Departures

လီဒိုလမ်းမတစ်လျှောက် ပြန်လမ်းမဲ့ ရေကန်ဆီသို့

missing
By Marie starr , Photos By Thurein Yu

အထက်မြန်မာပြည် အစွန်အဖျားထိသွားဖို့အတွက် ကြိုတင်ပြင်ဆင်ချိန် တစ်နှစ်ခန့်ယူခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ဇန်နဝါရီလမှာတော့ ရဲဝံ့တဲ့ စွန့်စားလိုသူ သုံးဦးဟာ ကားနဲ့ ၆ ရက်ကြာ မောင်းနှင်ခဲ့ရပြီး မြန်မာပြည်အထက်ပိုင်းမှ ပြန်လမ်းမဲ့ရေကန်ဆီသို့ ရောက်ရှိခဲ့ကြပါတယ်

ထိုပြန်လမ်းမဲ့ရေကန်မှ ကံ   အားလျော်စွာဖြင့်ပဲ သူတို့သုံးယောက်စလုံး ပြန်လာခဲ့ကြပြီး ရေကန်သို့သွားရောက်ခဲ့တဲ့ အတွေ့အကြုံများကို စွန့်စားသူ ၃ ဦးထဲက တစ်ဦးဖြစ်သူ ကိုသူရိန်ယုနဲ့ My Magical Myanmar မှ မေးမြန်းခွင့်ရခဲ့ပါတယ်

 

ဇန်နဝါရီလရဲ့မနက်ခင်းတစ်ခုမှာတော့သူတို့သုံးဦးဟာ မန္တလေးအလွန်၊ မြစ်ကြီး နားမြို့မြောက်ဘက်မှ စစ်ကိုင်းတိုင်း အနောက်မြောက်ဘက်မှာရှိတဲ့ Eastern Nagaland သို့ သွားရောက်မယ့် ခရီးစဉ်ကို စတင်ထွက်ခွာခဲ့ကြပါတယ်။ သူတို့သွားရောက်ခဲ့တဲ့ ပန်းဆောင်မြို့ဟာတော့ အိန္ဒိယနယ်စပ်နှင့်ကပ်လျက်ရှိနေပြီး သမိုင်းဝင် လီဒိုလမ်းပေါ်မှာပဲ တည်ရှိပါတယ်။

အဲဒီအနီးအနားမှာ ရှိနေတာကတော့ ပြန်လမ်းမဲ့ရေကန်လို့ အမည်တွင်တဲ့ ကန်တစ်ခုပဲ ဖြစ်ပါတယ်။ ယင်းအမည်ကို ဒုတိယကမ္ဘာစစ်တုန်း ကလေယာဉ်မှူးတွေ လေယာဉ်ပစ်ခတ်ခံရတဲ့အခါ၊  စက်ချို့ယွင်းတာမျိုးဖြစ်တဲ့အခါတို့မှာ အနီးနားကပျော့ပျောင်းတဲ့ မြေနေရာရှာပြီး အမြန်ဆင်းသက်ရတာကနေ ထွက်ပေါ်လာတဲ့ ဒဏ္ဍာရီတွေ၊ ကြောက်ရွံ့ဖွယ် ပဟေဠိတွေကနေ ဆင်းသက်လာတာဖြစ်ပါတယ်။


ခရီးလမ်းဟာသူရိန်ယုကို မြန်မာပြည်ရဲ့ ဝေးလံ ခေါင်ဖျားလှတဲ့ ဒေသတွေဆီသို့ ခေါ်ဆောင်သွားပါတော့တယ်။ ရေစီးသန်တဲ့မြစ်တွေ၊ တောင်ထိပ်မှ ကွေ့ကောက်လှတဲ့လမ်းတွေ၊ တောင်စောင်း အစွန်းတလျှောက်လမ်းတွေနဲ့ ရွံ့နွံ့တောတွေကိုကြမ်းတမ်းစွာတိုးဖြတ်ခဲ့ရပါတယ်။ ဝေးလံခေါင်ဖျားလှတဲ့ အတွက် ရေ ၁၀ ဂါလံအပြင် အပိုဆီဂါလံ ၆၀ ကိုထရပ် ကားပေါ်မှာ သယ်ဆောင်လာခဲ့ရ တာက ပင်သူတို့အတွက် အန္တရာယ်တစ်မျိုးပါပဲ။ သူတို့ရဲ့ ပန်းတိုင်ကတော့ Nagaland ထဲကို တစ်စိတ်တစ်ပိုင်းစီးဝင်နေတဲ့ နာမည်ကြီး စတီးဝဲလ်လမ်း (လီဒိုလမ်း) ကိုရောက်ရှိဖို့ဖြစ်ပါတယ်။ 


ထိုလီဒိုလမ်းကိုတော့ ၁၉၃၈ ခုနှစ်၊ ဒုတိယတရုတ်-ဂျပန်စစ်ပွဲအတွင်းမှာမဟာမိတ်များက တရုတ်သို့ ရိက္ခာပို့ဆောင်ရန် ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။လီဒိုလမ်းဟာ 4x4 Myanmar အဖွဲ့ကို သူတို့ရဲ့ နောက်ဆုံးပန်းတိုင်အဖြစ် ပြန်လမ်းမဲ့ရေကန် (သို့မဟုတ်) ဒေသခံတွေအခေါ်အရ ပန်းဆောင်အင်း (ပန်းဆောင်ကန်)သို့ ခေါ်ဆောင်သွားပါတော့တယ်။


4x4 Myanmar အဖွဲ့ကိုနှစ်တိုင်းမြန်မာနိုင်ငံထဲက စိန်ခေါ်မှုလို့ယူဆရတဲ့ နေရာများကို သွားလေ့လာဖို့ စိတ်အားထက်သန်တဲ့လူများနဲ့ ဖွဲ့စည်းထားပြီး သူတို့အဖွဲ့အနေနဲ့ နှစ်တိုင်း ခရီးကြမ်း သွားရခြင်း၊ စူးစမ်းလေ့လာခြင်းတို့ကို ပြုလုပ်လေ့ရှိပါတယ်။  ရန်ကုန်မှ အသင်းဝင်များကရန်ကုန်အပြင်ဖက် မြန်မာနိုင်ငံဒေသအနှံ့အပြားသို့ အဖွဲ့ စတင်တည် ထောင်သည့် ၂၀၁၅ မှစ၍ ခရီးဆယ်ကြိမ် ထွက်ရောက်ပြီးပြီဖြစ်ပါတယ်။ 


စတင် တည်ထောင်သူသူရိန်ယုမှာတော့ လွန်ခဲ့တဲ့ ၁၉နှစ်ကတည်းကသူ့ရဲ့ 4x2 နှင့် 4x4 များပေါ်မှနေပြီး နိုင်ငံတစ်ခွင် စူးစမ်း လေ့လာနေသူပဲ ဖြစ်ပါတယ်။ လီဒိုလမ်းကိုသွားတဲ့
ခရီးမှာတော့ သူရိန်ယုက ဖို့ဒ်ရိန်းဂျား၊ 4x4 ကို အတူတကွတည်ထောင်သူ သော်ဇင်ကတော့ မစ်ဆူဘီရှီပါဂျဲရိုးနှင့် လူသစ်တစ်ဦးဖြစ်တဲ့ သိန်းကဋေကတော့ တိုယိုတာလန်ခရူဇာစသည်ဖြင့် အသီးသီးမောင်းနှင်ခဲ့ကြပါတယ်။ ဒီလိုလမ်းတွေကို မောင်းပြီးတဲ့အခါမှာတော့ ပိုပြီးယုံကြည်မှုရှိလာပါတယ်။ ကိုယ့်ကား ဘာတွေလုပ်နိုင်တယ်ဆိုတာလဲသိလာပါတယ်။ လီဒိုလမ်းကိုသွားတဲ့ စွန့်စားခန်းတွေအကြောင်း သူရိန်ယုပြောတာနားထောင်ပြီးတဲ့နောက်မှာတော့ ခရီးမသွားခင် ဘယ်လောက်ထိ ကြိုတင်ပြင်ခဲ့ရမလဲ ဆိုတာကို နားလည်လာပါတယ်။ 

ဒီခရီးကိုလိုက်ချင်တဲ့လူအများကြီးထဲမှာမှ လက်တဆုပ်စာ လူအနည်းငယ်ကပဲခရီးကြမ်းနဲ့သင့်တော်အောင် လုံလုံလောက် လောက် ပြုပြင်မွမ်းမံထားတဲ့ ယဉ်မျိုးကို ပိုင်ဆိုင်ပါတယ်။ 4x4 အဖွဲ့ထဲက စိတ်အား ထက်သန်တဲ့လူရာပေါင်းများစွာထဲမှာမှ တက်ကြွတဲ့ လူအယောက် ၃၀ လောက်ကသာ ဒီလိုလီဒိုခရီးလိုမျိုး ကြမ်းတမ်းတဲ့ မြေပြင်အနေအထားမျိုး သွားနိုင်လောက်တဲ့ယာဉ်တွေရှိပါတယ်။ ဒါပေမယ့်လဲ လီဒိုလမ်းလေ့လာရေးခရီးစဉ်ကတော့ သွားဖူးသမျှထဲမှာ ယာဉ်အတွက်ကော မောင်းနှင်သူအတွက်ပါ အခက်ခဲဆုံးနဲ့အကြမ်းတမ်းဆုံးခရီးပဲ ဖြစ်ပါတယ်။ လမ်းအခြေအနေကပင် အကြီးမားဆုံးသော အန္တရာယ်ဖြစ်ပြီးမကြာခဏဆိုသလိုပင် ကြောက်ဖို့ကောင်းအောင် လမ်းခရီးကြမ်းလာတတ်ပါတယ်။ အဲဒီက တောတွေက ခြောက်သွေ့ရာသီမှာ တောင်မြေခြောက်ဖို့ နေရောင် လုံလုံလောက် လောက်မကျအောင် သစ်ပင်တွေက ပိတ်နေတယ်။ ဒါကြောင့် တစ်နှစ်ပါတ်လုံး မြေအခြေအနေက စိုစွတ်ပြီး ပျော့နေလို့ ရွှံ့ထူတယ်လို့သူရိန်ယုမှ ပြောခဲ့ပါတယ်။ စွန့်ပစ်ထားခဲ့ရတဲ့ ကားအယိုအယွင်း၊ အပျက်အစီးတွေကိုတော့ နာဂတောင်များရဲ့ မတ်စောက်တဲ့ တောင်တက်နဲ့ တောင်ဆင်းများမှာ ရွှံ့ထူထူအခြေအနေကို သက်သေပြနေသကဲ့သို့ ပဲတွေ့ရမှာဖြစ်ပါတယ်။  


သူရိန်ယုကပဲ ဆက်လက်ပြီး ကားက ပြဿနာအသေးအဖွဲလေးတွေ ရှိခဲ့ပေမယ့် ဘယ်သူမှတော့ ပြဿနာ ကြီးကြီးမားမားမရှိခဲ့ကြပါဘူး။ ဒါကလည်း ကြိုတင်ပြင်ဆင်မှုနဲ့ အန္တရာယ်ကင်းအောင် အာရုံစူးစိုက်မှုအပြင် လမ်းတစ်လျှောက် ဒေသခံတွေကိုမေးမြန်းပြီး သွားတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ လူတွေကတော့ ကားငါးစီးမှာတစ်စီးက Nagaland ရဲ့ မတ်စောက်တဲ့တောင်တွေဆင်းရင်းနဲ့ကားheat တက်တတ်ကြတယ်လို့ ပြောပါတယ်။ 


ငါးရက်ဆက်တိုက် မနက်စောစောစတင်ထွက်ခွာပြီးညနောက်ကျတဲ့အထိ ကြိုးစားမောင်းနှင်ခဲ့ရကာ ကားသုံးစီးယာဉ်တန်းလေးမှာ မြောက်ဖက်သို့တိုးဝင်ခဲ့ပါတယ်။ ခြောက်ရက်မြောက်နေ့မှာ တော့ ပြန်လမ်းမဲ့ရေကန် ဆီရောက်ရှိခဲ့ကြပြီးအနားမှာရှိတဲ့ လဟဲမြို့မှာ စခန်းချဖြစ်ခဲ့ကြပါတယ်။ ရေကန်ကိုရောက်တာကပဲကျွန်တော့်အတွက် ဒီခရီးရဲ့ တကယ့်အောင်မြင်မှုတစ်ခုဖြစ်ပြီး စိတ်ဝင်စားဖွယ် အကောင်း ဆုံးဖြစ်ရပ်တစ်ခုလဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဝေးကြီးကို အကြာကြီးမောင်းနှင်ခဲ့ ရလွန်းလို့ တကယ်ပဲရောက်နိုင်ပါ့မလား ဆိုတာကို သံသယတောင် ဖြစ်ခဲ့ရပါတယ်။ပြန်လမ်းမဲ့ရေကန်က မြန်မာ-အိန္ဒိယနယ်စပ်မှာရှိပြီး ၁.၄ ကီလိုမီတာရှည်လျားကာ ဝ.၈ ကီလိုမီတာ ကျယ်ပါတယ်။ ထိုဒေသအပြင် ရေကန်နဲ့ဆက်စပ်နေတဲ့ ပဟေဠိတွေနဲ့ဒဏ္ဍာရီတွေကြောင့်  တခါတရံ မြန်မာဘာမြူဒါတြိဂံလို့ တင်စားခေါ်ဝေါ်ကြပါတယ်။


ဒေသခံဒဏ္ဍာရီတွေကတော့ ဒုတိယကမ္ဘာစစ်ကတည်းကလေယာဉ်ပျက်တွေဟာကန်ရဲ့အောက်ခြေမှာတည်ရှိနေတုန်းပဲလို့ ပြောကြပါတယ်။ အချို့ကလဲ တိုက်ပွဲကပြန်လာတဲ့ ဂျပန်စစ်သား တစ်စုဟာ လမ်းပျောက်ပြီး ရေကန်ကိုရောက်ရှိခဲ့ပြီးတဲ့နောက် ဖျားနာကာအစုလိုက်အပြုံလိုက် သေဆုံးခဲ့ ကြတယ်လို့လည်း ပြောကြပါသေးတယ်။ 


ကန်အနားတစ်ဝိုက်နဲ့နယ်စပ်မှာအချိန်ဖြုန်းပြီးတဲ့နောက်  4x4  Myanmar ကားတန်းလေးက Nanyoun မှာပဲ ညကို ကုန်လွန်စေခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ အပြန်ခရီးကိုစတင်ခဲ့ကြပြီး လဟဲမြို့က နာဂ နှစ်သစ်ကူးမီးပုံပွဲကို အချိန်မှီလေးပဲေ ရာက်ရှိခဲ့ကြကာ အရင်နှစ်ကလဟဲမြို့ကိုရောက်ဖူးတဲ့ ကိုသော်ဇင် ကြိုတင်စီစဉ်လာတဲ့ ရွက်ဖျင်တဲတွေ ထိုးကာ စခန်းချလိုက်ကြပါတယ်။  အားလုံးတွဲလိုက်ရင် တခြားကမ္ဘာတစ်ခုလိုပါပဲ၊ လူတွေကကိုယ်နဲ့ ဆိုင်ရာဒေသိယစကား ပြောကြတယ်၊ ကိုယ်ဆိုင်ရာအစားအစာကိုစားသောက်ကြတယ် ပြီးတော့ မြေပြင်ပေါ်မှာပဲ သဘာဝနဲ့ဒွန်တွဲပြီး နေထိုင်ကြတယ်။ သူတို့အတော်များများကတော့ ခရီးသွားတွေကို မြင်ဖူးလေ့မရှိတာကြောင့် ရှက်နေ ကြပါတယ်။


ဒါဆို ရဲဝံ့တဲ့ Myanmar 4x4 အသင်းရဲ့ နောက်ထပ်ခြေလှမ်းကဘာဖြစ်မလဲ? အခုလာမယ့် ဆောင်းရာသီမှာ ကျွန်တော်တို့ ကချင်ပြည်နယ်၊ မြစ်ကြီးနားနဲ့ပူတာအိုတို့ရဲ့အရှေ့ဘက်က နှင်းကျတဲ့ နေရာတွေကိုသွားရောက်နိုင်ဖို့ ရည်မှန်းထားပါတယ် ဆိုပြီး သူရိန်ယုကဆက်လက် ပြောဆိုပါတယ်။ 


ကျွန်တော်တို့ရဲ့ ကားတွေကို ကြမ်းတမ်းတဲ့ အခြေအနေရှိတဲ့ လေ့လာရေးခရီးတွေကို ရင်ဆိုင်နိုင်အောင် နှစ်များစွာ မွမ်းမံ ပြင်ဆင်လာတာပါ။ နှင်းကျတာဟာ ပျော်စရာကောင်းမှာဖြစ်ပြီး အရင်အတွေ့အကြုံတွေနဲ့တူမှာမဟုတ်ပါဘူး။ နောက်ပြီး တော့ ကျွန်တော်တို့လုံခြုံရေးအတွက်လဲ စဉ်းစားရပါဦးမယ်၊ ကျွန်တော်တို့ မွမ်းမံပြင်ဆင်တဲ့ အထဲကျည်ကာတွေ မပါဝင်သေးပါဘူး။

Marie is copy editor and writer at My Magical Myanmar since 2016. From Ireland but living in Myanmar for the past five years, she specializes in travel writing and hotel and restaurant reviews. Her writing and photography have been published in numerous local as well as major international publications including Al Jazeera and The Irish Times. Her passion lies with exploring unknown destinations and discovering diverse ethnic cuisines."""

0Comments

Leave a Comments