Travel Sector Updates

ခွေးကိုက်ခံရသူများအားလုံးကို တိရိစ္ဆာန်ချစ်သူများအဖွဲ့က တာဝန်ယူကုသပေးမည်

missing
Photo - Pan Sint Aung

အဆိပ်ချရှင်းလင်းခြင်းကို ရပ်တန့်ပေးမည်ဆိုပါက လမ်းဘေးခွေးကိုက်ခံရသူများအားလုံးကို တိရိစ္ဆာန်ချစ်သူများအဖွဲ့ကတာဝန်ယူကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။

"ကျွန်မတို့ဘက်က လုပ်ပေးနိုင်တာလေးတွေကို လုပ်ပေးပါမယ်လို့ ကတိပေးပါတယ်။ တောင်းဆိုချက်လေးတွေကို လိုက်လျောပေးပါလို့တောင်းဆိုပါတယ်

ခွေးကိုက်ခံရတိုင်းလည်း ခွေးရူးမပြန်တတ်ပါဘူး။ ခွေးအများစုကဆေးထိုးထားကြမှာပါ။ ခွေးကိုက်ခံရရင် ဆေးမြီးတိုနဲ့ကုလို့ မေးခိုင်ပိုးဝင်တာတို့ဖြစ်တတ်ပါတယ်။ ကျွန်မတို့တာဝန်ယူကုသပေးပါမယ်

ကျွန်မတို့တောင်းဆိုချက်လေးတွေကို သက်ဆိုင်ရာကတာဝန်ရှိသူတွေက လိုက်လျောပေးပါလို့တောင်းဆိုပါတယ်။အဆိပ်ချတဲ့နည်းကိုရပ်ပြီး သားထိန်းတဲ့နည်းနဲ့သွားချင်ပါတယ်" ဟု အမေ့ရင်ခွင်ခွေးဂေဟာ ပိုင်ရှင်မှ ဒေါ်ဝေဝေမိုးကဇွန် ၁၅ရက်နေ့ လမ်းဘေးတိရိစ္ဆာန်လေးများကို အဆိပ်ချရှင်းလင်းခြင်းမှရပ်၍ အစာကျွေးကိုပိတ်ပင်တားဆီးသော ဥပဒေအားပြင်ဆင်ပေးရန်တောင်းဆိုခြင်းအခမ်းအနားပြောကြားခဲ့သည်။

လမ်းဘေးတိရိစ္ဆာန်လျော့ချရေး အဆိပ်ချရှင်းလင်းခြင်းအစား သားထိန်းခြင်းကိုဆောင်ရွက်ပေးမည်၊ သားထိန်းပြီးသားတိရိစ္ဆာန်များကို မေူလနေရာတွင်သာ ထားခွင့်ပေးရေး၊ ကိုက်တတ်သောခွေးသာ ဂေဟာပို့လုပ်ဆောင်မုှများကိုတိရိစ္ဆာန်ချစ်သူများအဖွဲ့ကတာဝန်ယူသွားမည်။

ထို့ပြင်အကိုက်ခံရသူများအား ဆေးကုသမှုတိရိစ္ဆာန်ချစ်သူများမှ တာဝန်ယူပြီး ဆာလောင်မှ်ုအန္တရာယ်ကြိုတင်ကာကွယ်ရန် စနစ်တကျ အစားကျွေးခွင့်ပေးရေး ၊ အဆိပ်ချရှင်းလင်းခြင်းကို ရပ်တန့်ပေးခြင်းတောင်းဆိုချက်များကို ဆက်လက်လုပ်ဆောင်ပေးရန် အစိုးရအဖွဲ့ထံသို့ တရားဝင်ခွင့်ပြုချက်ဖြင့် တိရိစ္ဆာန်ချစ်သူများပါဝင်သောအဖွဲ့အစည်းများမြို့နယ်အလိုက် ကွန်ယက်ချိတ်ဆက်၍ ဖွဲ့စည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

"အဆိပ်ချတဲ့ဥပဒေလည်းရှိပါတယ်။ ၁၉၉၀ကထုတ်တဲ့ ပိုးသတ်ဆေးဥပဒေ ဆိုတာရှိပါတယ်။  ခုစည်ပင်ကချတဲ့အဆိပ်ဟာ ဘယ်လိုအဆိပ်မျိုးလဲ ဘာအမျိုးအစားလဲ ဘယ်ဥပဒေရဲ့သတ်မှတ်ချက်နဲ့အညီ လုပ်ဆောင်နေလဲ။ ဥပဒေနဲ့ကိုက်ညီလား ဒါကအရေးကြီးပါတယ်။ အဆိပ်ချတဲ့နေရာမှာလည်းစောင့်ကြည့်ရပါတယ်။ အခြားသောအိမ်မွေးတိရိစ္ဆာန်လေးတွေကစားမိရင်လည်း သေဆုံးရပါတယ်။"ဟု တရားသူကြီး(ငြိမ်း) ဦးစိုးဝင်းက ပြောသည်။

အဆိပ်ချရှင်းလင်းခြင်းနှင့်ပတ်သက်၍ ဥပဒေနှင့် ညီမညီညှိနှိုင်းပြီး ဆောင်ရွက်စေရန်လည်း တာဝန်ရှိသူများအနေဖြင့် စဉ်းစားပေးစေလိုကြောင်းနှင့် အဆိပ်ချရှင်းလင်းခြင်းကို ရပ်တန့်ပေးစေလိုကြောင်း ၎င်းကဆက်ပြောသည်။ 

Pan Sint Aung is a journalist who worked for one year at News Week. And than she worked for more than 7 years at Myanmar Post Journal as Senior Journalist. She wrote many articles and news about all sector but subsequently she was write Business sector as main subject. Now she is working at My Magical Myanmar as a freelance writer ."

0Comments

Leave a Comments