ငပလီကမ်းခြေရေရှည်တည်တံရေးနှင့် သာယာလှပစေဖို့ရည်ရွယ်ချက်ဖြင့် စွန့်ပစ်ပလပ်စတစ်ပြန်လည်အသုံးပြုနိုင်စေမည့် စက်ရုံဖွင့်လှစ်
ိူူုူု စွန့်ပစ် ပလပ်စတစ်များနှင့်ပတ်သက်ပြီး ပြန်လည်သန့်စင်ပြီး
အသုံးပြုနိုင်မည့် စက်ရုံကို ငပလီကမ်းခြေဒေသတွင်း
ဇန်နဝါရီလ ၈ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
ငပလီကမ်းခြေသည် နိုင်ငံခြားသားခရီးသွားဧည့်သည်များအပြင်
ပြည်တွင်းခရီးသွားဧည့်သည် များပါ သွားရောက်အပန်းဖြေမှုများပြားလာသည့် ရခိုင်ပြည်နယ်၏
အဓိက ကမ်းခြေခရီးစဉ်ဒေသတစ်ခုဖြစ် သည်
သို့အတွက်ကြောင့် ငပလီကမ်းခြေ သာယာလှပပြီး
၊ သဘာဝအလှအပများ မပျက်စီးစေရေး ၊ အမှိုက်ကင်းစင်ရေး စသဖြင့် ကမ်းခြေရေရှည်တည်တံခိုင်မြဲရေးနှင့်
ဆက်စပ်နေသော ခရီးသွား ကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အထောက်အကူပြုစေရန်
ရည်ရွယ်ချက်ဖြင့် ပလပ်စတစ်ပြန်လည်သန့်စင်အသုံးပြုသောစက်ရုံကိုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်
အဆိုပါ စက်ရုံကို ရခိုင်ပြည်နယ်အစိုးရ လမ်းညွှန်မှုနှင့်အတူ
ဟိုတယ်ခရီးဝန်ကြီးဌာန၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရခိုင်ဇုန်) ၊ ဂျာမနီနိုင်ငံအခြေစိုက်
Stiftunglife Foundation တို့မှ ပူးပေါင်းကူ ညီမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
0Comments