Travel Sector Updates

ဂုဏ်ယူစရာ မြောက်များစွာ မြန်မာ “Pride of Myanmar 2018” ဟု အမည်ပေးထားရာ ဂုဏ်ယူဘွယ်ရာ မြန်မာ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၁၉ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ပြုလုပ်ကျင်းပမည်။

missing

ဇန်နဝါရီ(၂၁) ၂၀၁၉ - မြန်မာပြည်တစ်ဝှန်း စိတ်ဝင်စားစရာ နယ်ပယ်အများစု မှထူးချွန်သူများကို ပထမဆုံး အကြိမ်ရွေးချယ် ပေးအပ်သည့် “Pride of Myanmar” ဆုကို စတင်မိတ်ဆက်ပေးခဲ့သည့် ၂၀၁၈ အောက်တိုဘာလ ကတည်းပင် အများပြည်သူ၏ စိတ်ဝင်စားမှုကိုရရှိခဲ့ပြီး နောက်ဆုံးရလဒ်များကို ကြေညာမည့် ခမ်းနား ကြီးကျယ်သည့် စိတ်ဝင်စားဖွယ်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၁၉ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်

 

ယခုဆုပေးပွဲကို မြန်မာနိုင်ငံ၏ ကြော်ငြာနှင့် ပွဲစီစဉ်ရာ ထိပ်တန်းအေဂျင်စီများအနက် တစ်ခုဖြစ် သည့် Pastel Communications က စိတ်ကူးပုံဖော်ပြီး စီစဉ် ခြင်းဖြစ်ပါသည်။
 

ဆုများကို ရုပ်ရှင်မင်း သမီးနှင့် လူသားချင်းစာနာမှုလုပ်ငန်းများ လုပ်ကိုင်နေသူ ဒေါ်ဆွေဇင်ထိုက် ဦးဆောင်ပြီး အောင်မြင်ထင် ရှား၍ ဂုဏ်သိက္ခာရှိပုဂ္ဂိုလ်များပါဝင်သည့်Board of Governors အဖွဲ့က ကြီးကြပ်ကြည့်ရှုပေးသည်

 

“Pride of Myanmar ဆုပေးပွဲကြီး အခုအနေအထားထိ ရောက်လာတာ ကျွန်တော်အရမ်းကို ဝမ်းသာ မိပါတယ်။ ဒီပွဲကြီးကနေ မြန်မာကို နိုင်ငံတကာစင်မြင့်ထက်မှာ တောက်ပလာစေလိမ့်မယ်လို့လည်း ကျွန်တော်အခိုင်အမာယုံကြည်တယ်” ဟု Board of Governor အဖွဲ့ဝင်တစ်ယောက်ဖြစ်သည့် Smart Tech  အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ကျော်လှိုင်က ဆုပေးပွဲ၏အလားအလာနှင့်ပတ်သက်၍ ပြောသည်။
 

ကော်ဇောနီခင်းဆုချီးမြှင့်ပွဲ အခမ်းအနားကို ညနေ ၆ နာရီအချိန် ရန်ကုန် ပြည်လမ်းပေါ်ရှိ ပဲခူးကလပ်တွင် ပြည် တွင်းရှိ အောင်မြင်သော အနုပညာရှင်များ၏ စိတ်ဝင်စားဖွယ်ကောင်းသည့် ဖျော်ဖြေရေးအစီအစဉ် များ နှင့်ကျင်းပမှာဖြစ်ပြီး ထိုအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကလည်း အထူးဧည့်သည်တော် အနေဖြင့်တက်ရောက်မည် ဖြစ်သည်။
 

ဆန်ခါတင်စာရင်းနှင့် ဆုရသူများ၊  ပြင်ပစိစစ်ရေးအဖွဲ့ Deloitte ၏ ကြီးကြပ်မှုဖြင့် တင်းကြပ်သည့် အဆင့်သုံးဆင့်နှင့် အကဲဖြတ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
  ဆုရွေးချယ်ပုံ အဆင့်ဆင့်အရ Board of Governors များက နယ်ပယ်တစ်ခုစီမှ ဆန်ခါတင်စာရင်းထိပ်ဆုံး နှစ် ဦးမှ လေးဦး အထိရွေးချယ်ခဲ့ပြီး ထို စာရင်းကို မိတ်ဖက်မီဒီယာများဖြစ်သည့် မြန်မာတိုင်းမ်နှင့် Skynet တို့တွင်ကြေငြာခဲ့သည်။  

လက်ရှိတွင်အဆုံးအဖြတ်ပေးရာ ဖွဲ့က နယ်ပယ်တစ်ခုခြင်းစီရှိ ဆန်ခါတင် လေးဦးတို့အနက် အနိုင်ရရှိသူကို ရွေးချယ်ရန် ၅၀ ရာခိုင်နှုန်း မဲပေးရွေးချယ်ထားပြီး ထိုမဲများအား စိစစ်ရေးအဖွဲ့အတွင်း လျှို့ဝှက်ထိန်းသိမ်းထားပါသည်။ ကျန်၅၀ ရာခိုင်နှုန်းမဲကို အများပြည်သူက အွန်လိုင်း (ဝက်ဆိုဒ်နှင့် ဖေ့စ်ဘွတ်ပေါ်မှ ဆိုဒ်ငယ်) တို့မှ မဲ ပေးရွေးချယ်ခြင်းဖြစ်ပြီး စိစစ်ရေးအဖွဲ့က တွက်ချက်ပေးမည်ဖြစ်ပါသည်။
 

အွန်လိုင်းတွင်အများပြည်သူ မဲပေးနိုင်အောင် ၂၀၁၈ အောက်တိုဘာလ ၂၂ ရက်နေ့ကတည်းက စတင်ခဲ့ဖွင့်လှစ်ပေးခဲ့ပြီး ၂၀၁၉ ခုနှစ်ဇန်နဝါရီလ ၂၂ ရက်နေ့အထိနောက်ဆုံးဖွင့်ပေးထားပါသည်။
 

ဆုရွေးချယ်ပေးအပ်မည့် နယ်ပယ်ရှစ် ခုမှာ အနုပညာနှင့် စာပေကဏ္ဍ၊ လူမှုဆံဆက်ရေးနှင့် လူထုရေး ရာကဏ္ဍ၊ စီးပွားရေး စွန့်ဦး တီထွင်ဆန်းသစ်မှုကဏ္ဍ၊ ဖျော်ဖြေရေး၊ ဖက်ရှင်၊ အားကစား၊ ဘဝတသက် တာ အောင်မြင်မှုနှင့် လူမှုမီဒီယာတွင်တစ်နှစ်တာအတွင်းလွှမ်းမိုးထားနိုင်သူများ ဖြစ်သည်။
 

လက်ရှိ တွင်အများပြည်သူထံ ရောက်ရှိသည့်အရေအတွက်(penetration) မှာ ရှစ် သန်းကျော် (ဖေ့စ်ဘွတ်တွင်လူဦး ရေ ခုနှစ် သန်းကျော်နှင့်ပုံနိုပ်မီဒီယာတွင်၁ ဒဿမ ၄ သန်းကျော်) အထိရှိပြီဖြစ်သည်။
 

“Pride of Myanmar” ဆုသည် သက်ဆိုင်ရာ နယ်ပယ်အသီးသီး၌ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း ၎င်းတို့၏လုပ်ငန်းများမှတဆင့်ဖြစ်စေ၊ လုပ်ကိုင်ဖန်တီးဆောင်ရွက်ချက် များမှတစ်ဆင့်ဖြစ်စေ မြန်မာနိုင်ငံကို နိုင်ငံတကာစင်မြင့်သို့ ရောက်ရှိအောင် ခေါ်ဆောင်နိုင်သူ သို့မဟုတ် မြန်မာနိုင်ငံ၏လူမှုရေးဆိုင်ရာ၊ ယဉ်ကျေးမှုနှင့် စွန့်ဦးတီထွင်ရာ အနေအထားတို့အပေါ် အပေါင်း လက္ခဏာ ဆောင်သည့် အကျိုးသက်ရောက်မှုရှိသူများကို ဂုဏ်ယူ အသိအမှတ်ပြုသည့် အနေဖြင့် ချီး မြှင့်ခြင်း ဖြစ်ပါသည်။ အစိုးရအဖွ့ဲ့နှင့် ဆုပေးရေး အဆုံးအဖြတ် ဖွဲ့ဝင်များအားလုံးသည် ယခုအစီအစဉ်တွက် အခကြေး ငွေမယူသော ဂုဏ်သရေရှိ ဘက်မလိုက်သော အဖွဲ့ဝင်များ ဖြစ်ပါသည်။
 

‘Pride of Myanmar’ ဆုပေးပ ွဲအကြောင်း ‘Pride of Myanmar’ ဆုပေးပွဲသည်၂၀၁၈မှ စ,တင်ကာ အကြီးကျယ်ဆုံး နှင့်ဂုဏ်သတင်း အမွှေးဆုံး နှစ်စ ဆုပေးပွဲအဖြစ် ပေါ်ပေါက်လာရန်မျှော်မှန်း၍ စတင်ခဲ့ခြင်း ဖြစ်ပါသည်။

"

0Comments

Leave a Comments