Travel Sector Updates

ဇုန်ဝင်ကြေးများကို မြန်မာကျပ်ငွေဖြင့်သာကောက်ခံသင့်ဟု ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းအချို့မှအကြံပြု

missing
Photo - UMTA

 မြန်မာနိုင်ငံတွင်းရှိ ခရီးသွားလုပ်ငန်းဆိုင်ရာဇုန်ဝင်ကြေးများကို မြန်မာကျပ်ငွေဖြင့်သာကောက်ခံလျှင် မြန်မာ့ငွေကြေးတန်ဖိုးလည်း မြင့်တက်လာနိုင်ကြောင်း ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းအချို့က ဇန်နဝါရီလ ၉ ရက်နေ့တွင်ကျင်းပခဲ့သော ခရီးသွားလုပ်ငန်းနည်းဥပဒေမူကြမ်းဆွေးနွေးပွဲတွင် အကြံပြုပြောဆိုခဲ့ကြသည်

 

လက်ရှိ မြန်မာနိုင်ငံတွင် ဇုန်ဝင်ကြေးကောက်ခံခြင်းအား အမေရိကန်ဒေါ်လာဖြင့်ကောက်ခံသည့်နေရာများရှိသ လို မြန်မာကျပ်ငွေဖြင့်ကောက်ခံမှုများလည်းရှိသည်။

  ဇုန်ဝင်ကြေးကောက်ခံခြင်းနှင့်ပတ်သက်ပြီး ခရီးသွားဝန်ဆောင်မှုကုမ္ပဏီလုပ်ငန်းရှင်တစ်ဦးက “ မြန်မာငွေကိုပဲသုံးသင့်တယ်

မဟုတ်ရင် ဒေါ်လာဈေးတက်တာ ၊ ကျတာ ပေါ်မူတည်ပြီး နှုန်းတွေက မကြာခဏဆိုသလိုပြောင်းတယ်။ ဒီတော့ ခရီးသွားလုပ်ငန်းတွေအတွက်လည်း အခက်ခဲဖြစ်တယ်။ ကျွန်တော်တို့က ခရီးစဉ်တွေကိုကြိုရောင်းရတယ်။ဒီတော့ အနားနီးမှ ဇုန်ဝင်ကြေးကျပ်ပြောင်းတာတွေ ၊ ခဏခဏ မလုပ်ဖို့ဆိုရင် မြန်မာငွေကို တသတ်မတ်ထဲ ကောက်ခံတာအကောင်းဆုံးပဲ။ ဒေါ်လာတက်တက် ကျကျ ဂရုစိုက်စရာမလိုတော့ဘူး။မြန်မာငွေကြေးတန်ဖိုးလည်းမြင့်လာမယ် ၊ ဒေါ်လာဈေးဖောင်းပွတာလည်း လျော့စေမယ်လို့ ထင်တယ်”ဟု အကြံပြုပြောဆိုသည်။

  ထို့အတူ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဒုဥက္ကဌဦးအေးကျော်ကလည်း ဇုန်ဝင်ကြေးကောက် ခံမှု များ မကြာခဏပြောင်းလဲခြင်းသည် ဒေါ်လာဈေးဖောင်းပွခြင်းကိုဖြစ်စေနိုင်သည့်အ တွက် မြန်မာကျပ် ငွေကို သာ အသုံးပြုသင့်ကြောင်း ဇန်နဝါရီလ ၉ ရက်နေ့က ကျင်းပခဲ့သည့် ခရီးသွားလုပ်ငန်းနည်းဥပဒေ မူကြမ်းဆွေး နွေးပွဲတွင် ပြောဆိုခဲ့သည်။

  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပေဒကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဌာန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments