ဝရိယ၊ဝါသနာတို့နဲ ဝန်ဆောင်မှု လုပ်ငန်းစု Virya Courture လုပ်ငန်းစုကို တည်ထောင်ခဲ့သူ
ငယ်စဉ်ကတည်းက ဝါသနာပါခဲ့ပေမယ့်လည်း အထောက်အပံ့ပေးသူ ၊ကူညီပေးသူမရှိခဲ့တာကြောင့် သူဟာ အကောင်ထည်မဖော်ဖြစ်ခဲ့ဘဲ ရွေးကောက်ပွဲပြီးနောက်ပိုင်း ၂၀၁၆ ခုနှစ် အောက်တိုဘာလမှသာ virya couture လုပ်ငန်းကို စတင်နိုင်ခဲ့ပါတယ်။
ခုဆိုရင်တော့ တစ်နှစ်သက်တမ်းကျော်လွန်လာခဲ့ပါပြီ
လုံ့လ ဝီရိယ ရှိသူတိုင်း အောင်မြင်နိုင်တဲ့ အချက်ကိုဖော်ညွှန်းဖို့ ဆိုင်နာမည်လေးကို Virya ဆိုပြီးပေးဖြစ်တယ်လို့ သူကဆိုပါတယ်။ Viryaဆိုတာ မြန်မာလို အဓိပ္ပယ်ကတော့ ဝီရိယ ပေါ့။
ဝါသနာကို အရင်းခံပြီး Virya Couture ဆိုတဲ့လုပ်ငန်းစုကို တည်ထောင်ခဲ့သူကတော့ အသက် ၃၀ ဝန်းကျင်ရှိတဲ့ အမျိုးသမီးတစ်ဦးပါ
သူဟာ သူဝါသနာပါတာလုပ်ရင်း ပညာရေးအားနည်းတဲ့ အမျိုးသမီးတွေကိုပါ တဖက်တလမ်းကနေ ကူညီပံပိုးမှုတွေ ပြုလုပ်နေသူဖြစ်ပါတယ်။
သူမရဲ့ Virya Couture လုပ်ငန်းမှာ ရိုးရာပိတ်စတွေကိုဖက်ရှင်ဒီဇိုင်းဖော်ပြီး အပ်ထည် လက်ခံကာ စက်ချုပ်ဝန်ဆောင်မှုပေးသလို အဆင်သင့်ဝတ်စုံ လည်းရနိုင်ပါသေးတယ်။ ready to wearကိုတော့ ယခုနှစ်ထဲမှာ ပြည်တွင်းရှိ ပြည်ပဈေးကွက်ကိုထိုးဖောက်ဖို့ သူမ ပြင်ဆင်နေပါပြီ။
သူမဟာငယ်စဉ်ကတည်းကအဘွားဖြစ်သူနဲ့အတူအကျီ ၤချုပ်လုပ်မှုပညာတွေကိုလေ့လာခဲ့သူပါ။သူမနာမည်ကတော့ မပြုံးသက်သက်ကျော်ပဲဖြစ်ပါတယ်။
“အဲဒါတွေလုပ်နေရရင် ပျော်တယ်။ထမင်းမေ့ ဟင်းမေ့ နေ့မအားညမအားကိုလုပ်ခဲ့ဘူးတယ်။ခုလည်းအဲ့လိုလုပ်နေရပေမယ့် အရမ်းပျော်တယ်။အရှုံးအမြတ်ကလည်းအဓိကကျသလို ဝါသနာက လည်းအဓိကကျခဲ့တယ်” လို့ Founder & Lead Designer ဖြစ်တဲ့ သူမကအပြုံးရိပ်မျက်နှာထားနဲ့ ပြောပြလာပါတယ်။
စက်ချုပ်ပညာနဲ့ပတ်သက်လို့ ဝါသနာပါခဲ့ပေမယ့်လည်းသူမရဲ့အိမ်က ပညာရေးကိုသာ ဦးစားပေးသင်စေခဲ့တယ်လို့ဆိုပါတယ်။သူမဟာပညာသင်ကြားနေရင်းကပင် အချိန်ရရင်ရသလို စက်ချုပ်ပညာကိုလေ့လာခဲ့ကာ ဆိုင်လေးတွေလည်း ဖွင့်ခဲ့သလိုအိမ်မှာနေပြီးအပ်ထည်လက်ခံချုပ်ပေးတာမျိုးလုပ်ခဲ့သူပါ။
နောက်ပိုင်းမှာတော့ နိုင်ငံဖွံ့ဖြိုးလာမှုနဲ့အတူသူမရဲ့ ဝါသနာနဲ့ ဆက်စပ်တဲ့ ဒီလုပ်ငန်းကိုအကောင်ထည်ဖော်ခဲ့ပါတယ်။စတင်ဖွင့်ခဲ့စဉ်က ကျွမ်းကျင်ဝန်ထမ်းအခက်အခဲ ၊ အဓိကကျလှတဲ့ ငွေအရင်းအနှီး ၊ဆိုင်ခန်းနေရာအခက်ခဲတွေ ရှိခဲ့ပေမယ့် ခုချိန်မှာတော့ အတိုင်းတာတစ်ခုထိရောက် ရှိနေတဲ့ လုပ်ငန်းဆိုလည်းမမှားပါဘူး။ဒါဟာလက်တွဲလုပ်ဖော်ကိုင်ဖက်တွေကျေးဇူးလည်းရှိတယ်လို့ ပြောပါတယ်။လစဉ် နေ့ရက်တိုင်းဟာအပ်ထည် ချုပ်နေရတာကြောင့် အားလပ်ရက်ပင် မရှိဘူးဟုလည်းဆိုပြန်ပါတယ်။
“အရင်ကတည်းကသာငါသာလုပ်ခဲ့ရင် ခုချိန်ဆိုအတော် ခရီးရောက်နေပြီဆိုတဲ့ စိတ်နဲ့ ပိုလုပ်ဖြစ်တယ်။ကိုယ့်လိုပဲဖြစ်ချင်တဲ့အမျိုးသမီးငယ်လေးတွေကိုလုပ်ပေးတယ် ၊သင်တန်းပေးတယ်။ ဖြစ်ချင်တဲ့ ဟာတွေကို လမ်းပြပေးချင်တယ်။ အဓိကတော့ ဆယ်တန်းမအောင်တဲ့ သူတွေအတွက်ပါ” လို့ သူရဲ့စိတ်ခံစားချက်ကိုပြောပြပါတယ်။
သူမဖွင့်လှစ်နေတဲ့ သင်တန်းကလည်းစားရိတ်ငြိမ်းသင်ကြားပေးသလိုသင်တန်းသူဘက်က မျှေ၀ ကုန်ကျခံယူမယ်ဆိုကလည်းညှိနှိုင်းဆောင်ရွက်ပေးပါတယ်။အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အတွင်းအမျိုးသမီးတွေကို training ပေးတာဖြစ်ပြီးခုဆိုရင်ဒုတိယမြောက်သင်တန်းပင်ဖွင့်လှစ်နေပါပြီ။
စက်ချုပ်ပညာသာမကအသိပညာဗဟုသတပိုင်း၊ဘဝအတွက်အကျိုးရှိမယ့်အရာတွေ၊ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစေဖို့ပါလမ်းပြသင်ကြားပေးတာဟာသူမရဲ့ ရေရှည်အစီစဉ်တစ်ခုလည်းဖြစ်ပါတယ်။
ကျွန်မတို့ မြန်မာနိုင်ငံမှာဆယ်တန်းအောင်မြင်တဲ့သူတွေရှိသလိုအကြောင်းကြောင်းကြောင့် အတန်းပညာသင်ကြားခွင့်မရတဲ့သူတွေရှိနေပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်ရင်းကပင် အဲဒီလိုလူတွေအတွက် ယခုလိုမျိုးဖော်ဆောင်ပေးနိုင်တယ် ဆိုတဲ့အချက် လူ့အဖွဲ့အစည်းကိုဖော်ထုတ်ပြသချင်တာဟာသူမရဲ့ အဓိကရည်ရွယ်ချက်ပါ။
“အစ်မကလည်းကြိုးစားဆဲပါ။ဒီလိုလုပ်လို့ရတယ်ဆိုတာကိုမက်ဆေ့ပေးချင်တာပါ။ တစ်ခုရှိတာကသင်တန်းပေးလိုက်တိုင်းလဲလူကထွက်မလာဘူး။ လူတစ်ယောက်ကိုလချီ ၊နှစ်ချီပြီထောက်ပံ့ပေး ၊သင်ပေးရတာမလွယ်ကူပါဘူး။”လို့ သူမရဲ့ သင်တန်းအပေါ် မျှော်လင့်ချက်ထားကြောင်းပြောပါတယ်။
ကျွန်မတို့ လူမှု အသိုင်းအဝိုင်းမှာက အကုန်အကျမရှိတဲ့ free training တွေဆိုရင် တန်ဘိုးထားမှုမရှိကြတာဟာအင်မတန်မှ အကျည်းတန်းလှပါတယ်။
သူမဟာအရင်က NGO ၊ ဗြိတိသျှသံရုံးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာလုပ်ခဲ့သလိုအစိုးရဆရာမအဖြစ်လည်းလုပ်ခဲ့တာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းရော ပြည်တွင်းကပါ အားပေးမှုရှိနေပါ တယ်။
ပြည်တွင်း ပြည်ပအားလုံးကပိတ်စအရောင် တောက်တောက်တွေကိုသဘောမကျသလိုခပ်ဟော့ဟော့ ဖက်ရှင်ဒီဇိုင်းတွေကိုလည်း မနှစ်သက်ပါဘူး။ အရောင် မှိုင်းပြီးရိုးရှင်းတဲ့ အကျီ ၤ ဒီဇိုင်းတွေကိုသာ ကြိုက်နှစ်သက်ကြသလိုအသက် ၃၀ ကျော်ဝန်းကျင် ပရော်ဖက် ရှင်နယ်ဆန်တဲ့ အမျိုးသမီးတွေ အများဆုံးအားပေးမှုရှိတယ်လို့ သူမကဆိုပါတယ်။
Viryaမှာာတင်ထားတဲ့ ရိုးရာပိတ်စတွေဟာယုံကြည်စိတ်ချရတဲ့ ယက်ကန်းစင်ကနေတိုက်ရိုက် မှာယူထားတာဖြစ်လို့ ပစ္စည်းအရည်အသေးပိုင်းမှာအာမခံတယ်လို့လဲပြောပါတယ်။၊ခုဆိုရင် သူမအပါ အဝင် ဝန်ထမ်း ၆ ယောက်နဲ့ လုပ်ငန်းကိုလည်ပတ်နေပြီးအနာဂတ်အတွက် သင်တန်းတွေလည်းတက်နေတယ်လို့ ဆိုပြန်ပါတယ်။
သူမဟာခုလိုအချိန်တွေမအားလပ်တဲ့ကြားကပင် အွန်လိုင်း shopping ပါ လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။
အပ်ထည် ပိတ်စတစ်ခုကိုအချိန် ၃ ပတ်ကနေ ၁ လ ရက်ချိန်းယူပြီး ချုပ်ခဝန်ဆောင်မှုအတွက် မြန်မာငွေကျပ် အနည်းဆုံး ၄ သောင်းဝန်းကျင်ကနေ စတင်သလို ready to ware ကတော့ အနည်းဆုံး ၅ သောင်းနဲ့ ၆ သောင်းဝန်းကျင်ကနေ စတင် ဝယ်ယူနိုင်ပါတယ်။
Viryaကဲ့သို့ တိုင်းရင်းသားရိုးရာဖက်ရှင်ဒီဇိုင်း ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေ ပြည်တွင်းမှာလက်ချိုးရေတွက်ရလောက်အောင်ပင် နည်းပါးနေသေးတယ်လို့ သူရဲ့အမြင်ကိုပြောပါတယ်။
တစ်နှစ်တာအတွင်းအကောင်းဆုံးဆောင်ရွက်နိုင်ခဲ့သော်လည်းမိမိကိုယ်ကိုအောင်မြင်တယ်လို့ မတွေးဘဲအောင်မြင်မှုလမ်းကြောင်းပေါ်ရောက်နေတဲ့ လူတစ်ယောက်အဖြစ်ပဲခံယူထားသူလည်း ဖြစ်ပါတယ်။ဒီနှစ်ထဲမှာတော့ ဆိုင်ခွဲဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ရိုးရာအထည်တွေကို ေခတ်ပေါ်ဒီဇိုင်းဖန်တီးပုံဖော်တာကောင်းသလိုရိုးရာကို ပျက်စီးစေတဲ့ ဆန့်ကျင့်ဘက် ဖက်ရှင်ဒီဇိုင်းတွေ မလုပ်ဖို့ဟာလည်း အဓိကအရေးကြီးတဲ့ အချက်တစ်ခုဖြစ်ကြောင်း သူမက အကြံပေးပြောဆိုခဲ့ပါတယ်။
0Comments