ကလေးလုပ်သားပပျောက်ရေးကော်မတီမှ စံပြလုပ်ဆောင်ချက် နယ်မြေနှစ်ခု၌ စတင်မည်
ကလေးလုပ်သားပပျောက်ရေးအတွက် စံပြလုပ်ဆောင်ချက်အဖြစ် နယ်မြေနှစ်ခု၌ ရန်ကုန်တိုင်း ကလေးလုပ်သားပပျောက်ရေးကော်မတီမှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
"ရန်ကုန်တိုင်းဒေသကြီး ကလေးလုပ်သားပပျောက်ရေးကော်မတီဆိုတာရှိပါတယ်။ အဲ့ဒီမှာစာရင်းကောက် ယူ ရေးအဖွဲ့ဆိုတာရှိတယ်
ဒါကိုစံပြအနေနဲ့ နယ်မြေနှစ်ခုမှာစပီးကောက်ပါမယ်။ ကလေးလုပ်သား ဆိုတာကို အသက်အလိုက်ခွဲခြားထားပါတယ်။ ၁၄ နှစ်အောက်ဆိုရင် လုံးဝမလုပ်ရပါဘူး။ ၁၄ ကနေ ၁၆ ဆိုရင် တစ်နေ့လေးနာရီလုပ် လို့ရပါတယ်
ဒါကလည်း ဆရာဝန် ရဲ့အလုပ်လုပ်နိုင်တယ် ဆိုတဲ့ထောက် ခံချက်ပါရပါမယ်"ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်းကပြောသည်။
စံပြလုပ်ဆောင်ချက်အဖြစ် ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် ရွှေပြည်သာမြို့နယ် စသည့်နယ်မြေနှစ်ခုမှ စက်ရုံများတွင် ကလေးလုပ်သားစာရင်း ကောက်ယူမှုများကို စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ထို့ပြင်ကလေးလုပ်သားများ အလုပ်မလုပ်ရဟုရပ်ဆိုင်းလိုက်ပါက တဖက်တွင်လည်း စီးပွားရေး၊ ငွေရေးကြေးရေးအခက်အခဲများကြောင့် လုပ်ငန်းခွင်မလုပ်ရသည့်အတွက် လမ်းပေါ်ရောက်သွား၍ လမ်းဘေးဈေးသည်အဖြစ်၊ တောင်းရမ်းစားသောက်သူအဖြစ်သို့ ရောက်ရှိသွားသော ကလေးများရှိသည်။
ယင်းကဲ့သို့လုပ်ငန်းခွင် ရပ်ဆိုင်းသည်နှင့် အလုပ်အကိုင်မရှိသောကလေးငယ်များအား နောက်ဆက်တွဲကူညီပေးရန်အတွက်ပါ ထည့်သွင်းစဉ်းစားရန် ဦးကျော်ကျော်ထွန်းကဆက်ပြောသည်။
ကလေးလုပ်သားများတွင် လိင်ဖျော်ဖြေရေးလုပ်ငန်းမှာ အဆိုးရွားဆုံးဖြစ်ပြီး တရားဥပဒေအရကိုက်ညီမှုမရှိ အတင်းခိုင်းစေမှု၊ အုပ်စုဖွဲ့တောင်းရမ်းခိုင်းစေမှုတို့မှာ အဆိုးဆုံးလုပ်ငန်းများဖြစ်၍ အများစုမှာစိုက်ပျိုး ရေးလုပ်ငန်းများ၌လုပ်ကိုင်နေကြကြောင်းသိရသည်။
0Comments