Travel Sector Updates

ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ပြီး တရားဝင် ကြေညာ

missing
Photo - 43rd session of World Heritage Committee

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့မှာ ကျင်းပနေတဲ့ (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ညီလာခံ ကနေ ၂၀၁၉ ဇူလိုင် (၆) ရက်နေ့ မြန်မာစံတော်ချိန် ၅း၄၅ အချိန်မှာ ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ပြီး တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်



ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရတဲ့ အချက် (၃)ချက် ကတော့ ကမ္ဘာ့အမွေအနှစ် စံနှုန်းသတ်မှတ်ချက် (၆) ခုထဲက စံနှုန်းသတ်မှတ်ချက် ၂၊ ၃ နှင့် ၄ တို့နဲ့ ကိုက်ညီမှုရှိတာကြောင့် သတ်မှတ်လိုက်တာပါ



အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၌ (၂၀၁၉)ခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့မှ ဇူလိုင်(၁၀) ရက်နေ့ အထိ ကျင်းပလျက်ရှိသည့် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)၏ (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံအစည်းအဝေးသို့ ယူနက်စကို ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ဇေယျ ဦးဆောင်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး ဌာနတို့မှ တာဝန်ရှိသူများ၊ ပုဂံကိုချစ်မြတ်နိုးသော အဖွဲ့များ၊ ပုဂ္ဂိုလ်များ၊ နှလုံးသားထဲကပုဂံဓာတ်ပုံ အနုပညာအဖွဲ့များကလည်း သွားရောက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ပူးပေါင်းကာ တက်ရောက်အားပေးခဲ့ကြသည်။ 

၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့၌ ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပခဲ့သော (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံအစည်းအဝေးမှ ပျူမြို့ဟောင်း (၃)မြို့ဖြစ်သော ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်းများအား မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရရာ ယခုပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသည် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။
Ref: 43rd session of World Heritage Committee, MCN News, MORAC

"

0Comments

Leave a Comments