလည်း မတူပါဘူး။ကျွန်မတို့ကတော့ မျိုးဆက်သစ် ယာဉ်လိုင်းနဲ့ရွေးချယ်သွားခဲ့တယ်။ ကိုယ်သွားချင်တဲ့အချိန် ၊ ဝန်ဆောင်မှု ၊ကားထွက်ချိန်တိကျတာ ၊ အွန်လိုင်းကနေ လက်မှတ်ဖြတ်လို့ရတာ ကြောင့်ပါ။  လမ်းမှာ ခဏခဏရပ်တာ တစ်ခုတော့ နည်းနည်းစိတ်အနှောင့်ယှက်ဖြစ်စေတယ်။ကားမူးတတ်သူဆိုရင်တော့ မိမိအတွက်လို အပ်တဲ့ဆေးဝါးကို ပြင်ဆင်သွားသင့်ပါတယ်။

ရန်ကုန်ကနေ ညနေ ၃ နာရီ ခွဲအတိမှာ စထွက်ပြီးပင်လောင်းမြို့ ဦးဘဖြူဂိတ်ကို  မနက်စော ၄ နာရီ ခွဲ ဒါမှမဟုတ် ၅ နာရီဝန်းကျင်လောက် ကားဆိုက်ပါတယ်။ ကားဆိုက်လို့ ခရီးသည်တွေဆင်းချိန်၊အ ထုတ်ချချိန်ပဲ ဂိတ်က တာဝန်ရှိသူရှိပြီး ကားထွက်ပြီး ခဏကြာရင် လူမရှိပါဘူး။မနက်စောဖြစ်တာကြောင့် ဆိုင်တွေလည်းမဖွင့်သေးပါဘူး။ ဒီတော့ လာကြိုမယ့် သူအဆင့်သင့်ရှိမနေတဲ့အခါ မိန်းကလေးတွေအတွက် နည်းနည်းအဆင်မပြေဖြစ်နိုင်ပါတယ်။ဒါလေး တစ်ခုတော့ သတိထားရမယ့်အချက်ပေါ့။

ဘယ်မှာ တည်းမလဲ 
ခရီးသွားဖို့ ဆုံးဖြတ်ပြီးပြီးဆိုရင် ပထမဆုံးစဉ်းစားရမှာက ဘယ်ဒေသကိုသွားမှာလဲ၊ အပန်းဖြေအနားယူဖို့လား၊မရောက်ဖူးတဲ့နေရာသစ်ကို စူးစမ်းလေ့လာချင်တာလားဆိုတာ ကွဲကွဲပြားပြား သိဖို့လိုအပ်ပါတယ်။နေရာရွေးချယ်ပြီးရင်တော့ ဒုတိယအရေးကြီးတာက ဘယ်မှာ တည်းခိုမလဲဆိုတဲ့ကိစ္စပါ။ဒီနေ့ခေတ်မှာ အင်တာနက်ကနေ အချက်အလက်တွေ ၊ ဈေးနှုန်း စသဖြင့် ရှာဖွေလို့ ရနေပါပြီ။ တော်တော်လေးအဆင်ပြေပါတယ်။

ဒါဆို ပင်လောင်းမှာရော ဘယ်မှာတည်းကြမလဲပေါ့။ ဒီဒေသလေးက ခရီးသွားဧည့်သည်တွေ အရောက်ပေါက်နည်း ပေမယ့်လည်း တည်းခိုနိုင်မယ့် မိုတယ် ၊ ဟိုတယ် တွေရှိတော့ မဆိုးဘူးလို့ဆိုရပါ မယ်။ လက်ရှိမှာ အကြီးဆုံးက ပင်လောင်းဟိုတယ် ရှိပါတယ်။တခြား မိုတယ် ၊တည်းခိုခန်းလေး တွေလည်းရှိပါတယ်။ကျွန်မတို့ကတော့  ပင်လောင်းမြို့မှာ မကြာမီ ဖွင့်လှစ်မယ့် နိုင်ငံတကာအဆင့်မီ တည်ဆောက်နေတဲ့ မိတ်ဆွေရဲ့ဟိုတယ်မှာပဲ တည်းခိုခဲ့ပါတယ်။ ဟိုတယ်ခြံအကျယ်အဝန်းက ၇ ဧကလောက်ရှိပြီး သစ်ပင် ၊ ပန်းပင်တွေ နဲ့ တော်တော်လေးသာယာပါတယ်။   မကြာတော့တဲ့အချိန် ပင်လောင်းဒေသမှာ လူတန်းစားမရွေးတည်းခိုအနားယူနိုင်မယ့် နိုင်ငံတကာအဆင့်မီ တည်ဆောက်ထား သော ဟိုတယ် တစ်ခုအဖြစ် ထွက်ပေါ်လာမှာဖြစ်ပါတယ်။

ဘယ်နေရာတွေကို လည်ပတ်ကြမလဲ
လည်ပတ်စရာ နေရာတွေနဲ့ပတ်သက်ရင် ကိုယ်က ဘယ်နှစ်ညအိပ် ခရီးစဉ်လဲ ဆိုတဲ့အပေါ်မူ တည်ပါတယ်။ အနည်းဆုံး နှစ်ညအိပ်ဆိုရင်တောင် နေရာစုံရောက်ဖို့မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ကတော့ ၃ ညအိပ် ၄ ရက်ခ ရီး စဉ်ဖြစ်ပါတယ်။ဒါကြောင့် ကျွန်မတို့ရဲ့ ခရီးစဉ်အတိုင်း ဘယ်နေရာကိုလည်ပတ်နိုင်သ လဲဆို တော့…………ပင်လောင်းကို စတင်ရောက်ရှိတဲ့ မနက်ခင်း  ပထမဆုံးခရီးစဉ်က…

ပင်လောင်း ဟော်နန်း
ဒီဟော်နန်းကြီးရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၁၀၀ ကျော်ရှိပါပြီ။ နှစ်ကာလကြာမြင့်မှု ၊ ထိန်းသိမ်း စောင့်ရှောက် မှုအားနည်းတာတွေကြောင့် ဟော်နန်းရဲ့ နောက်ခြမ်းဟာ လုံး၀ ပျက်စီးပြို ကျထားတာကို တွေ့ရ ပါတယ်။ ဒါပေမယ့်လည်း ကျန်ရှိနေသေးတဲ့ ဟော်နန်းအရှေ့မျက်နှာသာ အခြမ်းကို ကြည့်ရှုရုံနဲ့ ပင်လောင်း စော်ဘွားကြီး တွေရဲ့ ရိုးရာဓလေ့အငွေ့အသက် ၊ ဗိသုကာ လက်ရာတွေကို ခံစားရစေပါတယ်။ ဟော်နန်းမှာ သစ်သားကို အဓိကအသုံးပြုထားပါတယ်။  ဟော်နန်းသမိုင်း အကြောင်းနဲ့ပတ် သက်ပြီး စူးစမ်းလေ့လာချင်သူတွေအနေနဲ့  ခြံဝန်းထဲမှာရှိတဲ့  အိမ်မှာ စုံစမ်းမေးမြန်းလို့လည်းရပါတယ်။ 

ယေးခေါင်း စေတီ (ခေါ်) ကျိုက်ထီးရိုး စေတီ နဲ့ ကျန်စစ်သားခြေရာ
ဒီစေတီကဒုံးယေးခေါင်းဆိုတဲ့ရွာမှာရှိတာပါ။ရွာကိုအစွဲပြုလို့ယေးခေါင်းစေတီလို့လည်းခေါ်ကြသလိုကျိုက်ထီးရိုးစေတီ သဏ္ဍန်တည်ထားတာကြောင့်လည်း ကျိုက်ထီးရိုစေတီဟု  ခေါ်ဆိုကြပါ တယ်။ ရသေ့ကြီးတစ်ပါး ကတည်ထားခဲ့တယ်လို့ ဒေသခံလမ်းပြကဆိုပါတယ်။ ကျောက်ဂူကို အောက်ခံထားပြီး စေတီတည် ထားတာပါ။ ဂူပုံစံသည်လည်း  ထုံး၊ကျောက်၊မြေနီ သုံးမျိုးရောစပ် နေသယောင်ဖြစ်နေပေမယ့် ဒေသခံတွေကတော့ မြေနီဂူ လို့ပြောပါတယ်။ဒီဂူမှာပဲ ယေးခေါင်းရွာရဲ့  ၂၈ ဆူဘုရားပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။

ဂူရဲ့မျက်နှာချင်းဆိုင် တစ်ဖက်လမ်းကို သွားလိုက်မယ်ဆိုရင် အမိုးအကာအဆောက်အအုံနဲ့ ထိန်းသိမ်းထားတဲ့ ကျန်စစ်သားခြေရာတွေ့ရမှာပါ။ဘယ်ဘက်ခြေရာ တစ်ခုပါ။ ယေးခေါင်း ဆရာတော်က ထိန်းသိမ်း ထားတာဖြစ် ပါတယ်။  ခြေရာနဲ့ပတ်သက်လို့ သမိုင်းအတိကျကို ပြောနိုင်သူတော့ မတွေ့ခဲ့ရပါဘူး။ကျွန်မတို့သွားတဲ့အချိန်နဲ့ မတိုက်ဆိုင်တာကြောင့်လည်း ဖြစ်နိုင်ပါ တယ်။လေ့လာစရာထဲကတစ်ခုပါပဲ။

ကွမ်းအစ်တောင်
ဒုံးယေးခေါင်းကနေ မိနစ် ၃၀ လောက် ဆက်မောင်းသွားရင်ရောက်တဲ့နေရာတစ်ခုပေါ့။ လမ်းက မြေနီလမ်း ဖြစ်ပြီး တောင်ခြေရောက်ခါနီးမှာလည်း ကားလမ်းမပေါက်သေးတာကြောင့် တောင်ခြေအနီးစပ်ဆုံးနေရာ အထိ ကို  မြက်ခင်းပြင် အတိုင်းသွားကာ အဲ့ဒီမှာပဲ ကားရပ်ခဲ့ရပါတယ်။ ပြီးရင်တော့ လိုအပ်တဲ့ ရေဗူး နဲ့ ဦးထုပ် ၊ ကျောပိုးအိတ်လွယ်ကာ လမ်းစတင်လျှောက်ပါပြီ။ တောင်ခြေကနေ မိနစ် ၃၀ ကြာရင် ကွမ်းအစ် တောင်တက်လမ်းစပါပြီ။။ မြေသားကို လှေကားထစ်ပုံစံ ထွင်းထားကာ တချို့မတ် စောက်တဲ့နေ ရာမှာ တော့ ဝါးလက်ရန်းတွေလုပ်ထားတာတွေ့ရပါတယ်။ကျွန်မတို့ကတော့ မကိုင်ရဲတာကြောင့် ဒီအတိုင်းပဲတက်ခဲ့ပါတယ်။ တောင်က မတ်စောက်တဲ့အတွက် အတက်၊အဆင်း ဖြေးဖြေးနဲ့မှန်မှန်ပဲတက်ခဲ့ပါတယ်။အဆင်းသတိ ထားစရာ က ခြေချော်ကြမှာ၊ ခြေဆစ်လွဲမှာစိုးလို့ ကိုယ်နေဟန် ထားကို ထိန်းပြီး ဆင်းရပါ တယ်။ ကျွန်မ တို့ သွားတုန်းက မိုးရွာထားတဲ့အရှိန်လက်ကျန်ကြောင့် လမ်းကအ နည်းငယ်စိုထိုင်းနေလို့ ပိုပြီး သတိ ထားခဲ့ရပါတယ်။

တောင်ပေါ်ရောက်တာနဲ့  သဘာ၀ အအေးဓာတ်နဲ့အတူ ခံစားရမယ့် လေကောင်းလေသန့်အရသာကို တဝကြီးရှုရှိုက်လိုက်ပါ။ခဏအမောဖြေပါ။ပြီးရင်တော့ ပတ်ဝန်းကျင်ကိုလေ့လာ ဖို့အချိန်ခဏပေးပါ။ ရိုးရာ တံခွန်တိုင်လေးနဲ့ စေတီလေးတစ်ဆူကို ကပ်လျက်တွေ့ရမယ်။ နောက်ပြီး ရွှေထီးဆောင်းထားတဲ့ လူပုဂ္ဂိုလ် တစ်ဦးရုပ်တုနဲ့အတူ ပုလ္လင်အလွတ်တစ်ခုကို ကျောက်တုံးပေါ်မှာ တွေ့ရပါလိမ့်မယ်။နောက်ဆုံး တောင်အောက် မဆင်းခင် ပင်လောင်းမြို့အလှတရားကို တောင်ထိပ်က နေ ငေးမောကြည့်ရှုခံစားနိုင်ပါတယ်။ပြီးရင် ဒုံးမင်းပူး ရွာရဲ့ လက်ဖက်ခြောက် ထုတ်လုပ်ပုံအဆင့်ဆင့်ကိုလည်း လေ့လာနိုင်ပါသေးတယ်။

နမ့်မွန်ရေတံခွန်
ပင်လောင်းကနေ ရေတံခွန်ကိုသွားဖို့အ တွက် လိန်းလီရွာမှာကားကိုထားခဲ့ရပါတယ်။လှေစင်းလုံးငှားပြီးပေါင်း လောင်းမြစ်တစ်လျှောက် တောတောင် အနိမ့်အမြင့်နဲ့ သဘာဝရေမြေအလှအပကိုကြည့်ရှုခံစားရင်း ခရီးဆက်ရပါတယ်။ မိနစ် ၇၀ အကြာမှာ ရောက်ပါတယ်။ဒါ့အပြင်  ရေတံခွန်ကလည်း တော်တော်လေးလှပပြီး စွဲဆောင်မှုအားကောင်းလွန်းလှပါတယ်။ တကယ့် Advancture tour တစ်ခုလို့ဆိုနိုင်ပါတယ်။ ဒီခရီးစဉ်တစ်ခုတည်းနဲ့တင် နေ့လည် ၃ နာရီကျော်လောက်မှ ပင်လောင်း ကိုပြန် ရောက်မှာပါ။ ဒါကြောင့် ကျွန်မတို့က လိန်းလီရွာပြန်ရောက်ရင် လိန်းလီတံတားနဲ့ အပြန်လမ်းက ဝင်္ကဘာလှိုဏ်ဂူ ကိုဝင်ရောက်လေ့လာပြီး ဟိုတယ်ဆီ ပြန်ဖြစ်ခဲ့ပါတယ်။

လိန်းလီတံတား
မြန်မာနိုင်ငံရဲ့ အရှည်ဆုံးကြိုးတံတားဖြစ်ပါတယ်။ ပေ ၆၀၀၀ မြင့်တဲ့ ဆင်တောင်မှ စီးဆင်းလာတဲ့ ပေါင်းလောင်းမြစ်ကိုဖြတ်သန်းပြီး တောင်ကုန်းထိပ်နှစ်ခု သွယ်တန်းထားတဲ့တံတားဖြစ်ပါတယ်။ ပင်လောင်းမြို့နဲ့ ဆိုရင် မိုင် ၂၀ ကျော်ကွာဝေးပါတယ်။ ဒီတံတားကို ၂၀၁၅ ခုနှစ် စက်တင်ဘာလမှ တည်ဆောက်ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှ စတင်ဖွင့်လှစ်ခဲ့တာပါ။

ဝင်္ကဘာ လှိုဏ်ဂူတော်
လှိုဏ်ဂူအတွင်းလျှောက်လမ်းက လူနှစ်ယောက်စာသာရှိပြီး ဝင်္ကဘာ တစ်ခုကဲ့သို့ လမ်းခွဲတွေရှိပါတယ်။ အတွင်းဘက်နံရံတွေမှာ လှပလွန်းတဲ့ မြေနီရောင် တောက်နေတဲ့ ကျောက်ပန်းဆွဲတွေရှိပါတယ်။ဂူအတွင်းတစ်ခု လုံးမှာ အံသြဖွယ်ရာတွေ့မြင်ရမှာပါ။ ကျောက်စက်ရေ ကျနေတဲ့အရှိန်ကြောင့် ဂူအတွင်းပိုင်းမှာ အေးစိမ့်နေပါတယ်။တောင်ထိပ်ပေါ်ကစေတီကို ဖူးမျှော်နိုင်သလို ပင်လောင်းမြို့ရဲ့အလှကိုလည်းမြင်နိုင်ပါသေး တယ်။ 

လုံးနဂါးပတ်ဘုရား
ပင်လောင်းမြို့ရဲ့ နဂါးပတ်ကျေးရွာမှာ တည်ရှိတာဖြစ်ပါတယ်။ နဂါးပတ်ဘုရားသွားရာလမ်းသည် အနည်းငယ် ကျဉ်းမြောင်းတဲ့အတွက် ၄၅ ယောက်စီးဘတ်စ်တွေသွားလို့အဆင်မပြေပါဘူး။ဒါကြောင့် ဘုန်းတော်ကြီးဆီကို ကြိုတင်ဆက်သွယ်ထားမယ်ဆိုရင်တော့ ဘုရား အသွားအပြန်ကို လိုက်ထရပ်ကားစီစဉ်ပေးကာ လူတစ်ဦးကို ၁၀၀၀ ကျပ်ပေးဆောင်ရပါတယ်။ဘုရားကပြန်လာပြီး  ညောင်ရွှေသို့သွားခဲ့ပါတယ်။အဲဒီမှာ နောက်ဆုံးညအိပ်ဖြစ်ပါတယ်။လေးရက်မြောက်နေ့မှာတော့ မနက်အစောကတည်းက အင်းလေးကန်အတွင်းကို လေ့လာခဲ့ပါတယ်။ ရိုးရာယက်ကန်းရုံ ၊ ယက်ကန်းထည်တွေ ၊ ရွှေအင်းတိန်ဘုရား ၊ အင်းလေးရေပေါ်စားသောက် ဆိုင် ၊ ဖောင်တော်ဦးဘုရား ဆီရောက်ခဲ့ပါတယ်။တခြား ဆေးလိပ်ခုံလုပ်ငန်း ၊ ရိုးရာ လှေထွင်းလုပ်ငန်းတွေတော့မရောက်ခဲ့ပါဘူး။ညောင်ရွှေကို ညနေ ၄ နာရီမှာပြန်ရောက်ပြီး ညနေ ၇ နာရီကားနဲ့ ရန်ကုန်ကိုပြန်လာခဲ့ပါပြီ။

အစားအသောက်နဲ့ပတ်သက်ရင် ပင်လောင်းဒေသမှာက ဈေးနှုန်းအသင့်တင်ရှိပြီး ရွေးချယ်စားသောက်လို့ရမယ့် ဆိုင်မျိုးသိပ်မတွေ့ခဲ့ရပါဘူး။ ညောင်ရွှေမှာကတော့ အစားအသောက်အတွက် လုံးဝစိတ်ပူစရာမလိုသလို တည်းခိုစရာလည်း ရွေးချယ်စရာအများကြီးရှိပါတယ်။ဒီတော့ နေရာသစ်မှာ အတွေ့အကြုံအသစ် မြင်ကွင်းသစ် ကိုပြောင်းလဲခံစားကြည့်ဖို့ တိုက်တွန်းပါရစေရှင်။

Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments